facebook tracking image
The Role of Professional Certificates in Your Career Path
Career Advice

The Role of Professional Certificates in Your Career Path

Career လမ်းကြောင်းအတွက် Professional Certificate တွေရဲ့ အခန်းကဏ္ဍ

၂၁ ရာစုမှာ ဝန်ထမ်းရှာတဲ့အခါဖြစ်ဖြစ်၊ အလုပ်လျှောက်တဲအခါပဲဖြစ်ဖြစ်တချို့သောအလုပ်အကိုင်ရာထူးတွေမှာ မဖြစ်မနေ ရှိထားရမယ့် သက်ဆိုင်ရာ Certificate နဲ့ Education Degree တွေလိုအပ်ပါတယ်။

ဥပမာပြောပြရရင် Training role တွေအတွက် Train the Trainer လက်မှတ်မျိုး၊ Accounting နဲ့ Finance role တွေအတွက် CPA, ACCA လက်မှတ်မျိုးတွေ လိုအပ်ပါတယ်။

Candidate တွေအနေနဲ့ မိမိရဲ့ Career အတွက် ဘယ်လို Certificate နဲ့ Degree တွေကအရေးကြီးတယ်၊ ရှိထားသင့်တယ်၊ ဒါမှမဟုတ် မဖြစ်မနေရှိကိုရှိထားရမယ် ဆိုတာတွေကို သိထားဖို့လိုအပ်ပါတယ်။

Vacancy တခုကိုသိရပြီဆိုလျှင်လည်း Special Requirements အနေနဲ့ တောင်းထားတဲ့ Certificate တွေရှိမရှိကို သေချာသိဖို့လုပ်ဖို့လိုအပ်သလို၊ ဘယ်ကျောင်းက ဖြစ်ဖို့လိုမယ်၊ ဘယ်အပိုင်းကို လေ့လာထားဖို့လိုမယ် အစရှိတဲ့အရာတွေကိုပါ သေချာသိဖို့ လိုအပ်ပါတယ်။

အခုလိုအကြံပေးရတယ်ဆိုတာဟာ Recruiter တယောက်အနေနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ အတွေ့အကြုံအပေါ်မှာမူတည်ပြီး ပြောပြရခြင်းပဲဖြစ်ပါတယ်။ အလုပ်တခုမှာ အတွေ့အကြုံကသာလျှင် အဓိကဖြစ်တယ်ဆိုတာမှန်ပေမယ့် တချို့ရာထူးတွေအတွက် အထက်က ဖော်ပြထားသလို Education Certificate တွေရှိဖို့ လိုကိုလိုအပ်ပါတယ်။

Employer တွေအနေနဲ့ မိမိတို့လိုအပ်တဲ့ Certificate တွေကို CV Screening နဲ့ Interview Steps တွေမှာ သေချာစိစစ်ဖို့ လိုအပ်သလို၊ Candidate တွေအနေနဲ့လဲ Certificate တွေ တင်ပြတဲ့အခါမှာ Certificate title၊ ရရှိခဲ့တဲ့ ကျောင်း၊ Batch number / Year အစရှိတဲ့ အရာတွေကိုပါ သေသေချာချာ တင်ပြပေးဖို့ လိုအပ်ပါတယ်။

မိမိရွေးချယ်ထားတဲ့ Career လမ်းကြောင်းအတွက် မိမိကိုယ်ကို invest လုပ်ရမယ့်အရာတွေကို အမြဲနားစွင့်ထားပါ။ Industry Update တွေအမြဲလေ့လာပါ။ Recruiter ဒါမှမဟုတ် Senior တယောက်ယောက်ရဲ့ လမ်းညွှန်မှုကို အမြဲလက်ခံပေးပါ။ အားလပ်ချိန်တွေမှာ ကိုယ်လုပ်နေတဲ့အပိုင်းနဲ့ သက်ဆိုင်တဲ့ အသစ်အသစ်သော အကြောင်းအရာတွေ၊ Course တွေကနေ learning လုပ်နေခြင်းက Career Advancement အတွက် တကယ်ကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020