facebook tracking image

Connecting...

Banner Default Image

8-5 Routine !

Mobile Default Image

02 Apr 00:00 by Aye Phyu Sin

​နေ့စဉ်အလုပ်ခွင်ဝင်နေသူတွေအဖို့တော့ အတော့်ကို နားကလောစေတဲ့ အသုံးအနှုံးလေးပါ။ ဆိုလိုတာက အလုပ်လုပ်ရတာစိတ်ညစ်စရာမဟုတ်ပဲ အလုပ်ကပေးတဲ့ Stress တွေ အလုပ်လုပ်ရင်းဖြစ်လာတက်တဲ့ Anxiety တွေကို ဘယ်သူမဆိုတော့ ပျော်ပျော်ကြီးလက်ခံကြမယ် မထင်ပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ လုပ်ငန်းခွင်ကြောင့်ဖြစ်လာတဲ့ Stress တွေကို အလွယ်တကူခေါင်းထဲက ဘယ်လိုထုတ်လို့ရနိုင်မလဲဆိုတာလေးတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

☘ Act Rather Than React
အလုပ်မှာ ကိုယ်တိုင်ထိန်းချုပ်လို့ မရနိုင်တော့တဲ့ ကိစ္စတစ်ခုရှိလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲကနေ Stress Hormones တွေစထွက်လာတက်တယ်လို့ ဆေးဘက်ဆိုင်ရာစာတမ်းတစ်ချို့အရ သိရပါတယ်။ ဒါကြောင့်မို့ ဖြစ်လာတဲ့ ကိစ္စကို Emotional အရခံစားမနေဘဲ လက်တွေ့ကျကျ ရင်ဆိုင်လိုက်တာလည်း Stress out ဖြစ်စေပါတယ်။

☘ Take A Deep Breath
အသက်ကို ခပ်ပြင်းပြင်း ရှုထုတ်/ရှုသွင်းလိုက်ခြင်အားဖြင့်လည်း stress တွေဆီကနေရုန်းထွက်နိုင်ပါတယ်။ ၃ မိနစ်လောက် ဘာမှမလုပ်ပဲနဲ့ ကိုယ့်ရဲ့ Desk ပေါ်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်လိုက်ခြင်းဟာ သွေးလည်ပတ်မှုကို ပုံမှန်ပြန်ဖြစ်စေပြီး အလုပ်အပေါ်ကို Focus ပြန်ထားဖို့နဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို Balance ပြန်ဖြစ်စေပါတယ်။

☘ "Push, Push, Push" Approach
တစ်နေ့ပုံမှန်အလုပ်ချိန် ၈ နာရီထက်ပိုလုပ်ရတဲ့အခါ Productivity တွေကျပြီး Stress တွေကတော့ တက်လာတက်ပါတယ်။ ကိုယ့်ရဲ့ Personal အချိန်တွေလည်း နည်းသွားတော့ ပျော်ရွှင်မှုနှုန်းလည်း အလိုအလျောက် ကျလာပါရောဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် Daily Schedule တစ်ခုသတ်မှတ်ထားပြီးတော့ သတ်မှတ်ချိန်အတွင်းအလုပ်ကို သေချာ Focus ပြီး ကိုယ့်ကိုယ်ကိုယ် Push နေမယ်ဆိုရင် Stress ရချိန်တောင်မရှိတော့ပါဘူး။

☘ Eat Right And Sleep Well
အအိပ်အစား မမှန်တာတွေဟာကိုယ်ရဲ့လုပ်ငန်းခွင်အချိန်တွေမှာကောင်းကောင်းကြီးဒုက္ခပေးတက်ပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုသလို အအိပ်အအစားမှန်အောင်နေခြင်းနဲ့ အလုပ်ခွင်မှာဖြစ်လာနိုင်တဲ့ အထွေထွေ စိတ်ဖိစီးမှုတွေကိုကာကွယ်နိုင်ပါတယ်။

နောက်ထပ် Stress release ဖြစ်စေတဲ့ အချက်အလက်တွေ အများကြီးရှိနေပါသေးတယ်။ သို့ပေမယ့် တစ်ချို့အချက်အလက်တွေက အလုပ်ခွင်မှာ အသုံးချဖို့ အဆင်မပြေတာက တစ်ကြောင်း၊ စာအရမ်းရှည်သွားပြန်လို့ အီ သွားမှာကလည်း တစ်ကြောင်း ဒီစာကို ဒီမှာတင်အဆုံးသတ်ပါရစေ။

To Read More Articles -