facebook tracking image
Multitasking vs Single-tasking
Personal Development

Multitasking vs Single-tasking

အလုပ်လျှောက်တဲ့အခါ Multitasking ရပါသလားလို့ မေးတာမျိုး ကြုံဖူးပါသလား။ Multitasking skill ဆိုတာဘာလဲ။ မဖြစ်မနေ တတ်ထားသင့်တဲ့ skill တစ်ခုလား။ Multitasking နဲ့ ဆန့်ကျင်ဘက် Single-tasking ဆိုတာကကော တတ်ထားရမယ့် skill အမျိုးအစားတစ်ခုလား။

Multitasking and Single-tasking
​Multitasking ဆိုတာဟာ အလုပ်တစ်ခုလုပ်နေရင်း တစ်ပြိုင်နက် အခြားအလုပ်ကိုပါ ပြီးမြောက်အောင် လုပ်ဆောင်တာမျိုးကို ဆိုလိုပါတယ်။ Task တွေကို အလွယ်တကူ ပြောင်းလဲလုပ်နိုင်ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တဲ့ skill ပဲ ဖြစ်ပါတယ်။ Customer service ပေးနေတဲ့ ဝန်ထမ်းတွေကို ကြည့်မယ်ဆိုရင် ဖုန်းပြောနေရင်း လက်က စာရိုက်နေတာမျိုး မြင်ဖူးကြမှာပါ။ ဥပမာ Customer Service Representative, Event Planner, Nurse စတဲ့အလုပ်အကိုင်တွေဟာ Multitasking အသုံးပြုကြတဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။

Single-Tasking သမားတွေကတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ အခြား Task တစ်ခုပေါ်လာရင်တောင် လုပ်နေတဲ့ အလုပ်တစ်ခုကို ပြီးပြတ်အောင်လုပ်ပြီးမှ နောက်တစ်ခု စတင်နိုင်ကြတာမျိုးပဲ ဖြစ်ပါတယ်။ Accountant, Research Scientist, Writer/Author အစရှိတဲ့ career တွေကတော့ Single-Tasking ကို အခြေခံတဲ့ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး Multitasking နဲ့ အဆင်ပြေတာရှိသလို Single-Tasking skill လိုအပ်တာမျိုးလည်း ရှိတတ်ပါတယ်။

Pros and Cons of Multitasking
Multitasking လုပ်နိုင်တာဟာ အချိန်တစ်ခုအတွင်းမှာ Tasks တွေ ပြီးမြောက်နိုင်လို့ Efficient ဖြစ်စေပါတယ်။ လုပ်ငန်းခွင်ထဲမှာ မြန်ဆန်စွာ response လုပ်နိုင်ဖို့၊ အလုပ်တွေ မြန်မြန်ပြီးမြောက်နိုင်ဖို့ Tasks အမျိုးမျိုးကို Adapt လုပ်နိုင်စွမ်းဟာလည်း Multitasking skill ရှိသူတွေအတွက် ကျင့်ယူဖို့မလိုအပ်တဲ့ skill ပဲဖြစ်ပါတယ်။ Multitasking skill ရှိခြင်းဟာ Tasks တွေကို တစ်ခုပြီးမှတစ်ခု အချိန်ယူမနေရဘဲ တစ်ပြိုင်တည်းလုပ်နိုင်တဲ့အတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။

သို့ပေမယ့် Multitasking လုပ်ခြင်းဟာ Tasks တွေကို လှည့်ပြောင်းကာ တစ်ပြိုင်တည်း လုပ်ကိုင်နေရတဲ့အတွက် Productivity ကို ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်တယ်လို့ စစ်တမ်းတွေကနေ ဖော်ပြထားပါတယ်။ Multitasking လုပ်နေရတဲ့အချိန်မှာ ဦးနှောက်ဟာ Task တစ်ခုတည်းကို အပြည့်အဝ အာရုံစိုက်ထားတာမဟုတ်တဲ့အတွက် အမှားများနိုင်ပြီး Quality လည်း လျော့နိုင်ပါတယ်။ ဒါ့အပြင် အလုပ်တွေကို တစ်ပြိုင်တည်း လုပ်နေရပြီး အချိန်နဲ့တပြေးညီ အမှားမများအောင်၊ Performance ကောင်းအောင်လည်း အာရုံစိုက်နေရတာမို့ Stress ပိုတိုးစေပါတယ်။

Pros and Cons of Single-tasking
Single-Tasking skill ရှိသူတွေအနေနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုကိုသာ အာရုံစိုက်ထားတာမို့ Concentration ကောင်းစေပြီး အမှားနည်းတဲ့ Higher Quality Output ရရှိစေပါတယ်။ Multitasking သမားတွေနဲ့ ဆန့်ကျင်ဘက် Single-Tasking သမားတွေကတော့ အလုပ်မှာ စိတ်အေးအေးနဲ့ အာရုံစိုက်လုပ်ကိုင်နိုင်ပြီး Stress level လည်း လျော့စေပါတယ်။

သို့ပေမယ့် Tasks တွေ လုပ်စရာများလာတဲ့အခါမျိုးမှာ Single-Tasking သာ ရတဲ့အတွက် အလုပ်တွေပြီးဖို့ အချိန်ပိုကြာစေပါတယ်။ Tasks တွေကို အရေးတကြီးနဲ့ မြန်မြန် response လုပ်ဖို့ လိုအပ်လာတဲ့အခါ Tasks တွေပြောင်းဖို့ Adapt လုပ်နိုင်စွမ်းမရှိဘဲ Flexibility လျော့နည်းစေပါတယ်။

Multitasking ဖြစ်စေ၊ Single-tasking ဖြစ်စေ ကျွန်တော်တို့ ဦးနှောက်ဟာ information တွေကို သိမ်းဆည်းလုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်ရှိပါတယ်။ အထူးသဖြင့် Multitasking skill ရှိတဲ့ သူတွေအနေနဲ့ အလွယ်တကူ ထိုအကန့်အသတ်ကို ရောက်ရှိသွားကြပြီး Effectiveness လျော့ကျသွားကြပါတယ်။ Tasks တွေ တစ်ခုနဲ့တစ်ခု လှည့်ပြောင်းပြီးတဲ့အခါမှာလည်း တစ်ခုတည်းကို အပြည့်အဝအာရုံစိုက်နိုင်စွမ်း လျော့နည်းသွားကြပါတယ်။

Single-tasking ဟာ creative, critical tasks တွေမှာ အသုံးပြုတာဟာ effective ဖြစ်စေပြီး သေချာအာရုံစူးစိုက်မှု မလိုအပ်တဲ့ simple, routine task တွေမှာတော့ Multitasking skill က ပိုသင့်တော်ပါတယ်။ ယေဘုယျအားဖြင့် လုပ်ငန်းခွင်တစ်ခုရဲ့ nature နဲ့ specific job requirements ပေါ်မူတည်ပြီး ရှိသင့်တဲ့ skill ကို ဆုံးဖြတ်ကြပါတယ်။ Multitasking ဟာ routine tasks တွေအတွက် သင့်တော်ပြီး Single-tasking ကတော့ complex tasks တွေအတွက် ကောင်းမွန်တဲ့ Quality နဲ့ Result ရဖို့အတွက် ဦးတည်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မူတည်ပြီး Skill ၂ခုလုံးကို Balance ညီမျှစွာနဲ့ နည်းလမ်းကျကျ အသုံးပြုနိုင်မယ်ဆိုရင်တော့ Productivity တိုးစေပြီး ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရရှိလာမှာပဲ ဖြစ်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016