facebook tracking image
The Art of Attending Courses in Yangon
Personal Development

The Art of Attending Courses in Yangon

ရန်ကုန်မြို့ရဲ့သင်တန်းတက်ခြင်းအနုပညာ

လူတိုင်းမှာ Talent ကိုယ်စီရှိကြပါတယ်။ များသောအားဖြင့် ကိုယ့် Talent ကိုသတိမမူမိကြပါဘူး။ အဲဒါအကြီးမားဆုံးပြဿနာပါပဲ။

Hard Skills 
အချို့က ပင်ကိုယ်အားဖြင့် အတွက်အချက်အားကောင်းတယ်။ အချို့က Public Speaking ကို ပင်ကိုယ် Talent ပါလာတယ်။ အချို့က လူတစ်ယောက်ကိုချဉ်းကပ်ပြီးစကားပြောဆိုရာမှာ လွှမ်းမိုးမှုအားကောင်းတယ်။

Soft Skills 
Hard skills မှာ ဖော်ပြထားတဲ့အရာတွေထက်မသိမသာ Talent ရှိနေတာမျိုးလေးတွေ ဥပမာ -  စာရေးကောင်းတယ်၊ သီချင်းဆိုကောင်းတယ်၊ ထူးခြားတဲ့ Design Concept Idea လေးတွေရှိတယ်၊ Investment ကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်တယ်။

1. ဘယ်အချိန်မှာ ဒီ Skill တွေတက်အောင်လုပ်သင့်လဲ ? 
အလုပ်ခွင်မှာ စိတ်ဖိအားတွေများလာတဲ့အခါ Soft Skill လေးတွေနဲ့ အပန်းဖြေပါ၊ Skill လညး်တက်သလို လူလည်း ပေါ့ပါးစေပါတယ်။ ဒါ့အပြင် ကိုယ်ဝါသနာပါရာ စာရေးတဲ့ Class ဖြစ်ဖြစ်၊ Design Class ဖြစ်ဖြစ်၊ investment Small Forum ဖြစ်ဖြစ် သွားသင့်ပါတယ်။ ဒီလိုသွားပေးခြင်းက Network နဲ့ အပေါင်းအသင်းဝင်ဆန့်မှုကိုအများကြီးအထောက်အကူဖြစ်စေပါတယ်။

2. Hard skills တွေဘယ်အချိန်မှာတက်သင့်လဲ ?
ဒီအပိုငး်က နည်းနည်းအရေးကြီးပြီး ပိုအာရုံစိုက်သင့်ပါတယ်။ ကိုယ်က အတွက်အချက်အားကောင်းတယ်၊ Excel ပိုင်းအားနည်းတယ်ဆိုရင် သေချာပေါက် Excel Class တက်ပြီး Practice များများလုပ်သင့်တယ်၊ သင်တန်းတက်မယ်ဆိုရင် Weekend ပိုင်းတွေမှာ တက်သင့်ပါတယ်။
ကိုယ်က လူတစ်ယောက်ကို Influence လုပ်နိုင်မှုအားကောင်းတယ်ဆိုရင် Techincal ကျကျ Prospecting ဘယ်လိုလုပ်မယ်ဆိုုတာကို လေ့လာဖို့ ဆောင်ရန်ရှောင်ရန်တွေအတွက် Training / Workshop တွေယူသင့်ပါတယ်။ စာရွက်တစ်ရွက်ထက် ကိုယ်ဘာရလာသလဲဆိုတာပိုအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။
 
3. သင်တန်းတွေဘယ်လိုစုံစမ်းမလဲ ? စျေးကြီးရင်တက်မှာလား?? 
အချို့သင်တန်းတွေစျေးတကယ်ကြီးပါတယ်၊ စျေးကြီးသလို ကိုယ့် Hard Skills ကို Double Boost Up လုပ်ပေးနိုင်တဲ့ဟာမျိုးတွေလည်းရှိပါတယ်။ 
Online Course ကိုတော့အထူးတက်သင့်ပါတယ်။ Self Study လုပ်ရတာဖြစ်လို့ ကိုယ်တိုင်လေ့လာရတာပါ။ ဒီမှာ သင်တန်းတိုင်းက Text Book ကို ပြန် Train ပေးတာပါ၊ ပြောရရင်အဆင်သင့်ပါ။
ကိုယ်တိုင် Self-Study လုပ်လို့ ရတဲ့ Result က တစ်သက်လုံးမေ့မှာမဟုတ်တော့ပါဘူး။

4. တက်ပြီးရင်ပြီးပြီလား?
ရလာတဲ့ Knowledge တွေကို အလုပ်ခွင်မှာ အဆင်ပြေမပြေစမ်းသုံးကြည့်ပါ။ အဆင်ပြေလို့ Modify ဖြစ်လေလေ ကိုယ့်အတွက်အကျိုးရှိလေလေပါပဲ။