facebook tracking image
Learning from Colleagues: A Path to Greater Success
Career Advice

Learning from Colleagues: A Path to Greater Success

ပိုမိုအောင်မြင်ထင်ပေါ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ လုပ်ဖော်ကိုင်ဖက်တွေဆီက ဘာတွေလေ့လာသင်ယူနိုင်မလဲ?

အရွယ်ရောက်ပီးသားလူသားတိုင်းရဲ့ နေ့ရက်တွေတိုင်းဟာ လုပ်ငန်းခွင်ထဲမှာပဲ ကုန်ဆုံးနေရပါတယ်။ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရင်း ဘဝအောင်မြင်မှုတက်လမ်းတွေ အတွက် ပညာဆက်လက်သင်ယူခြင်းဖြစ်စေ၊ အထက်လူကြီးတွေဆီမှတဆင့် အနီးကပ်သင်ယူရင်းဖြစ်စေ ကြိုးစားသင်ယူနေကျရပါတယ်။ အောင်မြင်ရေးလမ်းစတွေသင်ယူလို့အကောင်းဆုံးနေရာတွေထဲမှာ အလုပ်တွေလုပ်ရင်း လက်တွေ့လုပ်ဆောင်နေတဲ့အရာတွေကနေ ဘဝအတွက် အောင်မြင်ရေးနည်းလမ်းတွေရှာဖွေတွေ့နိုင်ပါတယ်။ အဲ့လိုနည်းလမ်းတွေထဲက အချို့သောအချက်လေးတွေကို အားလုံးလည်း အသုံးချနိုင်မယ်လို့မျှော်လင့်ရင်း ဖော်ပြလိုက်ပါတယ်။

Communication Skill (လူအများနဲ့ပြောဆိုဆက်ဆံခြင်း)
ဘဝမှာအောင်မြင်ဖို့ဆိုတာ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ လူအများနဲ့ဆက်ဆံပြောဆိုလုပ်ကိုင်နေရတဲ့ လောကကြီးမှာ ကိုယ်ကျွမ်းကျင်ရာ ပိုင်နိုင်ရာတွေကို ဘယ်လိုရှူထောင့်မျိုးကနေတဖက်လူ လက်ခံလာနိုင်အောင် ဘယ်လောက်ထိ တင်ပြပြောဆိုနိုင်လဲဆိုတာဟာ အောင်မြင်မှုလမ်းကြောင်းအတွက် အဓိကလိုအပ်တဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကို မိမိရဲ့လုပ်ငန်းခွင်မှာရှိတဲ့ မိမိထက်ဝါရင့်တဲ့အထက်လူကြီးထံမှဖြစ်စေ၊ မိမိလက်အောက်ငယ်သားထံမှ ဖြစ်စေ သူတို့တွေရဲ့နေ့စဉ် လုပ်ငန်းပိုင်ဆိုငိရာဆွေးနွေးမှုတွေမှာ ဘယ်လိုပြောဆိုသွားလဲ၊ ဘယ်လိုညှိနှိုုင်းသွားလဲဆိုတာကနေတဆင့် အများကြီးလေ့လာနိုင်ပါတယ်။

Positive Attitude (အကောင်းမြင်စိတ်ထားရှိခြင်း)  
ဘဝမှာအောင်မြင်လျက်ရှိတဲ့လူတွေကိုလေ့လာကြည့်မယ်ဆိုရင် ဘယ်အရာကိုမဆို အကောင်းမြင်စိတ်ရှိကျတာကိုတွေ့ရမှာပါ။လုပ်ငန်းခွင်အတွင်း မိမိအနားမှာရှိတဲ့ လူတွေဆီကနေတဆင့် အခြေအနေအရပ်ရပ်အပေါ် သူတို့ဘယ်လိုအကောင်းတွေးပြီး လုပ်ငန်းတွေကိုကိုင်တွယ်ဖြေရှင်းသွားလဲဆိုတာတွေကို လွတ်လွတ်လပ်လပ်ကြီး စိတ်ကြိုက် လေ့လာခွင့်ရမှာဖြစ်ပါတယ်။

Confidence (မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း)
မိမိယုံကြည်ရာ၊ မိမိထင်မြင်ယူဆချက်တွေကို လက်တွေ့အသုံးချ လူအများရှေ့ဖော်ပြတဲ့အခါ လူတွေကို ယုံကြည်မှုရှိရှိနဲ့ ဖော်ပြလုပ်ဆောင်ပြဖို့လိုအပ်ပါတယ်။ ဒီလိုမိမိကိုယ်ကိုယုံကြည်မှုတွေကို လုပ်ငန်းခွင်အတွင်းအောင်မြင်ပြီး လူအများကလက်ခံလေးစားရတဲ့ လူတွေကနေတဆင့် မိမိဘဝပိုမိုအောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ လေ့လာသင်ယူနိုင်ပါသေးတယ်။ Senior တွေရဲ့ အတွေ့အကြုံတွေ ၊ Team member တွေရဲ့ အခက်အခဲတွေကို သူတို့ဘယ်လို ယုံကြည်ချက်ရှိရှိ ရင်ဆိုင်ဖြေရှင်းလဲဆိုတာတွေကို ဘေးကနေကြည့်ရင်း မိမိကိုယ်တိုင်လဲ ထိုယုံကြည်ချက်တွေကို မွေးမြူလို့ရပါတယ်။

Accountability (တာဝန်ခံမှု/တာဝန်ယူမှုရှိခြင်း)
အောင်မြင်သူများရဲ့နောက်ထပ်အဓိကသော့ချက်ကတော့ မိမိလုပ်ဆောင်မှုအပေါ် အပြည့်အဝတာဝန်ယူမှုပဲဖြစ်ပါတယ်။ ဒီအရာဟာလူတိုငိးဆီမှာတွေ့ဖို့မလွယ်သလို ရှိတဲ့လူတိုင်းဟာလည်း သိပ်ကိုတန်ဖိုးရှိတဲ့လူတွေဖြစ်ပါတယ်။ ကိစ္စတခုခုအပေါ်တာဝန်ခံမှုကိုတော့ မိမိလုပ်ငန်းခွင်အတွင်း သေချာလေ့လာရှာဖွေမယ်ဆိုရင် တကယ်အကျိုးရှိမယ့်အရာဖြစ်လို့ တကယ်လေ့လာပြီး အသုံးတကယ်ချသင့်ပါတယ်။

Ethical Behavior (ကိုယ်ကျင့်တရား ပြည့်ဝခြင်း)
နောက်ဆုံးဖော်ပြပေးချင်တဲ့အချက်ကတော့ နောက်ဆုံးဆိုပေသည့် အင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ကိုယ်ကျင့်တရားမကောင်းသူတွေဟာ လောကမှာကြာကြာမအောင်မြင် မထင်ပေါ်နိုင်ပါဘူး။  သည့်အတွက်ကြောငိ့ မိမိပတ်ဝန်းကျင် အထူးသဖြငိ့ နေ့ရက်အချိန်တွေ တော်တော်များများကုန်ဆုံးနေရတဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာ စောင့်ထိန်းသင့်တဲ့အရာ ဆောင်ရန်၊ရှောင်ရန်တွေကို လူတစ်ဦးတစ်ယောက်ချင်းဆီကနေ အများကြီးလေ့လာနိုင်ပါတယ်။

ဘဝမှာ အောင်မြင်ဖို့အတွက် ပညာရပ်များကို ငွေကုန်ကြေးကျခံသင်ယူရသလို ငွေကြေးပေးပြီး သင်ယူလို့မရတဲ့ ပညာရပ်တွေကိုတော့ လုပ်ငန်းခွင်အတွင်းကနေ သင်ယူလို့ရတယ်ဆိုတာကို

အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။ တယောက်ချင်းဆီတိုင်းအတွက် တစ်ခုခုအသုံးတည့်စေမယ်လို့ မျှော်လင့်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020