facebook tracking image
What It Takes to Stay Happy at Work Every Day
Workplace Etiquettes

What It Takes to Stay Happy at Work Every Day

နေ့စဉ်လုပ်ငန်းခွင်အတွင်း အမြဲပျော်နေစေဖို့ ဘာတွေလိုအပ်သလဲ?

လူတိုင်းလူတိုင်းဟာ နေ့စဉ်ရှင်သန်နေရတဲ့ဘဝမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အောင်မြင်မှု၊ ကျရှုံးမှုတို့နှင့်အတူ ဖြတ်သန်းနေမှာအသေချာပါပဲ… အဲဒီလိုမကောင်းတဲ့စိတ်ခံစားမှု Emotion, Feeling တွေကို တစ်စိတ်တစ်ဒေသလျော့နည်းစေပြီး လုပ်ငန်းခွင်တွင်ပျော်ရွှင်စေဖို့အတွက် တချို့သောနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကောင်းမွန်သောမနက်ခင်းတစ်ခုကို ကြည်လင်စိတ်လေးနဲ့စတင်ပါ။
အလုပ်ခွင်တံခါးဝသို့ရောက်ပြီဆိုတာနဲ့ ပျော်ရွှင်ခဲ့သည်ဖြစ်စေ၊ ဝမ်းနည်းခဲ့သည်ဖြစ်စေ၊ ဒေါသဖြစ်စရာများရှိသည်ဖြစ်စေ တံခါးအပြင်ဘက်တွင်ချန်ထားခဲ့ပြီး၊ ရုုံးတွင်းကိုုဝင်လာပြီဆုုိတာနဲ့ ကြည်လင်ကောင်းမွန်သောစိတ်တစ်ခုအဖြစ်ပြောင်းလဲကာ ခြေလှမ်းများကိုစတင်ပါ။ 

၂။ မိမိကိုယ်ကိုယုံကြည်မှုရှိပါ။
မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ဟာလည်း အရေးကြီးပါတယ်။ မိမိကိုယ်ကိုယုံကြည်နေမှသာလျှင် မည်သည့်အလုပ်မဆိုရဲရဲဝံ့ဝံ့ဦးဆောင်လုပ်ကိုင်နိုင်ခြင်းဖြင့် ကောင်းမွန်သော Result များရရှိနိုင်ပြီး ဆက်လက်လုပ်ဆောင်ရန်အတွက် ခွန်အားများဖြစ်စေကာ အလုပ်လုပ်ဆောင်ရာတွင် ပျော်ရွှင်တက်ကြွစေမှာပါ။

၃။ Colleagues အချင်းချင်းရိုင်းပင်းကူညီပါ။
လုပ်ဖော်ကိုင်ဖက်အချင်းချင်းရိုင်းပင်းကူညီမှုရှိရန်လဲလိုအပ်ပါတယ်။ Internal Communication ကောင်းမွန်မှသာလျှင် လုပ်ငန်းဆောင်ရွက်ရာတွင် Productivity တိုးတက်လာနိုင်ပြီး မိမိအလုပ်များ ပိုမိုပြီးမြောက်စေနိုင်ပါတယ်။ ထို့အတူ တစ်ယောက်အခက်အခဲများကို တစ်ယောက်ကူညီခြင်းအားဖြင့် အချင်းချင်းပိုမိုရင်းနှီး၍ ပျော်ရွှင်စရာကောင်းသော အလုပ်ခွင်ဖြစ်စေကာ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို မိတ်ဆွေကောင်းများစွာလဲ ရရှိလာနိုင်ပါတယ်။

၄။ Working Space ကိုသန့်ရှင်းအောင်ထားပါ။
လုပ်ငန်းခွင်သည် မိမိရဲ့ Second Home ဆိုရင်လဲမမှားပါဘူး။ တစ်နေ့တာရဲ့သုံးပုံနှစ်ပုံဟာ အလုပ်လုပ်နေသူများအဖို့ ဒီနေရာလေးမှာပဲကုန်ဆုံးကြရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေရာလေးကို သန့်ရှင်းသပ်ရပ်စွာထားရှိပြီး ကောင်းမွန်သောအသွင်ဖြင့် လှပသောနေရာလေးတစ်ခုအဖြစ်ဖန်တီးကာ ပျော်ရွှင်စရာနေရာလေးအဖြစ်ထားရှိပါ။ ဥပမာ - မျက်စိအေးစေရန် အစိမ်းရောင်အပင်ငယ်လေးများ၊ ကိုယ့်အတွက်မြင်ရရင်ပျော်နေစေမယ့် အမှတ်တရပစ္စည်းလေးများ၊၊ နေ့ခင်းနေ့လည်မုန့်စားတတ်သူများဆိုရင်တော့ Drawer ထဲမှာ မုန့်အပြည့်မြင်နေရတာလဲ ဒါတွေဟာ သူတို့အတွက်ပျော်စရာတစ်ခုပါပဲ။

၅။ ယနေ့အလုပ် ယနေ့ပြီးမြောက်အောင်လုပ်ဆောင်ပါ။
တစ်နေ့တာလုပ်ဆောင်စရာရှိသည်များကို တစ်ရက်ကြိုတင်ပြင်ဆင်၍ တစ်နေ့တာအတွက်ပြီးပြတ်အောင် လုပ်ဆောင်ခြင်းအားဖြင့်လည်း အလုပ်ကြွေးကင်းကာ Stress လျော့နည်းစေပြီး အလုပ်လုပ်ဆောင်ရာတွင်လည်း ပိုမိုအောင်မြင်ပျော်ရွှင်မှုရရှိနိုင်မှာပါ။

၆။ Activities များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်စရာများဖန်တီးပါ။
Pay Day (သို့မဟုတ်) Friday Night များတွင် Colleague များနှင့် အပြင်ထွက်လည်ခြင်း၊ မုန့်စားခြင်း၊ Activities များပူးပေါင်းလုပ်ဆောင်ရွက်ခြင်း၊ ရယ်မောပျော်ရွှင်စရာများဝေငှခြင်းတို့ဖြင့် တစ်ပတ်တာပင်ပန်းနွမ်းနယ်မှုများကိုဖြေဖျောက်ကာ ပျော်စရာကောင်းသောအချိန်လေးများဖြင့် တစ်ပတ်တာပင်ပန်းနွမ်းနယ်မှုကို ကုန်ဆုံးစေလိုက်ပါ။

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016