facebook tracking image
What Should You Prepare for After Taking a Career Break?
Career Advice

What Should You Prepare for After Taking a Career Break?

​Career Break ယူပြီးနောက်ပိုင်းမှာ ဘာတွေပြင်ဆင်သင့်မလဲ

အခုလို Crisis ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် Career Break ယူလိုက်ကြရတဲ့သူတွေတော်တော်များများရှိလာကြပါတယ်။ အထူးသဖြင့် မိဘအကြီးအကဲကိုစောင့်ရှောက်ရတာ၊ ကလေးမီးဖွားတာကြောင့် ဂရုတစိုက်အချိန်ပေးဖို့နားလိုက်ရတာ၊ ကျန်းမာရေးကြောင့် ဒါမှမဟုတ် ကိုယ့်စိတ်ဝင်စားတဲ့အရာတခုခုကို အကောင်အထည်ဖော်ဖို့ အချိန်ပေးလိုက်ရတဲ့အခါ ကိုယ့်လုပ်နေတဲ့ Permanent အလုပ်တခုနားလိုက်ရတာရှိပါတယ်။ အဲ့ဒီနောက်ပိုင်းမှာအလုပ်ပြန်ဝင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အသုံးဝင်နိုင်မယ့်အချက်လေးတွေမျှဝေပေးလိုက်ပါတယ်။ ​

၁။ အကြောင်းတခုခုကြောင့် Career Break မယူခင် သေချာစဉ်းစားပါ။  

ကိုယ်သွားနေတဲ့ Career ကိုလုံးဝရပ်လိုက်ပြီး တခြားလမ်းကြောင်းကိုပြောင်းလျှောက်တော့မှာလား ဒါမှမဟုတ် ခဏလောက်နာပြီးးကိုယ်လုပ်နေတဲ့လမ်းကြောင်းပေါ်ကိုပဲ ပြန်လျှောက်မှာလားဆိုတာကို အရင်စဉ်းစားထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှပဲ Career Break ယူနေတုန်း ကိုယ့်အတွက်ဘာတွေပြင်ဆင်သင့်လဲဆိုတာကိုသိမှာပါ။ Pros & Cons ဆိုတာနေရာတိုင်း အချိန်တိုင်းမှာရှိနိုင်တဲ့ Be prepared yourself for next ပါ။  ​

၂။ အလုပ်သစ်အတွက် အလျင်စလိုမလုပ်ပါနဲ့။

ကိုယ်နားနေတဲ့အချိန်အတွင်းမှာ Industry ထဲမှာပြောင်းလဲသွားတာတွေအများကြီးရှိပါတယ်။ ဒါတွေကိုသိရဖို့ ကိုယ့်ကိုကိုယ်အချိန်တခုအရင်ပေးဖို့ကြိုးစားကြည့်ပါ။ What did we miss while we are away from market? ကိုယ်လွတ်သွားတဲ့အချိန်အတွင်းမှာ Market Update ဘာတွေရှိမလဲ၊ soft-skills or hard-skills တွေဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာ အရင်ပြင်ဆင်ပြီးမှ အလုပ်သစ်အတွက်ကြိုးစားကြည့်ပါ။ ဒါတွေသိရဖို့ Google တို့ LinkedIn တို့ဟာ အကောင်းဆုံးအလုပ်သတင်းရှာဖွေစရာနေရာတခုဖြစ်ပါတယ်။ နောက်ပိုင်း LinkedIn ကို Business တော်တော်များများမှာ အသုံးပြုလာတာကြောင့် သတင်းအချက်အလက်စုဆောင်းဖို့အကောင်းဆုံးဖြစ်မှာပါ။ https://www.linkedin.com/company/myworld-com-mm  ​

၃။ ကိုယ့်ရဲ့ Resume ကို သေသေချာချာအချိန်ပေးပြင်ဆင်ပါ။  

Impressive Resume ဖြစ်ဖို့ဆိုတာအလုပ်လျှောက်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ အလုပ်မရခင် အလုပ်ရှင်ကကိုယ့်ကိုမဟုတ်ဘဲ ကိုယ့်ရဲ့ Resume ကိုအရင်တွေ့မှာဖြစ်တဲ့အတွက်ကြောင့် First Look မှာတင် Appealing ဖြစ်အောင်ပြင်ဆင်ပါ။ သတိပြုရမှာက Page အများကြီးပြင်ဆင်မှ Appealing Resume ဖြစ်စေတာမဟုတ်တဲ့အတွက်ကြောင့် တတ်နိုင်သလောက်ထိရောက်သောပြင်ဆင်မှုမျိုးကိုပဲလုပ်ပါ။  ​

၄။ Interview အတွက်ပြန်ပြင်ဆင်ပါ။

Perfect Resume ပီးရင် ဒုတိယအရေးပါတာကတော့ How to present yourself during the interview ပါ။ အချိန်ကြာကြီးအနားယူလိုက်တဲ့အတွက်ကြောင့် အနည်းနဲ့အများတော့ Interview နဲ့ပတ်သက်ပီး Nervous ဖြစ်ကြတာမျိုးရှိပါတယ်။ အထူးသဖြင့် Expatriate နဲ့ ကိုယ်တိုင် Interview လုပ်ရတဲ့အခါ အမှားမဖြစ်စေဖို့အတွက် Interview မတိုင်ခင်အရင်ဆုံးကိုယ့်ကိုကိုယ်အကောင်းဆုံးဘယ်လိုPresent လုပ်မလဲဆိုတာကိုပြင်ဆင်ပါ။ လေ့ကျင့်ဖို့လိုအပ်ရင် အရင်ဆုံးလေ့ကျင့်ပါ။ Well-Prepared Sense ကိုပြရမှာဖြစ်လို့ Myself အပြင် Company အကြောင်းကိုထဲထဲဝင်ဝင်လေ့လာထားတာပဲဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေပြင်ဆင်ထားတာပဲဖြစ်ဖြစ် လိုအပ်တာမှန်သမျှအကုန်ပြင်ဆင်သွားဖို့လိုပါတယ်။  

​၅။ ကိုယ့်ရဲ့အရည်အချင်းတွေကို ယုံကြည်ပြီး ဆက်လက်လျှောက်ပါ။

အလုပ်ပြန်ရှာတဲ့အခါမှာ တစ်ခါတည်းနဲ့အောင်မြင်ပြီးရသွားတာရှိသလို Demand များနေတဲ့အချိန်မှာလျှောက်မိသလိုဖြစ်လို့ မအောင်မြင်တာမျိူးလည်းရှိနိုင်တဲ့အတွက်ကြောင့် စိတ်ဓာတ်မကျပါနဲ့ ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ကျွမ်းကျင်မှုကိုယုံကြည်ပြီး ဆက်ပီးလျှောက်ကြည့်စေချင်ပါတယ်။ Career Gap ဆိုတာဟာ အားနည်းချက်တစ်ခုမဟုတ်တာကြောင့် ဇွဲမလျော့ပဘဲလိုချင်တဲ့နေရာကိုရောက်အောင် ပြင်ဆင်မှုတွေလုပ်ပြီးကြိုးစားကြည့်ဖို့အကြံပြုချင်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020