facebook tracking image
Why Hiring the Right People Matters for Business Success
Employer Tips

Why Hiring the Right People Matters for Business Success

Recruitment & Selection က ကုမ္ပဏီ/အဖွဲ့အစည်းတစ်ခုအတွက် ဘာကြောင့်အရေးကြီးတာလဲ?

Recruitment & Selection က ကုမ္ပဏီတိုင်း၊ အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးတဲ့အချက်ထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ/အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်လာမှုကို လေ့လာကြည့်ရှုကြတဲ့အခါ ကျွန်တော်တို့လူအများစုက အဲ့ဒီကုမ္ပဏီရဲ့ထုတ်လုပ်မှုနှုန်းအား/ရလဒ်ကိုပဲ အဓိကထားကြည့်ကြတာများပါတယ်။ ဒါပေမယ့် အဲဒါတွေရဲ့နောက်ကွယ်ကအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ 

ကုမ္ပဏီရဲ့ကောင်းမွန်တဲ့အောင်မြင်မှုရလဒ်ရရှိလာဖို့ဆိုတာ မှန်ကန်တဲ့လူရွေးချယ်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ တိုးတက်အောင်မြင်မှုကို အထူးလိုလားတဲ့ ကုမ္ပဏီအဖွဲ့အစည်းတိုင်းက ဝန်ထမ်းကောင်းများကို သေချာစွာ စီစစ်ရွေးချယ်ပြီး၊ ထိုဝန်ထမ်းကောင်းများရဲ့ စွမ်းဆောင်မှုများနဲ့အတူ အောင်မြင်မှုများကို ရယူလာနိုင်တယ်ဆိုတာကို ယုံကြည်ကြပါတယ်။

Recruitment နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ကုမ္ပဏီအတွက် အသုံးပြုတဲ့ စရိတ်တွေထဲမှာဆိုရင်လည်း ဒီ Recruitment သည်လည်း စရိတ်ကြီးတဲ့ရင်းနှီးမြုပ်နှံမှုတစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာဆိုရင် Recruitment ပြုလုပ်တဲ့အခါမှာ Recruitment Agency, Job Portal အစရှိတဲ့နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ ကိုယ်ခန့်အပ်လိုက်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ Job Requirements နဲ့လည်းကိုက်ညီမှုရှိတယ်၊ ကိုယ်ကျင့်တရားလည်း ပြည့်စုံတယ်၊ ကုမ္ပဏီအတွက်လည်း တကယ်ကြိုးစားလုပ်ဆောင်ပေးတဲ့လူမျိုး ရထားတယ်ဆိုရင် အင်မတန်ကောင်းမွန်တဲ့အချက်ပါ။ တကယ်လို့ အစကတည်းက သေချာစီစစ်ရွေးချယ်မှုမျိုးမပြုလုပ်ခဲ့ပဲ ခန့်အပ်လိုက်တယ်ဆိုရင် ဝန်ထမ်းကိုပေးလိုက်ရတဲ့လစာ၊ Agency သို့မဟုတ် Job Portal Charges အစရှိတဲ့ဆုံးရှှုံးမှုတွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေပါ ရင်းနှီးလိုက်ရတဲ့အတွက် ကုမ္ပဏီအဖို့ များစွာနစ်နာစေပါတယ်။ 

ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာတာနဲ့အမျှ လက်ရှိဝန်ထမ်းအင်အားထက် ပိုမိုလိုအပ်လာပါလိမ့်မယ်။ ကုမ္ပဏီရဲ့ လုပ်ငန်းပိုင်းဆိုင်ရာအသီးသီးမှာလည်း ယခင်ထက် ကျွမ်းကျင်ပိုင်နိုင်စွာ ပိုမိုစွမ်းဆောင်လုပ်ကိုင်နိုင်တဲ့သူတွေကို တဖြည်းဖြည်းခေါ်ယူစုဆောင်းဖို့ မဖြစ်မနေလိုအပ်လာပါလိမ့်မယ်။ 

ဒီလောက်ဆိုရင် Recruitment & Selection က ကျွန်တော်တို့ကုမ္ပဏီအဖွဲ့အစည်းတိုင်းအတွက် ဘာအတွက်ကြောင့် အရေးကြီးလဲဆိုတာကို ပိုပြီးသိမြင်လာနိုင်ကြမယ်လို့ ယူဆပါတယ်။ 

Recruitment & Selection ကို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိအောင် ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ? 
အရင်ဦးဆုံးအနေနဲ့ခေါ်ယူလိုတဲ့ Vacancy အတွက် Job Description & Requirement ကို သေချာပြင်ဆင်ထားသင့်ပါတယ်။ Job Description & Requirement တစ်ခုကိုဖန်တီးတဲ့အခါမှာလည်း အကြမ်းဖျင်းရေးထားတာထက် အမှန်တကယ် အဓိကတာဝန်ယူလုပ်ရမယ့်တာဝန်အပိုင်းတွေကို သေချာလေးထည့်သွင်းရေးပေးသင့်ပါတယ်။ 

Interview ခေါ်တဲ့အခါမှာလည်း သက်ဆိုင်ရာဌာနမှ Line Manager နဲ့အတူ HR ပါ အင်တာဗျူး အတူထိုင်နိုင်မယ့်အချိန်ကို သေချာစီစဉ်ပြီး ခေါ်ယူတာက Candidate နဲ့ Company အတွက် Time Saving ပိုဖြစ်ပါတယ်။ ဒါဆိုရင် Candidate အနေနဲ့လည်း မလိုအပ်ဘဲ အခေါက်ခေါက်အခါခါလာရတာမျိုးလည်း မရှိနိုင်တော့ပါဘူး။ 

Interview မှာလည်း Candidate ကို ဘယ်လိုမျိုးမေးခွန်းတွေမေးမယ်၊ ဘယ်လိုမျိုး Test တွေ စစ်ဆေးမယ်ဆိုတာကိုလည်း Interviewer/Hiring Team အနေနဲ့လည်း ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ Interview အတွင်းမှာလည်း တစ်ခါတလေ Candidate ဘက်ကနေ မထင်မှတ်ထားတဲ့မေးခွန်းမျိုး မေးလာနိုင်တယ်ဆိုတာမျိုးရှိတတ်တဲ့အတွက် Interviewer အနေနဲ့လည်း အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 

လာရောက်လျှောက်ထားတဲ့သူတွေအထဲကနေ မိမိလိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်နိုင်မယ့်လူတွေကိုဘဲ သေချာစီစစ်ရွေးချယ်ပြီးမှ လူတွေ့အင်တာဗျူးခေါ်တာမျိုးလုပ်သင့်တယ်။ အင်တာဗျူးတဲ့အခါမှာလည်း လူတစ်ယောက်ကို အချိန်ဘယ်လောက်ပဲ (Time Limit) အင်တာဗျူးလုပ်မယ်ဆိုတာမျိုး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 

ဒါလေးတွေကို သေချာပြင်ဆင်ပြီး Recruitment & Selection ကိုလုပ်မယ်ဆိုရင် အားလုံးအတွက်အကျိုးရှိမယ်လို့ ထင်မြင်မိပါတယ်။ 
Image designed by freepik

Share this blog

Behind the scenes of Talent Acquisition
Behind the scenes of Talent Acquisition
Published 21 November 2022
Employers' Mini Guidebook to Myanmar - Part 1
Employers' Mini Guidebook to Myanmar - Part 1
Published 1 October 2015
Employers' Mini Guidebook to Myanmar - Part 2
Employers' Mini Guidebook to Myanmar - Part 2
Published 30 October 2015