ကျွန်တော်တို့ဟာ တစ်ရက်တစ်ရက် အလုပ်တွေလုပ်ပြီး အချိန်တွေကုန်သွားရင်းနဲ့ပဲ သံသရာလည်နေကြပြီးတော့ ကိုယ့်မိသားစုအတွက်အချိန်ပေးဖို့ရာမေ့လာကြပါတယ်။ အားလုံးလက်ခံထားတဲ့ ဆိုရိုးတစ်ခုလိုပါပဲ " Time is Gold " အချိန်ဟာရွှေလိုဘဲ တန်ဖိုးရှိတယ်တဲ့။ ကဲ ဒါဆိုရင်တန်ဖိုးရှိတဲ့အချိန်တွေကို နေ့စဉ်နဲ့အမျှအလုပ်ထဲမှာနစ်မြုပ်ရင်းနဲ့ပဲ ကုန်ဆုံးကြတော့မှာလား?
ဒီတစ်ခေါက်မှာတော့ ကိုယ့်မိသားစုကို ချစ်ခင််််တွယ်တာတတ်လာအောင်၊ သူတို့အတွက်အချိန်ဖန်တီးပေးတတ်လာအောင် အကြံပေးပြောပြပေးချင်ပါတယ်။
ပထမဆုံး ကိုယ့်ကိုလူ့လောကထဲခေါ်လာပြီး ကျွေးမွေးပြုစုရင်းရှင်သန်ခွင့်ပေးခဲ့တဲ့ ကိုယ့်ဘဝရဲ့ကျေးဇူးရှင်မိဘတွေကို အဓိကအချိန်ပေးပေးပါ။ အချိန်ပေးပါဆိုတဲ့နေရာမှာ အပြင်တွေခေါ်သွား ခရီးတွေထွက်နဲ့အမြဲတမ်းလုပ်ပေးနေဖို့ကို မဆိုလိုပါဘူး။ အချိန်ပေးပါဆိုတာက #To Make Time to Talk & Listen မိဘတိုင်းဟာ ကိုယ့်သားသမီးဘယ်အရွယ်ပဲရောက်ရောက် သူတို့နဲ့ပတ်သတ်တဲ့ အဆင်ပြေမှု၊ မပြေမှုကိစ္စတိုင်းကို သိချင်ကြတယ်။ ပြဿနာရှိတယ်ဆိုရင်လည်း သူတို့နဲ့တိုင်ပင်စေချင်ပြီး ဖြေရှင်းပေးချင်ကြတာ ဒါမိဘတိုင်းရဲ့သဘောပါ။ အလားတူပါပဲ သူတို့မှာလည်း ပြောစရာကိစ္စလေးတွေကိုယ်စီရှိနေတတ်ကြပါတယ်။ ပြဿနာလေးေတွရှိရင်လည်း တိုင်ပင်ရင်ဖွင့်ချင်ကြတာမျိုးလည်းရှိပါတယ်။ကိုယ့်ရဲ့ဆိုးမှု ကောင်းမှုတွေအကုန်လုံးကို လက်ခံနိုင်ပြီး တခြားလူတွေထက် နှစ်သိမ့်မှုပေးနိုင်တာလည်း ကိုယ့်ရဲ့မိဘတွေပါပဲ။ ဒါကြောင့် မိဘကိုအချိန်ပေးပါ စကားပြောပါ။ သူတို့ကိုလည်း ပြန်နားထောင်ပေးဖို့မမေ့ပါနဲ့။
နောက်တစ်ခုကတော့ ကိုယ့်မှာပြီးပြည့်စုံတဲ့မိသားစုတစ်ခုရယ်လို့ဖြစ်လာခြင်းက ကိုယ်ရဲ့သားသားမီးမီးလေးတွေကြောင့်လည်းအဓိကပါပါတယ်။ “ကလေးကောင်းမှ လူကြီးကောင်းတာ လူကြီးကောင်းမှ အားလုံးကောင်းတာ” ဆိုတဲ့ဆိုရိုးစကားလိုပါပဲ ငယ်ရွယ်စဉ်ကလေးဘဝတည်းက လူလိမ္မာ လူယဉ်ကျေးလေးတွေဖြစ်လာအောင် မိဘဝတ္တရားနဲ့အညီပြုစု ပျိုးထောင်ပေးမှသာ နောင်လာမယ့်အနာဂါတ်မှာ အားထားရလောက်တဲ့လူတော်တွေဖြစ်လာမှာပါ။ သားသမီးကို ချစ်ပုံချစ်နည်းလွဲမှားနေတဲ့ တချို့မိဘတွေရှိပါတယ်။ စီးပွားရှာပြီး လိုရာမှန်သမျှဝယ်ပေးနေတာနဲ့ မိဘဝတ္တရားကျေပြီလို့ မဆိုနိုင်ပါဘူး။ ကိုယ့်ကလေးရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ မိဘဆီကနေအသိအမှတ်ပြုခံချင်တာ၊ ဂရုစိုက်ခံချင်တာ၊ အာရုံစိုက်ချင်တာ ဒါတွေကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။ ဒါကြောင့်သားသမီးလေးတွေကို ဂရုတစိုက်နဲ့ အချိန်ပေးပါ သူတို့ပြောချင်တာတွေကိုလည်းနားထောင်ပေးပါ။ နောက်ထပ်တစ်ခုအနေနဲ့က #To make time to teach your children important lessons of life ကိုယ့်သားသမီးတွေကို ဘဝရဲ့သင်ခန်းစာတွေ၊ အသိဉာဏ်ဗဟုသုတရစရာတွေနဲ့ လူတွေရဲ့အကြောင်းတွေကိုလည်း သင်ကြားပေးဖို့ အချိန်ပေးသင့်တယ်။ ကျောင်းသင်ခန်းစာတွေဟာ အချိန်နဲ့အသက်ရွယ်နဲ့အမျှ သင်ကြားမှတ်သားလို့ရပေမယ့် ဘဝအကြောင်းတော့ မိဘများကသင်ကြားပြောပြပေးဖို့ အချိန်ပေးသင့်ပါတယ်။ ယနေ့ခေတ်မှာ အလိမ်အညာတွေနဲ့ မသမာသူတွေများလွန်းပါတယ်။ ကိုယ့်ကလေးက ဒီလိုခြိမ်းခြောက်မှုတွေက လိမ္မာပါးနပ်စွာရှောင်ရှားနိုင်အောင် တကယ်လို့များရင်ဆိုင်လာရတဲ့အခါလည်း အဲ့လိုအချိန်မှာ တုန်လှုပ်ခြောက်ခြားမနေဘဲ ရဲရင့်သတ္တိရှိဖို့လိုအပ်ကြောင်း စတာတွေကို မိဘတွေကအချိန်ပေး သင်ကြားပြောပြပေးမှသာ ဒီလိုအခက်ခဲတွေဖြေရှင်းနိုင်မှာပါ။
ကိုယ့်သားသမီးတင်မကပါဘူး။ ကိုယ့်အတွက်နိစဒူဝအလုပ်တွေမှာ ဆိုးတူကောင်းဖက်ရှိပေးတဲ့အပြင် အနီးဆုံးကနေကူညီပေးနေတဲ့သူဖြစ်တဲ့ ဇနီးမယား/ခင်ပွန်း အတွက်လည်း အချိန်ပေးပြီး ဂရုစိုက်ပေးဖို့လည်း အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ မိသားစုအတွက်အချိန်ပေးချိန်မှာ တခြားကိစ္စလေးတွေကို အတတ်နိုင်ဆုံးဖယ်ထားပေးပါ။ #To show affection, appreciation and encouragement မိသားစုနဲ့အတူရှိနေချိန်မှာ ချစ်မေတ္တာအကြောင်းတွေပြောရင်း တစ်ဦးနဲ့တစ်ဦးနွေးထွေးစွာ စကားလေးတွေနှီးနှောဖလှယ်ကြပါ။ ကိုယ်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖဲ့ပေးနေရတဲ့ ဖုန်းတွေကိုဝေးဝေးမှာထားလိိုက်ပါ။ အပေါ်ယံသာ ခင်မင်ရင်းနှီးကြတဲ့ Social media တွေကို ဒီချိန်မှာပိတ်ထားလိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ Spending Time with Family is Vital in our lives ကြောင့်ပါ။
အားလုံးဘဲကိုယ့်မိသားစုကို အချိန်ပေးရင်း လူမှုဘဝရဲ့တာဝန်တွေကိုထမ်းဆောင်အောင်မြင်နိုင်ကြပါစေ...