facebook tracking image
When You’re Ready to Switch to a New Industry
Career Advice

When You’re Ready to Switch to a New Industry

Industry အသစ်တစ်ခုကိုပြောင်းချင်တဲ့အခါ 

လက်ရှိလုပ်နေတဲ့ အလုပ်မှာ ငြီးငွွေ့လာတာမျိုးတွေ၊ Challenge အသစ်လိုချင်တာမျိုးတွေဆိုတာက Candidate/လူတော်တော်များများ ဖြစ်လေ့ရှိတဲ့အရာတွေပါ။

အဲဒီအထဲမှာမှ တစ်ချို့က လက်ရှိလုပ်နေတဲ့ Industry မဟုတ်ဘဲ Industry အသစ်ကို ပြောင်းချင်တာမျိုးလည်း ရှိနေတတ်ပါတယ်။ (ဥပမာ - ကိုယ်က Banking Industry မှာ Finance Related Position နဲ့လုပ်နေပြီး Insurance Industry မှာရှိတဲ့ Finance Related Position ကို ပြောင်းချင်တာမျိုးပေါ့)

Different Industry with Same Job Function ကို ပြောင်းတဲ့အချိန်မှာ ပြႆနာမရှိပေမယ့် Different Industry with Different Job Function ကိုပြောင်းတဲ့အချိန်မှာတော့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေရှိလာပါပြီ။

အဲလိုအချိန်မျိုးမှာ Candidate တစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့အချက်တွေကို ဒီ Blog မှာ ပြောပြပေးချင်ပါတယ်။

လက်ရှိ Market ထဲမှာလည်း Insurance Industry က Booming ဖြစ်နေတာဖြစ်တဲ့အတွက် Insurance Industry ကို ပြောင်းချင်တဲ့ Candidate အတွက် အဓိကထားပြီးပြောပြပေးချင်ပါတယ်။

1. Listen to Yourself and Research about the Industry
Candidate တော်တော်များများက Industry တစ်ခု Booming ဖြစ်တဲ့အချိန်ရယ် Colleagues တွေကပြောင်းဖို့မဲဆွယ်တဲ့အချိန်ရယ်မှာ Different Industry တစ်ခုကိုပြောင်းဖို့ စဉ်းစားတတ်ကြပါတယ်။

ဒါပေမယ့် Candidate တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်ရမှာက ကိုယ်ပြောင်းချင်တဲ့ Industry အကြောင်းကိုလေ့လာပြီး စိတ်ဝင်စားတာသေချာရဲ့လား၊ ပြောင်းချင်တာသေချာရဲ့လား ဆိုတာကိုဆန်းစစ်ရမှာပါ

သူများတွေအတွက်က အဆင်ပြေတယ်၊ Industry ကလည်း Booming ဖြစ်နေတယ် ဆိုပေမယ့် ကိုယ်ကစိတ်မဝင်စားဘူး ကိုယ်နဲ့အံဝင်ခွင်ကျမရှိဘူးဆိုရင် ရေရှည်ဆက်လုပ်ဖို့ အဆင်ပြေမှာမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုဆန်းစစ်ပြီး သေချာတယ်ဆိုမှသာ ပြောင်းဖို့အတွက် အကြံပေးချင်ပါတယ်။

2. Apply wisely!
ကိုယ်က ဒီ Industry ကိုသွားတော့မယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဘယ်လို Position နဲ့လျှောက်မလဲဆိုတာ စဉ်းစားဖို့ လိုအပ်လာပါပြီ။ ဒီနေရာမှာ အကြံပေးချင်တာက ကိုယ့်မှာရှိနေတဲ့ Experience နဲဲ့အကိုက်ညီဆုံး Position ကိုလျှောက်ဖို့ပါ။ ဒါမှသာ Interview ရဖို့အတွက် အခွင့်အရေးပိုများပြီး ကိုယ့်ရဲ့ အရည်အချင်းနဲ့ စိတ်အားထက်သန်မှုတွေကို ဖော်ပြနိုင်မှာပါ။

3. Show your Motivation and Talent!
Interview ဆိုတာဟာ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အရည်အချင်းတွေ၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပါ။ အဲဒီအချိန်မှာ Company အပေါမှာထားတဲ့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြဖို့အတွက်လည်းအရေးကြီးပါတယ်။ ကိုယ့် Organization အကြောင်းကို စိတ်မဝင်စားတဲ့ Candidate တစ်ယောက်ို ဘယ် Companyကမှ အလုပ်ခန့်ချင်မှာ မဟုတ်ပါဘူး။ 

အဲဒီအတွက်ကြောင့် Company Background, Organization Chart, Vision and Mission တွေကိုလေ့လာထားဖို့လည်းအရေးကြီးပါတယ်။ အခုခေတ်မှာ Company တော်တော်များများက ကိုယ်ပိုင် Website တွေလည်းရှိနေတာမို့ အလွယ်တကူလေ့လာနိုင်ပါတယ်။

အကယ်၍ ကိုယ်လျှောက်လိုက်တဲ့ Position က Market ထဲမှာလည်း အသစ်ဖြစ်နေမယ်၊ ကိုယ့်မှာလည်း ထပ်တူကျတဲ့ အတွေ့အကြုံ မရှိဘူးဆိုရင်လည်း အဲဒီ Position နဲ့ပတ်သက်တဲ့ Job Description တွေကို Google မှာရှာဖတ်ပြီး ကိုယ့်မှာရှိတဲ့ အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပြီးပြောလို့ရပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် Company အနေနဲ့လည်း ကိုုယ့်ကို Consider လုပ်ဖို့အတွက် အခွင့်အရေးပိုများပါတယ်။

အခုလောက်ဆိုရင် အပေါ်မှာ ဖော်ပြခဲ့ပေးခဲ့တဲ့အချက်တွေက Industry အသစ်ပြောင်းချင်နေတဲ့ မိတ်ဆွေတွေနဲ့ Insurance Industry ကို ဝင်ချင်နေတဲ့ Candidate တွေအတွက် အထောက်အကူဖြစ်မယ်လို့မျှော်လင့်ရင်း ကိုယ်လျှောက်ချင်တဲ့ Career ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020