facebook tracking image
IT Industry Shifts in 2021 and How Candidates Should Prepare
Career Advice

IT Industry Shifts in 2021 and How Candidates Should Prepare

​၂၀၂၁ ကာလအတွင်း IT Industry အပြောင်းအလဲများနှင့် Candidate တွေအနေနဲ့ ပြင်ဆင်ထားသင့်သည့် အကြံပြုချက်များ

၂၀၁၀ နောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့တာကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာခြင်း၊ နိုင်ငံတကာအာမခံလုပ်ငန်းများ ဝင်ရောက်လာခြင်း၊ Banking & Finance ဆိုင်ရာလုပ်ငန်းတွေ ဝင်ရောက်လာခြင်းနဲ့ လုပ်ငန်းခွင်ကြီးများတွင် Talented Professionals များ Demand များလာခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ Myanmar IT Industry မှာလည်း အလားတူပင် ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၅-၂၀၂၀ အတွင်းမှာဆိုရင် နိုင်ငံခြားရောက် IT Professional များလည်း မြန်မာပြည်သို့ Repatriates အနေဖြင့် ပြန်လာပြီး Corporate Business တွေ၊ Foreign Management လုပ်ငန်းခွင်တွေမှာ Senior IT Roles တွေ ဥပမာ - CIO/CTO, Head of IT, Solution Architect, IT Project Manager, Product Manager/Scrum Master, Business Analyst, Senior Developer စတဲ့ရာထူးတွေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ IT Industry ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီးတော့ တော်တော်လေးကို တိုးတက်ပြောင်းလဲနေတာကို တွေ့ရပါတယ်။ Internet Service ကောင်းမွန်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းများရဲ့ Technology အသုံးပြုမှုနဲ့လည်း တွင်တွင်ကျယ်ကျယ်ဖြစ်လာသလို Banking, Financial Services, Telecommunication စတဲ့ Industry တွေမှာ Digital Transformation Projects များကိုလည်း လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ သို့သော် လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ဒုတိယ၊ တတိယလှိုင်း၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်ခြင်းများကြောင့် Overseas Projects ကို လုပ်ဆောင်နေသောသူများ၊ Long-existed ဖြစ်တဲ့ လုပ်ငန်းများအနေဖြင့် ဆက်လက် ရပ်တည်နိုင်သော်လည်း တချို့ Start-up Company များ၊ Local Based Projects များ ဦးဆောင်နေသူများအနေဖြင့် ဆက်လက်ရပ်တည်ဖို့ Challenge တွေနဲ့ရင်ဆိုင်ရခြင်း၊ Internet Security ယုံကြည်မှုနည်းလာခြင်းကြောင့် တွေ့ကြုံရတဲ့အခက်အခဲများရှိကြောင်းလည်း တွေ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအိုင်တီလောကတွင် လုပ်ကိုင်နေကြသော အထူးသဖြင့် Mid to Senior IT Professionals များအတွက် လက်ရှိအချိန်မှာ အလုပ်အကိုင်ရှာဖွေခြင်းနှင့်ပတ်သက်ပြီး အနည်းငယ်အကြံပေးချင်ပါတယ်။

(၁) Don’t Quit Easily (လွယ်လွယ်လေးနဲ့အလုပ်မထွက်လိုက်ပါနဲ့)
ယခုချိန်မှာ သင်က IT Professional တစ်ယောက်အနေဖြင့် လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေသောသူ ဖြစ်နေနိုင်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ယခုလက်ရှိအလုပ်ကနေ အလုပ်ပြောင်းချင်တာမျိုး၊ အလုပ်နားလိုက်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ Motivation တစ်ခုကြောင့် ချက်ချင်းအလုပ်နားတာထက် မိမိအတွက် သေချာတဲ့နေရာတစ်ခုကို Secure ပြီးမှသာ ရှေ့ဆက်သွားချင်ပါတယ်။ လက်ရှိအခြေအနေအရ Recruitment နဲ့ အလုပ်ခေါ်တဲ့အပိုင်းမှာ အနည်းငယ်တည်ငြိမ်နေသောကြောင့် ဖြစ်ပါတယ်။ ဥပမာ - နိုင်ငံခြားသွားချင်လို့ အလုပ်ထွက်လိုက်တယ်ဆိုတာမျိုးထက်၊ ဘယ်နိုင်ငံမှာ ဘယ်အချိန်သွားဖို့ စီစဉ်ထားပြီးပြီဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှ အလုပ်ပြောင်းသင့်ပါတယ်။ မဟုတ်ရင် မလိုအပ်ဘဲ Employment Period က ထင်တာထက် ပိုကြံ့ကြာသွားနိုင်သောကြောင့် ဖြစ်ပါတယ်။

(၂) Listen (နားထောင်ပါ)
နားထောင်ပါ... သင့်ရဲ့ လုပ်ငန်း၊ ကုမ္ပဏီအတွင်းမှာသာမဟုတ်ဘဲ အခြားသောသူများရဲ့ စကားသံကိုလည်း နားထောင်ပါ။ ဥပမာ - မိမိနဲ့ industry အတူမှာ လုပ်နေတဲ့ သူတစ်ယောက်က LinkedIn မှာ Connect ဖြစ်ထားတယ်… ဒါပေမယ့် သိပ်ပြီးစကားမပြောဖြစ်တဲ့သူဖြစ်နေတယ်ဆိုရင် သူနဲ့ စကားပြောကြည့်ပါ... သူပြောတဲ့အရာတွေကိုလည်း နားထောင်ပါ။ သူတို့ဆီကနေ ချက်ချင်းအကူအညီရချင်မှရမယ်... ဒါပေမယ့် သူတို့ရဲ့ အတွေ့အကြုံတွေကနေ အများကြီး သင်ယူနိုင်ပြီး နောက်ပိုင်းမှာ ကိုယ့်အတွက် အကူအညီတစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ ကြားဖူးတဲ့စကားပုံတစ်ခုရှိတယ် "The world is giving you answers each day, learn to listen” (လောကက သင့်ဘဝအတွက် အဖြေကို နေ့တိုင်းပေးနေတယ်... နားထောင်တတ်ဖို့ သင်ယူပါ)... Leader တစ်ယောက်အနေနဲ့ မရှိမဖြစ် လိုအပ်တဲ့အရည်အချင်းတစ်ခုထဲမှာလည်း "နားထောင်ခြင်း" ဆိုတာ ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကပေးတဲ့အသံကို နားထောင်တတ်သောသူ ဖြစ်ဖို့လိုအပ်ပါတယ်။

(၃) Explore and Learn (စူးစမ်းလေ့လာပါ၊ သင်ယူပါ)
စူးစမ်းလေ့လာပါ... မိမိလုပ်ငန်းပြင်ပမှာ ဘယ်အရာတွေ ဖွံ့ဖြိုးတိုးတက်နေသလဲ၊ ဘာတွေပြောင်းလဲမှုရှိသလဲ၊ ဘာကြောင့်လဲ ဆိုတဲ့အချက်တွေ စူးစမ်းလေ့လာပါ။ ထိုအရာတွေက သင့်ရဲ့ Career Development အတွက် တစ်နည်းနည်းဖြင့် အကျိုးပြုပါလိမ့်မယ်။
သင်ယူပါ... COVID-19 လှိုင်းများရိုက်ခတ်တဲ့နောက်ပိုင်း အိမ်မှာ အလုပ်လုပ်ဖြစ်ကြတဲ့သူတွေလည်း များလာပါတယ်။ အချိန်ပိုမဟုတ်သည့်တိုင်အောင် အချိန်ကို ကိုယ်ပိုင်စီမံနိုင်တဲ့အချိန်ဖြစ်တဲ့အတွက် တစ်စုံတစ်ခု သင်ယူရန် မိမိရဲ့အချိန် (၁) နာရီ သတ်မှတ်ပါ။ ထိုအရာကလည်း သင့်ရဲ့ Interpersonal, Leadership, Communication ကဏ္ဍတစ်ခုခုအတွက် အကျိုးပြုပေးမှာ ဖြစ်ပါတယ်။

MyWorld Careers အနေနဲ့လည်း အခုလိုအကြပ်အတည်းကာလတွေမှာ IT Professionals များအတွက် သူတို့နဲ့ကိုက်ညီတဲ့ Job Opportunities တွေကို မိတ်ဆက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ Career Development နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက MyWorld Careers ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ လက်ရှိခေါ်ယူနေတဲ့ position တွေကိုတော့ https://www.myworld.com.mm/jobs/it-and-telecommunication/myanmar မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020