facebook tracking image
Qualities Employers Commonly Appreciate
Career Advice

Qualities Employers Commonly Appreciate

လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အလုပ်ရှင်တွေရဲ့ Favorite ဆိုတဲ့သူတွေကို ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးပါလိမ့်မယ်။ သူတို့မှာလည်း အဲဒီလို Favorite ဖြစ်ရတဲ့အကြောင်းပြချက်တွေ ကိုယ်စီ ရှိကြပါလိမ့်မယ်။ ဒီလိုမတူညီတဲ့ အကြောင်းရင်းတွေထဲကမှ အများစုမှာတွေ့ရလေ့ရှိတဲ့ အရည်အချင်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

Personality
ဒါဟာ လူတိုင်းအတွက် ဘယ်အလုပ်မှာမဆို စကားပြောတဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ Personality ကောင်းတယ်ဆိုတဲ့သူတွေဟာ သူတို့ရဲ့ Life ကို ကျေနပ်လက်ခံပြီး ကိစ္စတိုင်းကို Balance ဖြစ်အောင် နေထိုင်ပြုမှုတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို အရမ်းတော်တယ်၊ အရမ်းညံ့တယ်လို့ထင်တတ်ကြတဲ့ အစွန်းနှစ်ဖက်ကနေလွတ်မြောက်တဲ့သူတွေဖြစ်ကြပါတယ်။ လူချစ်၊ လူခင်များပြီး အလုပ်ကို စေတနာပါပါလုပ်လေ့ရှိတဲ့အတွက် အလုပ်ရှင်တွေက သဘောကျကြပါတယ်။ 

Professionalism
သူက ‘Professional’ ဆန်တယ်၊ သူကတော့ လုံးဝ ‘Professional’ မဆန်ဘူး စသဖြင့် လူတွေပြောဆိုတာ ကြားဖူးကြပါလိမ့်မယ်။ လုပ်ငန်းကျွမ်းကျင်မှုအပြင် ကိုယ်လုပ်တဲ့အလုပ်အပေါ်တာဝန်ယူတတ်တဲ့စိတ်ကလည်း Professional ဆန်တာပါပဲ။ တစ်နည်းပြောရရင် ကိုယ်လုပ်လိုက်တဲ့အမှားတစ်ခုပေါ် တာဝန်ယူ ဖြေရှင်းရဲတာမျိုး၊ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် Personal အရမဟုတ်ပဲ Performance ကိုကြည့်ပြီး အကဲဖြတ်တာမျိုး၊ Company ကချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာတတ်တာမျိုးတွေကလည်း Professional ဆန်တာပါပဲ။ ဒီလိုလူမျိုးတွေကို ဘာကြောင့်အလုပ်ရှင််တွေသဘောကျသလဲဆိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ 

Common Sense
ပြဿနာအသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ်ကြုံလာတဲ့အခါ ဘယ်လောက်ထိကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတဲ့အခြေအနေက ဒီအရည်အသွေးပေါ်မှာ တော်တော်လေးမူတည်ပါတယ်။ ဒါဟာ သင်ယူလို့မရနိုင်တဲ့ အရည်အသွေးလို့ပြောကြပါတယ်။ မဟုတ်ပါဘူး။ သင်ယူလို့မရပေမယ့် လေ့့ကျင့်ယူလို့ရပါတယ်။ ဆက်စပ်တွေးခေါ်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့အလေ့အထရယ်၊ စာဖတ်ခြင်းရယ်ကြောင့် ဒီအရည်အသွေးတွေ တိုးတက်လာနိုင်ပါတယ်။ အလုပ်ရှင်တွေက သူတို့ခေါင်းကိုက်ရမယ့် ပြဿနာတော်တော်များများကို ဒီလိုလူမျိုးတွေက အေးအေးဆေးဆေး ဖြေရှင်းနိုင်ကြလို့ သူတို့သဘောကျကြပါတယ်။ 

Creativity
ကျွန်တော်/ကျွန်မတို့အလုပ်က Design လုပ်ငန်းမှမဟုတ်တာ ဒါလိုအပ်လို့လား လို့ တွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တော့ ဒီအရည်အချင်းဟာ အလုပ်မရွေး၊ အချိန်နေရာမရွေး လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဥပမာ၊ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်ချစ်သူရည်းစားကို Creative ဖြစ်တဲ့ Anniversary အထိမ်းအမှတ်မျိုး၊ Creative ဖြစ်တဲ့ လက်ဆောင်မျိုးစီစဉ်ပေးတာကို ဘယ်သူမဆို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီလိုပဲအလုပ်ရှင်တွေကလည်း သူတို့အလုပ်မှာ သမာရိုးကျလက်ရှိအတွေးအမြင်ထက် စာရင် သူများနဲ့မတူတဲ့ Idea အသစ်အဆန်းတွေရှိတဲ့သူတွေကို ပိုသဘောကျကြပါတယ်။ လက်ရှိခေတ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေဆီကလိုမဟုတ်တော့ပဲ လူတွေရဲ့အတွေးအခေါ်တွေက အကောင်းမြင်တဲ့ဘက်ကို ပိုပြီးပြောင်းလဲလာကြပါတယ်။ သူက တော်တယ်ဆိုရင် သူ့လို တော်အောင် ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားလာတတ်ကြပါတယ်။ 

အထက်က အချက်တွေကို ဖတ်ပြီး ကိုယ့်မှာလိုအပ်နေတဲ့ အရည်အချင်းတွေကို ပြင်ဆင်လေ့ကျင့်နိုင်မယ်ဆိုရင် အလုပ်ရှင်သာမက လူတိုင်းက သဘောကျ နှစ်သက်တဲ့သူ ဖြစ်လာမှာ အသေအချာပါပဲ။