facebook tracking image
8-5 Routine !
Personal Development

8-5 Routine !

နေ့စဉ်အလုပ်ခွင်ဝင်နေသူတွေအဖို့တော့ အတော့်ကို နားကလောစေတဲ့ အသုံးအနှုံးလေးပါ။ ဆိုလိုတာက အလုပ်လုပ်ရတာစိတ်ညစ်စရာမဟုတ်ပဲ အလုပ်ကပေးတဲ့ Stress တွေ အလုပ်လုပ်ရင်းဖြစ်လာတက်တဲ့ Anxiety တွေကို ဘယ်သူမဆိုတော့ ပျော်ပျော်ကြီးလက်ခံကြမယ် မထင်ပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ လုပ်ငန်းခွင်ကြောင့်ဖြစ်လာတဲ့ Stress တွေကို အလွယ်တကူခေါင်းထဲက ဘယ်လိုထုတ်လို့ရနိုင်မလဲဆိုတာလေးတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

☘ Act Rather Than React
အလုပ်မှာ ကိုယ်တိုင်ထိန်းချုပ်လို့ မရနိုင်တော့တဲ့ ကိစ္စတစ်ခုရှိလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲကနေ Stress Hormones တွေစထွက်လာတက်တယ်လို့ ဆေးဘက်ဆိုင်ရာစာတမ်းတစ်ချို့အရ သိရပါတယ်။ ဒါကြောင့်မို့ ဖြစ်လာတဲ့ ကိစ္စကို Emotional အရခံစားမနေဘဲ လက်တွေ့ကျကျ ရင်ဆိုင်လိုက်တာလည်း Stress out ဖြစ်စေပါတယ်။

☘ Take A Deep Breath
အသက်ကို ခပ်ပြင်းပြင်း ရှုထုတ်/ရှုသွင်းလိုက်ခြင်အားဖြင့်လည်း stress တွေဆီကနေရုန်းထွက်နိုင်ပါတယ်။ ၃ မိနစ်လောက် ဘာမှမလုပ်ပဲနဲ့ ကိုယ့်ရဲ့ Desk ပေါ်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်လိုက်ခြင်းဟာ သွေးလည်ပတ်မှုကို ပုံမှန်ပြန်ဖြစ်စေပြီး အလုပ်အပေါ်ကို Focus ပြန်ထားဖို့နဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို Balance ပြန်ဖြစ်စေပါတယ်။

☘ "Push, Push, Push" Approach
တစ်နေ့ပုံမှန်အလုပ်ချိန် ၈ နာရီထက်ပိုလုပ်ရတဲ့အခါ Productivity တွေကျပြီး Stress တွေကတော့ တက်လာတက်ပါတယ်။ ကိုယ့်ရဲ့ Personal အချိန်တွေလည်း နည်းသွားတော့ ပျော်ရွှင်မှုနှုန်းလည်း အလိုအလျောက် ကျလာပါရောဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် Daily Schedule တစ်ခုသတ်မှတ်ထားပြီးတော့ သတ်မှတ်ချိန်အတွင်းအလုပ်ကို သေချာ Focus ပြီး ကိုယ့်ကိုယ်ကိုယ် Push နေမယ်ဆိုရင် Stress ရချိန်တောင်မရှိတော့ပါဘူး။

☘ Eat Right And Sleep Well
အအိပ်အစား မမှန်တာတွေဟာကိုယ်ရဲ့လုပ်ငန်းခွင်အချိန်တွေမှာကောင်းကောင်းကြီးဒုက္ခပေးတက်ပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုသလို အအိပ်အအစားမှန်အောင်နေခြင်းနဲ့ အလုပ်ခွင်မှာဖြစ်လာနိုင်တဲ့ အထွေထွေ စိတ်ဖိစီးမှုတွေကိုကာကွယ်နိုင်ပါတယ်။

နောက်ထပ် Stress release ဖြစ်စေတဲ့ အချက်အလက်တွေ အများကြီးရှိနေပါသေးတယ်။ သို့ပေမယ့် တစ်ချို့အချက်အလက်တွေက အလုပ်ခွင်မှာ အသုံးချဖို့ အဆင်မပြေတာက တစ်ကြောင်း၊ စာအရမ်းရှည်သွားပြန်လို့ အီ သွားမှာကလည်း တစ်ကြောင်း ဒီစာကို ဒီမှာတင်အဆုံးသတ်ပါရစေ။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016