facebook tracking image
Random Short Notes About the Workplace
Career Advice

Random Short Notes About the Workplace

လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ရောက်မိရောက်ရာစာတိုလေးများ 

အလုပ်အကိုင်အခွင့်အလမ်း
ယခုခေတ် ၂၁ရာစုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း အရင်ကထက်ပိုမိုပွင့်လင်းလာသလို စျေးကွက်ထဲမှာလည်း အလွန် Competitive ဖြစ်လာတာလေးတွေတွေ့ရတယ်။ ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီတော်တော်များများကလည်း ၂၀၁၃ - ၂၀၁၄လောက်ကနေ အခုထိ တစစဝင်ရောက်လာဆဲပါ။ အဲဒီတော့ လူတိုင်းတော်တော်များများက “ဟာဟိုကုမ္ပဏီတော့ အင်တာဗျူးခေါ်နေပြီ ငါသွားဖြေမှပဲ... ဒီကလူတွေခေါ်နေပြီကြားတယ် ငါ့ CV လေးတင်ထားမှပဲ” ဆိုတဲ့သူတွေ ဒုနဲ့ဒေးပါ။
ကိုယ့်ဘက်က ငါ CV လေးပို့ပေးထားတာဘဲ အဆင်ပြေရင်ခေါ်မှာပေါ့ ဆိုတဲ့အတွေးနဲ့ ကိုယ့် Profile ကိုဘယ်တော့မှတခြားသူဆီမပေးပါနဲ။့ ကိုယ်အမှန်တကယ် ဒီကုမ္ပဏီကိုစိတ်ဝင်စားရင် ဒီကုမ္ပဏီကပေးတဲ့ဝန်ဆောင်မှု၊ သူ့ရဲ့နောက်လာမယ့် Project လေးတွေကိုတော့ သေချာလေ့လာထားသင့်ပါတယ်။ ပြီးမှ အင်တာဗျူးဝင်ဖို့စဉ်းစားပါ။

ဘာသာစကားအရေးပါပုံ
နောက်တစ်ခုက ဘာသာစကားပါ။ အခုလက်ရှိ Management Level ရောက်နေတဲ့သူတော်တော်များများကို ကြည့်ကြည့်ပါ။ အများစုက English လို သေချာပြောနိုင်နေတဲ့သူတွေပါပဲ။ အဲ့လိုမျိုး ပြောဆိုနိုင်မှပဲ နိုင်ငံခြားကုမ္ပဏီတွေနဲ့ဆက်သွယ်တဲ့အခါ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ်ကတော့ရာထူးမတိုးသေးဘူး ကိုယ့်နောက်မှဝင်တဲ့နောက်လူတွေ ရာထူးတိုးသွားတယ်ဆိုပြီး စိတ်မသက်သာရတဲ့သူတွေ ဒုနဲ့ဒေးပါ။ ပြီးတော့ ရာထူးချင်းတူရင်တောင် English လိုပြောတတ်တဲ့သူကလစာကွာပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကရာထူးတက်ချင်ရင် ကိုယ့်ကိုကိုယ်အရင်ပညာပြည့်ဝအောင် ကြိုတင်ပြင်ဆင်ထားစေလိုပါတယ်။  

LinkedIn အရေးပါပုံ
အခုခေတ် လူကြီးလူငယ်မရွေး Facebook သုံးတယ်၊ Instragram သုံးတယ်၊ အခုနောက်ပိုင်း Tiktok လေးပါသုံးလိုက်သေးတယ်။ ဟုတ်ပြီ အင်တာနက်က Social Application ပေါင်းများစွာတော့သုံးတတ်တယ်။ ဘာလို့ LinkedIn ကြတောYမသုံးချင်ကြတာလဲ? Social Media မှာ Like များဖို့ထက် LinkedIn မှာ Active ဖြစ်ရင်ကို ကိုယ့်အတွက်လေ့လာစရာတစ်ပုံတစ်ပင်ကြီးပါ။ LinkedIn ကို ကိုယ်အားတဲ့အချိန်လေးခဏပေးပြီး သေချာလေးဖြည့်ကြည့်ပါ။ ကိုယ့်အတွက် အကျိုးမယုတ်စေရပါဘူး။

Recruitment Agency တွေကို CV ပေးထားတယ်... ဒါပေမယ့် ဘာအင်တာဗျူးမှမဝင်ရဘူး။
ဟုတ်ပါတယ်။ အထူးသဖြင့် ညီမတို့ဆိုရင် တစ်နေ့ကို CV ပေါင်းရာနဲ့ချီဝင်ပါတယ်။ အဲ့ဒီထဲကမှ Client ဘက်ကလိုချင်တဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့သူကိုပဲ ညီမတို့ဆက်သွယ်ပါတယ်။ သို့သော်လည်း CV ကို Client ဆီမပို့ပေးခင်မှာ Agency ကသက်ဆိုင်ရာ Consultant တွေက Screening သေချာလုပ်ရပါတယ်။ Screening လုပ်တိုင်းလည်း English လိုမေးရပါတယ်။ အဲ့လိုမေးတိုင်း တချို့သူတွေက မကြိုက်ကြပါဘူး။ တစ်ခါတစ်လေ အင်္ဂလိပ်လိုမေးတော့မှ ဖုန်းချပစ်တာတွေအထိကြုံတွေ့ရပါတယ်။ တကယ်တော့ Well Trained လုပ်ထားတဲ့ Consultant တွေမို့လို့ သေချာတိတိကျကျမေးပါတယ်။ အဲ့လိုမေးတာကို မကြိုက်ဘဲဖုန်းချ လိုက်တဲ့သူတွေရှိရင်တော့ ညီမတို့လည်းမကူညီနိုင်ပါဘူးပေါ့နော်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020