facebook tracking image
Mental Health Awareness
Personal Development

Mental Health Awareness

​ဒီ Blog လေးမှာတော့ လူတိုင်းအတွက် အသုံးဝင်နိုင်မယ့် စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ Tips လေးတွေကို ပြောပြပေးသွားမှာပါ။ ​

ယခုအချိန်မှာ အမျိုးမျိုးသော အကြောင်းအရာများစွာတို့ကြောင့် ကျွန်မတို့ဟာ Mental Illnesses စိတ်ပင်ပန်းစေတဲ့အရာများစွာတို့နှင့်နေ့စဉ်နေ့တိုင်းထိတွေ့နေကြပါတယ်။ အများစုက ထိုကဲ့သို့သော အရာများကို တိတ်ဆိတ်စွာခံစားရလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဒါတွေကို ကျွန်မတို့ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုကုသကြမလဲ ဆိုတာနဲ့ပတ်သတ်ပြီး အထိရောက်ဆုံး နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။ ​

1️⃣ Get Sufficient Sleep

​ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက Mental Health အတွက် အထိရောက်ဆုံးသော ကုသနည်းပါ။ ကျွန်မတို့ အများစုဟာ ယနေ့ခေတ်လူနေမှုစနစ်အပြောင်းအလဲကြောင့်သော်လည်းကောင်း၊ များစွာသော Online Activities များကြောင့်သော်လည်းကောင်း အိပ်ချိန်နည်းလာတာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ ဒါတွေက ကြာလာတာနှင့်အမျှ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေပါတယ်။ ဒါကြောင့် နေ့စဉ်ကောင်းမွန်စွာ အိပ်စက်ဖို့ အရေးကြီးတယ်နော်။ ​

2️⃣ Feel Good by Doing Something for Others

သူတစ်ပါးကို ကူညီခြင်းက သင့်ရဲ့ Mental Health အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ သင်ကိုယ်သင်အလွန်အမင်းအာရုံစူးစိုက်နေခြင်းက သင့်ကို Mental Illnesses ဖြစ်စေပါတယ်။  Volunteer လုပ်ကြည့်ကြနော်။ ​

3️⃣ Engage in a Mental Workout  ​

Mental Workout တွေကတော့ နည်းလမ်းများစွာရှိပါတယ်။ ကျွန်မကတော့ Meditation က အကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။ Yoga ကို Physical အတွက်ရော Mental အတွက်ပါ ကစားတဲ့ သူတွေလည်း ရှိပါတယ်။ Meditation ပြုလုပ်ခြင်းအားဖြင့် Stress ကို Manage လုပ်နိုင်ခြင်း၊ Negative Emotions တွေလျော့ချနိုင်ခြင်း စတဲ့အချက်တွေနဲ့ Mental Health ကို အကောင်းဆုံးထိန်းသိမ်းနိုင်မှာပါ။ ​

4️⃣ Stay Active​

Physically ရော Mentally အရပါ Active ဖြစ်နေတာကို ဆိုလိုတာပါ။ ရှေ့က ဆွေးနွေးခဲ့သလိုမျိုး Mental Illnesses တွေနှင့် ရင်ဆိုင်ရရင် တိတ်ဆိတ်နေတာမျိုးထက် ပေါ့ပေါ့ပါးပါးရင်ဆိုင်လိုက်တာမျိုးက သင့်ရဲ စိတ်ကိုပိုပြီး သက်တောင့်သက်သာဖြစ်နေမှာပါ။ Physically Active ဖြစ်နေတာကလည်း Mental Health အတွက် Good Impact တစ်ခုပါပဲ။ ​

5️⃣ Get Help if You Need it

ဟုတ်ပါတယ်။ ကျွန်မတို့ တကယ်လို့ တစ်စုံတစ်ယောက်ဆီက နားထောင်ပေးတာမျိုး နှစ်သိမ့်ပေးတာမျိုး၊ ဒါမှမဟုတ် အကူအညီလိုအပ်တာမျိုးဆို ပွင့်လင်းစွာပြောပြ အကူအညီတောင်းပါ။ Silent is Darkness ပါ၊ တိတ်ဆိတ်ခြင်းက သင့်ကို ပိုပြီး ပင်ပန်းစေနိုင်ပါတယ်။

​Mental Health အတွက် နည်းလမ်းကောင်းများစွာထဲက အကောင်းဆုံး ဖြစ်စေမယ်လို့ ယုံကြည်သော၊ ကိုယ်တိုင်အသုံးချနေသော နည်းလမ်းများကို မျှဝေပေးခြင်းပါ။ အားလုံးအတွက်အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။