facebook tracking image

Connecting...

Banner Default Image

နေ့စဉ် အလုပ်တွေကနေ ကိုယ့်ရဲ့ Personal Development ရအောင် ဘယ်လိုလုပ်မလဲ ?

Mobile Default Image

26 Mar 00:00 by Hnin Htet Oo Wai

Personal Development

• သင့်ရဲ့ လက်ရှိအခြေအနေကနေ ပိုမိုကောင်းမွန်တဲ့အခြေအနေကိုရဖို့အတွက် သင့်ရဲ့အတွေးအခေါ် အယူအဆအသစ်တွေလိုပါတယ်။ အခုထက်လည်း သင်ပိုတော်ဖို့လိုပြီး သင့်မှာရှိနေတဲ့အားသာချက်၊ အရည်အချင်းတွေနဲ့ သင့်ကိုယ်သင်တိုးတက်အောင် လုပ်ဆောင်ရမယ့် Personal Development  ဆိုင်ရာအကြောင်းအရာများစွာကို လေ့လာသင်ယူရပါမယ်။
• Continuous Personal Development ဖြစ်ဖို့က အားလုံး အတွက် အရေးကြီးပါတယ်။ အလုပ်ခွင်မှာ နေ့စဉ်ဒီအလုပ်ပဲလုပ်နေရတယ်ဆိုပြီး အဲ့အလုပ်ကနေ ဘာမှသင်ယူလို့မရတော့ဘူး ကိုယ့်ရဲ့ JD ကြီး ကို ပျင်းလာလို့နောက်အလုပ်တစ်ခုကို ပြောင်းချင်တယ် ဆိုပြီး Candidate တစ်ချို့ ဆီ ကကြားရလေ့ရှိပါတယ်။
• အလုပ်လုပ်ပြီး ၂ နှစ်လောက်မှာ နေ့စဉ် ရုံး လာရမှာကို ဘာလို့ ပျင်းသွားတာလဲ ? ကိုယ်လုပ်ကိုင်ရမယ့်အပိုင်းတွေကို သေချာလည်းကျွမ်းကျင်နေပြီ Training တွေကလည်း တခြားလိုအပ်နေသူတွေရှိလို့ဦးစားပေးနေတဲ့အတွက် အရင်ကလောက်မရတော့ဘူး။

အဲ့ဒါဆို ဒီလိုအချက်လေးတွေကို တစ်ချက် လုပ်ကြည့်ပါ။
• ကိုယ့်ဘာ သာ Weekly/ Monthly Goal ချမှတ်ပါ။ အနောက်မရွှေ့ပါနဲ့။ တခါနဲ့ တခါ မတူညီတဲ့ challenge ဖြစ်တဲ့ Goal များ သတ်မှတ်ပါ။ Goal တွေဖြစ်မြောက်သွားတိုင်း ကိုယ့်ဘာသာ award ပေးပါ။
• ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေဆီကနေ တစ်ဆင့် ကိုယ် အားနည်းတဲ့ အပိုင်း တွေကို သူတို့ဘယ်လို ကိုင်တွယ်လဲ သေချာနားထောင်ပါ လေ့လာပါ။ သင်ယူဖို့မကြောက်ရွံ့ပါနဲ့။
• Self Learning အတွက် အချိန် တစ်ခု သတ်မှတ်ထားပါ။ သတ်မှတ်ချိန်အတွင်း တစ်ခုခု ရအောင်သင်ယူပါ။ လုပ်ငန်းခွင်အတွင်းပြန်အသုံးချပါ။
• ကိုယ့်ရဲ့အောင်မြင်မှု အတွေ့အကြုံအတိုင်း ကို ပြန် Sharing လုပ်ပါ။
လက်ဆင့်ကမ်းပါ။ ငါလုပ်မှဖြစ်မယ်ဆိုတာထက်ငါမလုပ်ဘဲပြီးမြောက်အောင် တခြားသူတွေကိုပါတွဲခေါ်ပါ။ ဘဝတွင်ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချနိုင်သော အလေ့အထကိုတိုးတက်စေပါ။

သင်ရွေးချယ်သောဆုံးဖြတ်ချက်သည်နောက်ဆုံးသင်ဦးဆောင်မည့်ဘဝကိုဆုံးဖြတ်သည်။
သင်၏ဆုံးဖြတ်ချက်များသည်သင်၏ဘ ၀ ကိုပုံဖော်သည်၊ ထို့ကြောင့် ပို၍ အရေးကြီးသည်၊
သင်ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချလေလေ၊ သင်၏ဘဝသည်ပိုမိုကောင်းမွန်လေလေဖြစ်သည်။


To Read More Articles -