facebook tracking image
Effective Ways to Manage Multiple Tasks at Work
Personal Development

Effective Ways to Manage Multiple Tasks at Work

Multiple Tasks တွေကိုဘယ်လို Handle လုပ်မလဲ?

လူတိုင်းဟာ နေ့စဉ် များပြားတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ကြရပါတယ်။ 

ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူမှ စပြီး CEO Level အထိ လူတိုင်းမှာ မတူညီတဲ့ Tasks တွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေကြရပါတယ်။ ဒီလိုများပြားတဲ့ Tasks တွေကို ဘယ်လိုအကျိုးရှိအောင်လုပ်ဆောင်မလဲ၊ အချိန်ကုန် လူပင်ပန်းမဖြစ်ဘဲ အကောင်းဆုံး ရလဒ်တွေ ဖြစ်ပေါ်လာအောင် ဘယ်လို အစီအစဉ်တွေနဲ့ လုပ်ဆောင်လို့ရနိုင်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

​(1) နေ့စဉ် To Do List လုပ်ဆောင်ပါ။ ဘယ် Task တွေလုပ်ဆောင်ရမယ်၊ ဘယ်နှစ်ခုလုပ်ဆောင်လုပ်ဆောင်ရမယ် ဆိုတဲ့အရေအတွက်ကိုသိအောင်အရင်ကြိုးစားပါ။ မိမိကိုယ်တိုင်အရင်ဆုံးနားလည်နေဖို့လိုအပ်ပါတယ်။ တစ်ပြိုက်နက်တည်း စာရွက် သို့ Sticky Notes နဲ့မိမိမြင်သာသောနေရာမှာ ရေးထားဖို့က ပထမဆုံးအနေနဲ့လုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။

(2) To Do List ထဲမှာ အချက်များကို Priority ပြန်စီခြင်း၊ မိမိ အရင်ချရေးထားသော အကြောင်းအရာများထဲမှ ဘယ်အချက်သည် Top Priority ဖြစ်ကြောင်း မိမိကိုယ်တိုင် နားလည်သိရှိနေမှ မှန်ကန်ကောင်းမွန်သော Result ကိုအချိန်နဲ့ တပြေးညီ Deliver လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Task များကို Due date သတ်မှတ်ခြင်း၊ ပေးရမယ့်အချိန်အားတွက်ချက်ခြင်း များလုပ်ဆောင်ခြင်းဖြင့် မှန်ကန်တိကျတဲ့ List တစ်ခုကိုဖန်တီးနိုင်ပြီး Best Results များကို Create လုပ်နိုင်မှာ ဖြစ်ပါတယ်။ ​

(3) အလုပ်လုပ်နေစဉ် ဖြစ်ပေါ်လာနိုင်သော အနှောက်အယှက်များကို Limit လုပ်ထားပါ။ မိမိက Tasks အမြောက်အများကို တစ်ချိန်တည်းမှာ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေခြင်းဖြစ်သည့်အတွက် အလုပ်လုပ်နေစဉ်အတောတွင်း ဖုန်းသုံးခြင်း (အလုပ်နှင့်မသက်ဆိုင်သော Social media များပေါ်တွင်အချိန်ဖြုန်းခြင်း), အရေးမကြီးသော ဖုန်း Call များကို အချိန်တစ်ခုပေး၍ လက်ခံပြောဆိုခြင်း များကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။

​(4) Meeting Agenda များလုပ်ဆောင်ခြင်း၊ Meeting Agenda များကိုဖန်တီးခြင်းဖြင့် Meeting ထဲမှာပြောကြား (သို့) ဆွေးနွေးသွားသောအကြောင်းအရာများကို မိမိကိုယ်တိုင် ပြန်လည်ဖတ်ရှုနိုင်ပြီး မိမိလက်ရှိလုပ်ဆောင်နေသော Tasks များထဲမှ မည်သည့်အချက်ကို အရင်ဦးစားပေးလုပ်ဆောင်သင့်သည်၊ မည်သည့်အချက်သည် ပို၍ အရေးကြီးသည်ကို သိရှိနားလည်ပြီး Priority ထားလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ​

(5) Colleagues (သို့) Upper Management ထံမှအကူအညီတောင်းခံခြင်း၊ မိမိ Team Members များထဲမှ သူတို့၏ ကျွမ်းကျင်ရာ နယ်ပယ်ဒေသအလိုက် မိမိ Project (သို့) Task များကို လုပ်ဆောင်ပေးရန်အကူညီတောင်းခံခြင်း ဖြင့်အချိန်ကုန်သက်သာလွယ်ကူစွာဖြင့် အလုပ်များပြီးမြောက်နိုင်သလို မိမိ၏ အထက် Management ထံမှ အကြံဉာဏ် အကူညီများတောင်းခံခြင်းဖြင့် ပို၍လွယ်ကူသော နည်လမ်းကောင်းများရရှိခြင်း၊ ပိုမိုကောင်းမွန်သော Result များရနိုင်ခြင်းကဲ့သို့ အကျိုးများရရှိနိုင်ပါတယ်။ ​

အထက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် များပြားသော Task များကို အချိန်တိုအတွင်း အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016