facebook tracking image

Connecting...

Banner Default Image

အလုပ်ကရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ?

Mobile Default Image

27 Dec 00:00 by May Pwint Phyu

တစ်ပတ်ကို အလုပ်ချိန်နာရီလေးဆယ်နဲ့အထက်အလုပ်လုပ်ရတဲ့သူအဖို့ စိတ်ဖိစီးမှုဆိုတာမရှိဘဲမနေပါဘူး။ အလုပ်ကရလာတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုကောင်းကောင်း ထိန်းချုပ်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်ထဲကတစ်ခုခုကို တစ်ပတ်တစ်ခါလောက်တော့ကြိုးစားပြီး လုပ်ဆောင်ကြည့်ရင်တော့ အကျိုးရလဒ်ကောင်းတစ်ခုတော့ရမှာပါ။

၁။ အလုပ်ကို စောစောရောက်အောင် သွားပါ။

အိမ်ကနေထွက်နေကြပုံမှန်အချိန်ထက် ငါးမိနစ်လောက် နောက်ကျပြီးမှထွက်ဖြစ်ရင် ရုံးနောက်ကျတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ အဲဒါကလည်း တစ်ခါတစ်လေ အလုပ်မှာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အချိန်မမီလို့ နောက်ကျမယ်ဆိုတဲ့အကြောင်းကို ဘောစ့်ကို Message ပို့ရတာနဲ့ Finger Print နှိပ်တာနောက်ကျလို့ ပိုက်ဆံအဖြတ်ခံရတာတွေက မနက်စောစောအလုပ်စစချင်းမှာ မထင်မှတ်ဘဲ ဝင်လာတဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေပါ။ အချို့ချို့သောစိတ်ပညာရှင်တွေကလည်း ရုံးကိုစောစောလာပြီး အလုပ်လုပ်တာက မလိုလားအပ်တဲ့ Stress ဖြစ်နိုင်ခြေကို ပိုနည်းစေကြောင်း ပြောထားပါတယ်။

၂။ ကုမ္ပဏီက လူအချင်းချင်းတစ်ယောက်အကြောင်းတစ်ယောက် နောက်ကွယ်မှာ ပြောတာတွေကို လျှော့ပါ။

ဒီအချက်ကတော့ ကုမ္ပဏီတိုင်းလိုလိုမှာ ရှိကြပါတယ်။ ကိုယ့်အထက်လူကြီးမကောင်းကြောင်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့မကောင်းကြောင်း၊ လစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ကုမ္ပဏီကအသစ်ထုတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကြိုက်လို့ Complaint တက်တာလေးတွေလည်းရှိကြပါတယ်။ အဲလိုပြဿ နာလေးတွေရှိရင်လည်း အတင်းပြောဝေဖန်နေမယ့်အစား အထက်လူကြီးနဲ့ တိုက်ရိုက်ဆွေးနွေးလို့ရရင် ဆွေးနွေးပါ၊ ဒါမှမဟုတ် HR နဲ့ပတ်သက်တဲ့ ပြဿ နာတွေသိချင်တယ်ဆိုရင်လည်း HR Department ကိုတိုုက်ရိုက်မေးပြီး ပြဿ နာကိုဖြေရှင်းရင်တော့ လက်တွေ့ကျပြီး အလုပ်ခွင်မှာ Peace Environment တစ်ခုရရှိမှာပါ။ အလုပ်ခွင်မှာ စိတ်ချမ်းသာမှဘဲ Stress တွေကိုရှောင်ပြီးသားဖြစ်သွားမှာပါနော်။

၃။ ၁၀ မိနစ်လောက်နားပေးပါ။

ထိုင်ခုံမှာ တစ်ချိန်လုံးထိုင်အလုပ်လုပ်နေတာကလည်း တစ်ခါတစ်လေ မမြင်ရတဲ့ စိတ်ဖိစီးမှုတွေ ဝန်းရံနေမှာပါ။ ဒါကြောင့် နှစ်နာရီတစ်ခါလောက် လမ်းလျှောက်ပေးပါ၊ ခဏအနားယူပါ။ ဒါတွေလုပ်လိုက်ခြင်းအားဖြင့် Stress လျှော့ချမှုကို ဖြစ်စေမှာပါ။ ထိုင်တာများလို့ ဗိုက်အဆီတက်၊ ဗိုက်ခေါက်သားထူ၊ ခါးတုတ်နေတဲ့ မမတွေ ညီမလေးတွေ၊ အစ်ကိုတွေအတွက်လည်း ခဏလောက်လမ်းလျှောက်ပေးတာက ကယ်လိီုရီ ၆၀ လောက်ကိုလောင်ကျွမ်းစေပါတယ်။ ပြီးတော့ ခါးနာတာ၊ ခြေထောက်ယောင်တာလည်း လျော့ကျစေပါတယ်။

၄။ ခရီးထွက်ပေးပါ။

ဒီတစ်ခုကိုတော့ အားလုံးကြိုက်ကြမှာပါ။ အခုခေတ်မှာလည်း Travel Blogger တွေတော်တော်များများက မြန်မာပြည်ဘဲဖြစ်ဖြစ်၊ နိုင်ငံခြားဘဲဖြစ်ဖြစ် Review တွေရေးပေးတာကောင်းလွန်းလို့ မသွားရသေးရင်တောင် ဘယ်ပိတ်ရက် အားလပ်ရက်မှာ ဘယ်သွားမယ်ဆိုပြီး စီစဉ်ထားတဲ့သူတွေ အများကြီးပါပဲနော်။ ခရီးထွက်တာကလည်း အလုပ်ခွင်က စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။

၅။ အိပ်ရေးဝဝအိပ်ပေးပါ။

ဒီတစ်ချက်လည်း အကြိုက်တူကြမှာပါ။ တစ်နေ့ကို ရနာရီ လုံလောက်စွာအိပ်ပေးရပါမယ်။ မအိပ်ခင်တစ်နာရီလောက်အလိုမှာလည်း Relaxation Song လေးတွေနားထောင်ပြီး အိပ်တာကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှလည်း Stress မရှိမှာဆိုတော့ “စောစောအိပ်လို့ စောစောထလို့ စောစောအလုပ်သွားကြပါစို့” လို့တောင် ဆောင်ပုဒ်ပြောင်းရမလိုဖြစ်နေပါပြီ။

၆။ လေ့ကျင့်ခန်းလုပ်ပေးပါ။

အလုပ်မှာရှိတဲ့ Stress ကိုလေ့ကျင့်ခန်းလုပ်ရင်းနဲ့လည်း လျှော့ချပေးနိုင်ပါတယ်တဲ့နော်။ ဒါ့အပြင် သွက်သွက်လက်လက်နဲ့ လှုပ်ရှားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာ အဆီပိုမရှိဘဲ ကျစ်လစ်လှပလို့ Self-confidence လည်းတိုးစေမှာပါ။ ဒီလောက်ဆိုရင်အလုပ်ခွင်ကစိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲဆိုတာ အားလုံးလည်းသတိပြုမိကြမှာပါ။ အလုပ်လုပ်ရင်းနဲ့လည်း ကျန်းမာလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်… 

Image designed by Freepik