facebook tracking image

Connecting...

Banner Default Image

Counter Offer လက်မခံခင် စဉ်းစားရမယ့် အချက်များ

Mobile Default Image

06 Aug 00:00 by May Pwint Phyu

​MyWorldians တွေတော်တော်များများကတော့ အရင်ကရေးထားတာလေးတွေရှိမှာပါ။ Interview Tips တွေ၊ Do and Dont's တွေ၊ COVID-19 မှာ ဘယ်လို အလုပ်တွေက Booming ဖြစ်နေတယ် Market အခြေအနေရောပေါ့...

အခု မေပွင့် ပြောချင်တဲ့အချက်က Candidate တွေတော်တာ်များများ ကိုယ့်လက်ရှိကုမ္ပဏီကနေ Resign တင်ရင် ကြုံဖူးကြမှာပါ။ တော်တော်များများလည်း ဖြစ်ဖူးကြမှာပါ။ အဲ့ဒါကတော့ ကိုယ့်လက်ရှိကုမ္ပဏီက ကိုယ့်ကိုလစာအနေနဲ့သော်လည်းကောင်း ရာထူးအနေနဲ့သော်လည်းကောင်း Overseas Job Training တွေနဲ့သော်လည်းကောင်း Counter Offer ပေးခြင်းဖြစ်ပါတယ်...

တကယ်လို့ အဲဒီ့လိုအခြေအနေမျိုးရောက်ခဲ့ရင် သူသူကိုယ်ကိုယ်အကုန်လုံးက ဘာလုပ်ရမယ်မှန်းမသိတော့တဲ့ အခိုက်အတန့်တွေရှိမှာဘဲနော် တစ်ဖက်ကကြည့်တော့လည်း New Challenges နောက်တဘက်ကကျတော့လည်း ကိုယ်နဲ့ Used to ဖြစ်ပြီးသားပတ်ဝန်းကျင်မှာ ပိုကောင်းတဲ့ Benefits တွေနဲ့ဆိုတော့ အကုန်လုံးစိတ်ဒွိဟဖြစ်တတ်ကြမှာပါ...

ဒီနေ့တော့ မေပွင့်က Counter Offer လက်မခံခင် ဘယ်အချက်တွေ သေချာစဉ်းစားသင့်လဲဆိုတာလေး ဝေမျှပေးချင်ပါတယ်နော်...

၁။ ကိုယ့်ဘာကြောင့် ဒီအလုပ်ကထွက်ရလဲဆိုတဲ့ အကြောင်းကို သေချာစဉ်းစားပါ။ ဒီအလုပ်မှာ အထက်လူကြီးနဲု့အဆင်မပြေလို့ လက်အောက်ငယ်သားတွေနဲ့ အဆင်မပြေလို့ တချို့ဆိုရင်ကြုံဖူးမှာပါ။ နောက်တနေ့ရုံးတက်ဖို့ကိုကြောက်နေတာမျိုး၊ ပြီးတော့ တစ်နေ့တစ်နေ့ Repeated Job တွေကြီးပဲလုပ်နေရလို့ပျင်းလာတာမျိုး စတဲ့ပြဿနာတွေက ကိုယ့်ကိုဘယ်လောက်ပဲ Offer ပေးပေး ကိုယ့်ဘက်က သေချာပြန်စဉ်းစားသင့်တဲ့အချက်တွေပါနော်။

၂။ တစ်ခါတစ်လေ Money Make Everything ဆိုတဲ့ စကားကလည်း မေပွင့်တို့အတွက်မဟုတ်တော့သလိုပါပဲ။ ကိုယ့်လုပ်ငန်းမှာ အထက်လူကြီးက ကိုယ့်ကို Appreciation မရှိတာ ကိုယ့်စကားကို အလေးမထားတာမျိုးတွေက ဘယ်လောက်ပဲ Counter Offer ပေးပေး People Value မထားတဲ့ ကုမ္ပဏီမှာ ကိုယ့်ရဲ့အချိန်တွေ ကိုယ့်ရဲ့ Skill တွေကို Waste လုပ်မလားဆိုတာလည်း ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်ပါတယ်။

၃။ နောက်ဆုံးတစ်ခုက ကိုယ်နောက်ထပ်အလုပ်တစ်ခုရလို့ Resign တင်မှ "သေချာစဉ်းစားပါ ဘယ်ရာထူးပေးပါ့မယ် လစာဘယ်လိုတိုးပေးပါ့မယ်" ဆိုတဲ့စကားတွေဟာ ကိိုယ့်ကိုယ်ကို Smart ဖြစ်စေတယ်လို့ မထင်ပါဘူးနော်။ မြန်မာစကားပုံဆိုရင် လွတ်တဲ့ငါးကပိုကြီးတယ်ဆိုသလိုပါပဲ။ အလုပ်လုပ်နေတုန်းကတော့ Promotion တွေ Increment တွေမရှိခဲ့ဘဲနဲ့ ကိုယ်အလုပ်ထွက်တော့မှ Counter Offer ပေးပြီး အခြားခြားသော Benefits တွေနဲ့ မက်လုံးပေးတဲ့ကုမ္ပဏီကို ကိုယ်ပြန်သွားမလား ဆိုတာလည်းသေချာစဉ်းစားသင့်ပါတယ်။

ဒါကြောင့် ကိုယ့်ဘက်က Counter Offer ကိုလက်မခံခင်မှာ ကိုယ်ဘာကြောင့် ဒီကုမ္ပဏီကနေ အလုပ်ထွက်တာလဲဆိုတဲ့အကြောင်း သေချာစဉ်းစားပေးပါလို့ အကြံပြုလိုက်ပါတယ်နော်...

To Read More Articles