facebook tracking image
Job Searching During Challenging Times
Career Advice

Job Searching During Challenging Times

အကြပ်အတည်း ကာလများနှင့် အလုပ်အကိုင်ရှာဖွေရေး

အားလုံးသိကြတဲ့အတိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါကြီးကိုကျော်ဖြတ်လာကြတာ ၂ နှစ်ပြည့်လုနီးကာလထိရောက်လာပါပြီ။ ထို့အပြင် မြန်မာနိုင်ငံမှာလည်း အခြေအနေအမျိုးမျိုးကြောင့် Company အချို့လဲ နိုင်ငံကထွက်ခွာသွားတာတွေ၊ အသေးစားလုပ်ငန်းတချို့ ဆက်မလည်ပတ်နိုင်ဘဲ ပိတ်သိမ်းလာကြရတဲ့အတွက် ဝန်ထမ်းလျှော့ချတာတွေ၊ လစာလျှော့တာတွေ များလာပါတယ်။ ​

ဒီလိုကာလအတွင်း အလုပ်ရှာမယ်ဆိုရင်တော့ မိမိစိတ်ဝင်စားရာ အပြင် ဘယ်လို Industry တွေမှာအလုပ်တွေခေါ်နေလဲဆိုတာကို အရင်လေ့လာဖို့လိုအပ်ပါတယ်။ ထို့အပြင် မိမိတို့လက်ရှိအလုပ်မှာ လစာလျှော့သည်ဖြစ်စေ၊ အခက်အခဲ အနည်းအများရှိသည်ပဲဖြစ်စေ သည်းခံလုပ်ကိုင်ပီး တစ်ဖက် Company မှ ခန့်စာ (Offer Letter) လက်ထဲရမှသာ Resignation Process စတင်သင့်ပါတယ်။

​ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုနောက်ပိုင်းအားဖြင့် အလုပ်ရှာဖွေသူ ပမာဏမြင့်တက်လာပြီး အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်အရေအတွက် နည်းပါးလာပါတယ်။ ဒါ့ကြောင့် ယခင်က မိမိသတ်မှတ်ထားတဲ့ စံနှုန်းထက်အနည်းငယ် Flexible ဖြစ်ပြီး ကိုယ့်လက်ထဲရောက်လာတဲ့ အခွင့်အရေးတစ်ခုကို လက်မလွှတ်ရလေအောင် ညှိနှိုင်းဆောင်ရွက်ပါ။ မိမိကိုယ်တိုင်လည်း သင်ယူမှု၊ လေ့လာမှု အသစ်အသစ်တွေ့ပြုလုပ်ပြီး Market နဲ့အဆက်မပြတ် ဖြစ်အောင် လေ့လာပါ။ ​

အလုပ်သစ်တစ်ခုခေါ်ပြီဆိုတာနဲ့ အရင်ကာလထက် လျှောက်တဲ့သူဦးရေ များပြားလာတာမို့ ကိုယ်လျှောက်ထားတဲ့အလုပ် တစ်ဖက်ဆီ ရောက်မရောက် Follow Up လိုက်ကြည့်ပါ။ HR များမှာလည်း Review လုပ်ရတဲ့ Resume တွေများလွန်းတာ ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ကိုယ့် Resumeကို Missed Out ဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလုပ်တစ်ခု လျှောက်ထားပြီးပြီဆိုရင် Follow up လုပ်ဖို့ မမေ့ဖို့ အကြံပြုချင်ပါတယ်။

​ယခုကာလတွေမှာတော့ FMCG, Pharmaceutical, Agriculture and Agrochemicals, Telecommunications, Trading, Supply Chain and Logistics Industry စတဲ့ Industry တွေမှလည်း အလုပ်အကိုင်များခေါ်ယူလျက်ရှိပါတယ်။