facebook tracking image
Why Haven't You Been Promoted or Given a Raise Yet?
Career Advice

Why Haven't You Been Promoted or Given a Raise Yet?

ဘာကြောင့် ရာထူးမတိုး၊ လစာမတိုးသေးတာလဲ?

ဒီအကြောင်းအရာလေးကို တော်တော်များများက ကိုယ့်ကိုယ်ကို မေးခွန်းထုတ်တတ်ကြမှာပါ။ သေချာပေါက် ပြောရဲပါတယ်။ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းသောသူတွေက အဖြေမှန်ကို ရှာတွေ့တဲ့အထိ အားထုတ်ခြင်းမရှိပဲ လက်ရှိအလုပ်က အထက်လူကြီးတွေကို ငြူစူခြင်း၊ အလုပ်အသစ်ရှာခြင်း စတဲ့ အခြေအနေများနဲ့သာ အဆုံးသတ်ကြတာများပါတယ်။ ကဲ… ဒါဆို ကျန်တဲ့ ၁၀ ရာခိုင်နှုန်းသောသူတွေ ဘယ်လိုစဉ်းစားသလဲ တွေးကြည့်ရအောင်… 

၁။ အားသာနေတဲ့ ပြိုင်ဘက် ကိုယ်နဲ့အတူဝင်လာတဲ့သူတွေထဲက ကိုယ့်ထက်ပိုကြိုးစားတဲ့၊ ပိုထူးချွန်တဲ့သူတွေရှိလားလို့ ဆန်းစစ်ပါ။ တကယ်လို့ရှိနေခဲ့တယ်ဆိုရင် ဒီအတွက် အဖြေကလွယ်ကူသွားပါပြီ။ ကိုယ်သူ့ထက်သာအောင် ကြိုးစားရုံမှတပါး တခြားနည်းလမ်းမရှိပါ။ 

၂။ အောင်မြင်မှုမှတ်တိုင်များ (Achievements) တကယ်တော့ လစာတိုးပေးတယ်ဆိုတာ ကုမ္ပဏီရဲ့ Budget အခြေအနေကောင်းလို့ပါ။ တစ်နည်းဆိုရရင် လုပ်ငန်းတွေအောင်မြင်တယ်၊ ဖြစ်ထွန်းတယ်ပေါ့။ ဒီအတွက် သင့်ရဲ့ အားစိုက်ထုတ်မှုတွေကရော ဘယ်နှစ်ရာခိုင်နှုန်းလောက်ထိ ပါဝင်ခဲ့သလဲ။ ချက်နဲ့လက်နဲ့ပြန်ပြောနိုင်တဲ့ မှတ်တမ်းတွေ မရှိထားသေးဘူးဆိုရင်တော့ သင်ထပ်ပြီး ကြိုးစားရဦးမှာပါပဲ။ 

၃။ ရှေးရိုးစွဲထုံးစံဟောင်းများကို မေ့ပစ်ခြင်း အရင်ခေတ်ကတော့ အခုနဲ့စာရင် Human Resources နည်းတဲ့အတွက် အလုပ်တစ်ခုမှာ ရေရှည်လုပ်ခဲ့တဲ့သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရာထူးတိုးပေးတာမျိုးရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ အားလုံးက အပြိုင်အဆိုင်နဲ့ ‘ကိုယ် ဒါလုပ်တတ်ရင် သူလည်း ဒါလုပ်တတ်နေကြတာမျိုး' ဆိုတော့ ဒီအချက်ကို ခဏမေ့ထားလိုက်ပါ။ ဒီအချက်ကိုပဲ ကိုင်စွဲပြီး ရာထူးတိုး၊ လစာတိုးလိုချင်နေတယ်ဆိုရင်တော့ ကိုယ့်အတွက် အခွင့်အရေးက နည်းသွားပါလိမ့် မယ်။ 

၄။ တောင်းဆိုသင့်တဲ့ အချိန်ကိုက်ဟုတ်ရဲ့လား ဥပမာ၊ ကုမ္ပဏီက စဖွင့်တာမှ တစ်နှစ်မပြည့်သေးဘူး၊ အတော်အသင့်အောင်မြင်တယ်။ ကိုယ်ကလည်း ကြိုးစားတယ်။ ဒီလိုအချိန်မှာ ရာထူးတိုး လစာတိုးဖို့ကိစ္စကို တောင်းဆိုသင့်ပြီလားပေါ့။ အခြေအနေနဲ့ အချိန်အခါအလိုက် ပါးနပ်စွာတောင်းဆိုတတ်ဖို့လိုအပ်ပါတယ်။ 

ဒီအချက်လေးတွေဟာ တကယ်တမ်းလုပ်ကြည့်ဖို့ဆိုရင် လွယ်မယောင်နဲ့ခက်ပါတယ်။ တကယ်လို့ ကိုယ်က ဒီအချက်တွေနဲ့တိုက်ဆိုင်ပြည့်စုံနေရဲ့သားနဲ့ ရာထူးတိုး၊ လစာတိုးဖို့ လမ်းမမြင်ဘူးဆိုရင်တော့ ကိုယ့်အရည်အချင်းနဲ့ တကယ်တမ်းသင့်တော်မယ့် အခွင့်အရေးတွေကို စပြီး စဉ်းစားသင့်ပြီလို့ အကြံပြုပါရစေ။ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ MyWorld Careers ကို CV ပို့လိုက်တာနဲ့ သင့်အတွက် အဲဒီအခွင့်အရေးတွေကို အခမဲ့ရှာဖွေလမ်းညွှန်ပေးမှာဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါတယ်နော်…