facebook tracking image
You've Been Applying, But Still No Job — Why?
Career Advice

You've Been Applying, But Still No Job — Why?

အလုပ်တွေလျှောက်နေပေမဲ့ အလုပ်မရသေးတာဘာကြောင့်များလဲ?

အဖြေကိုအောက်မှာဖတ်ကြည့်ရအောင်... ​

အလုပ်ထွက်ချင်ကြတဲ့အခါ လူတွေလုပ်တတ်တဲ့အမှားတစ်ခုက Job Portal နဲ့ ကြားသမျှအလုပ်တွေကို လျှောက်တတ်ကြတာမျိုးဖြစ်ပါတယ်။ အဲလိုလုပ်တဲ့အခါ အလုပ်ရှင်တွေဆီကနေ Response ပြန်မလာတာ၊ Reject Email တွေပဲပြန်ရတာတွေဖြစ်တာမို့ ကိုယ့်အတွက်ပိုပြီးစိတ်ဓာတ်ကျစရာတွေဖြစ်လာနိုင်ပါတယ်။ အဲလိုအခြေအနေမျိုးမဖြစ်အောင် ဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာလေးကို အနည်းငယ်အကြံပြုချင်ပါတယ်။  ​

ပထမဆုံးအနေနဲ့ ကိုယ်ဘာလို့အလုပ်အသစ်ရှာလဲဆိုတာကို သေသေချာချာအရင်သုံးသပ်ပြီး ကိုယ်ရှေ့ဆက်သွယ်မယ့် Career Path ကိုသေချာစဉ်းစားပါ။ နောက်တစ်ဆင့်အနေနဲ့ကိုယ်ဆက်သွားမယ့် Career နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုပဲ သေချာရှာပြီး Apply လုပ်ပါ။ Recruiter တွေနဲ့တိုင်ပင်နဲ့နေရာမှာလည်း သေချာပြောပြထားပြီးကူညီခိုင်းပါ။ ဒီနေရာမှာတွေ့သမျှ Job Title လှလှ၊ Salary များများအလုပ်တွေကို မလျှောက်ဖို့အကြံပေးချင်ပါတယ်။ အဲဒီလုပ်ကြတဲ့အခါ အလုပ်မရပဲ Reject တွေပဲကြားရပြီး စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်လာတာတွေဖြစ်တတ်ပါတယ်။  

​ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုလျှောက်တဲ့အခါမှာလည်း CV ကိုသေချာပြင်ဆင်ဖို့နဲ့ Cover Letter သေချာရေးဖို့အထူးလိုအပ်ပါတယ်။ Position apply လုပ်တဲ့အခါမှာ Email သေချာရေးပြီးပေးပို့ဖို့နဲ့ Follow Up သေချာလုပ်ကိုလုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။  ​

Recruiter များနဲ့ချိတ်ဆက်ပြီးအလုပ်ရှာတဲ့အခါ ပိုမိုပြီးသတင်းအချက်အလက်ရနိုင်တာဖြစ်လို့ ကိုယ့်ကိုတကယ်ကူညီအကြံပေးနိုင်တဲ့ Skillful Recruiter တွေနဲ့အနီးကပ် ဆက်သွယ်ပြီး အလုပ်တွေကို Active ဖြစ်ဖြစ်ရှာရင်လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Recruiter တွေ မိတ်ဆက်ပေးသမျှကို မျက်စိမှိတ်ပြီးလျှောက်တာမဟုတ်ပဲ JD သေချာမေးပြီး Review လုပ်ဖို့၊ Company Background နဲ့ တခြားအချက်အလက်တွေသေချာမေးပြီးမှ လျှောက်ဖို့လည်း ထပ်လောင်းအကြံပေးချင်ပါတယ်။  ​

အပေါ်ကဖော်ပြပေးသွားတဲ့အချက်အလက်တွေကိုသုံးသပ်ပြီးကိုယ်ဘဝရဲ့ပိုမိုကောင်းမွန်တဲ့ Career ကိုရရှိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။  ​

MyWorld Careers မှ Recruitment Consultant တွေအားလုံးက Functional Specialized တွေဖြစ်ပြီး အားလုံးကိုအထူးအကြံပေးကူညီပေးနိုင်တာဖြစ်လို့ အခုပဲ support@myworld-careers.com ကို CV တင်ပြီးအလုပ်လျှောက်နိုင်ပါပြီ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020