facebook tracking image
5 Basic Etiquettes to Follow During a Business Call
Workplace Etiquettes

5 Basic Etiquettes to Follow During a Business Call

Business Call ခေါ်ဆိုရာတွင် လိုက်နာသင့်သော အခြေခံ ၅ ချက်

လုပ်ငန်းခွင်က ဝန်ထမ်းများအနေနဲ့ အလုပ်ကိစ္စနဲ့ဖုန်းခေါ်တဲ့အခါ (သို့) ဖုန်းလက်ခံပြောတဲ့အခါ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ 

1. Identify yourself. (ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ။) 
ကိုယ့်ဘက်ကနေ ဖုန်းစခေါ်တဲ့အခါ “ဘယ်သူ၊ဘယ်ဝါနဲ့ ဖုန်းပြောချင်ပါတယ်၊” “ ဘာအကြောင်းအရာပါ” လို့ မပြောခင် အရင်ဆုံး တစ်ဖက်က ဖုန်းဖြေတာနဲ့ ကိုယ့်ကိုယ့်ကို မိတ်ဆက်သင့်ပါတယ်။ ကိုယ့်ရဲ့ နာမည် နဲ့ Company နာမည် (လိုအပ်လျှင် ရာထူး) တို့ကို ပြောပြီးမှသာ ကိုယ်ဆက်သွယ်ချင်တဲ့ တစ်ဖက်လူကို ကိုယ်သိချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စမေးသင့်ပါတယ်။ 

2. Always know and state the purpose of the communication. (ကိုယ်ဖုန်းဆက်ရတဲ့ အကြောင်းအရင်းကို ကိုယ်တိုင်သေချာသိပါစေ။) 
အလုပ်ကိစ္စနဲ့ ဖုန်းခေါ်တာဖြစ်တဲ့အတွက် ဘယ်သူနဲ့ “ ဘယ်အကြောင်းအရာ ပြောမယ်၊ ဘယ်ကိစ္စကိုတော့ မေးဖို့လိုတယ်၊ အတည်ပြုဖို့လိုတယ်” စသဖြင့် ဖုန်းမခေါ်ခင်ကတည်းက သေချာ စဉ်းစားထားသင့်ပါတယ်။ 

3. If you told a person you would call at a certain time, call them as you promised. (ဖုန်းဆက်မယ်လို့ ကတိပေးထားတဲ့ အချိန်အတိုင်း ဖုန်းဆက်ပါ။) 
အလုပ်အရမ်းများလာတဲ့အခါ၊ တခြားအရေးကြီးကိစ္စတစ်ခုပေါ်လာတဲ့အခါမျိုးကျရင် တစ်ဖက်လူကို လုပ်ငန်းကိစ္စဖုန်းဆက်မယ်လို့ ပြောထားပြီးမှ မဆက်ဖြစ်တော့တဲ့ အခြေအနေမျိုး ကြုံလာတတ်ပါတယ်။ အဲဒီအခါကျရင် မဆက်ဖြစ်တဲ့အကြောင်းကို ကြိုပြီး ပြောပြထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖုန်းဆက်ပြောဖို့ လုံးဝ မအားလပ်တဲ့အခါမျိုးကျရင် တခြားတစ်ယောက်ယောက်ကို ဖုန်းဆက်ခိုင်းတာမျိုး (သို့) Email ပို့တာမျိုး လုပ်သင့်ပါတယ်။ 

4. Be sensitive to the tone of your voice. (အသံနေအသံထားမှန်မှန်နဲ့ ပြောသင့်ပါတယ်။) 
တစ်ခုခုကိုစားရင်း (သို့) ၀ါးရင်း ပြောတာမျိုး၊ အသံအကျယ်ကြီး (သို့) ဗလုံးဗထွေးပြောတာမျိုးတွေကို လုံးဝရှောင်သင့်ပါတယ်။ အလုပ်ကိစ္စနဲ့ ဖုန်းဆက်တာဖြစ်တဲ့အတွက် ပုံမှန်လေသံ နဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေသုံးပြီး ပြောသင့်ပါတယ်။ မိခင်ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကားနဲ့ ပြောဆိုရတဲ့အခါ ပိုပြီး Formal ဖြစ်တဲ့ စကားလုံး၊ Business Term တွေကို အသုံးပြုသင့်ပါတယ်။ 

5. Do not allow interruptions to occur during conversations. (ဖုန်းပြောနေတုန်း တခြားကိစ္စများကို လက်ခံပြောဆိုတာမျိုး မပြုလုပ်ပါနဲ့။) 
ဖုန်းပြောနေရင်း တစ်ယောက်ယောက်က Interrupt လုပ်ဖို့၊ စကားပြောဖို့ ကြိုးစားလာတဲ့အခါ (ကိုယ့်ရဲ့ အထက်လူကြီးပင် ဖြစ်ပါစေ) လျစ်လျူရှုထားလိုက်ပါ။ ဖုန်းပြောနေရင်း တခြားကိစ္စတစ်ခုကို ပြောဆို ဆောင်ရွက်တာဟာ တစ်ဖက်လူကို မလေးစားရာ ရောက်ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို လိုက်နာပြီး ပြောဆိုဆက်ဆံတဲ့အခါ အလုပ်ကိစ္စတွေ ပိုမိုမြန်ဆန်ချောမွေ့လာမှာ ဖြစ်တဲ့အပြင် ကိုယ်က တလေးတစား ပြုမူထားတဲ့အတွက် အလုပ်ရှင်များသာမက လုပ်ဖော်ကိုင်ဖက်များကပါ ကိုယ့်ကို Communication Skill ကောင်းတဲ့သူတစ်ယောက်၊ Ethic ရှိတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Share this blog

Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016
Cultivating The Ideal Working Environment
Cultivating The Ideal Working Environment
Published 15 February 2018