Being Professional—What Does That Actually Look Like?
Professional ဆန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?
ဘယ်လုပ်ငန်းခွင်မှာမဆို ကိုယ်နဲ့တူတူလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်၊ နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့ Client တွေ Customer အပေါ်ကို Professional ဆန်ဆန် နဲ့ Smart ကျကျဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။ Professional ဆန်တယ်ဆိုတာဘယ်လိုမျိုးလဲ? Professional ကျအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ? ဒီတစ်ပတ်မှာတော့ MyWorld Careers ကနေလူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ Professional ကျအောင်မဖြစ်မနေ သိထားသင့်တဲ့အချက် (6) ချက်ကိုပြောပြေးလိုက်ပါတယ်။
✅ လေးစားသမှုထားပါ။
တကယ်လို့များ ကိုယ့်ရဲ့အထက်အရာရှိက ဘယ်လိုပဲအရည်အချင်းမပြည့်ဝတဲ့သူတစ်ယောက်ဖြစ်နေပါစေ သူနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ထင်မြင်ချက်ကို တခြားဝန်ထမ်းတွေကိုချပြတာ၊ မကောင်းပြောတာ စတဲ့အချက်တွေမလုပ်သင့်ပါဘူး။ ဒီအချက်တွေကကိုယ့်ကို တခြားသူတွေအမြင်မှာ Professional မဆန်တဲ့သူ၊ မနာလိုသူ၊ မရင့်ကျက်သူတစ်ယောက်အဖြစ် ထင်ခံသွားရစေနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အထက်အရာရှိကစလို့ သန့်ရှင်းရေးဝန်ထမ်းတွေအထိ အားလုံးကိုလေးစားသမှုနဲ့သာဆက်ဆံတာက အကောင်းဆုံးပါပဲ။
✅ အောင်မြင်တဲ့ဝတ်စားဆင်ယင်မှု
အလုပ်ခွင်မှာ ကိုယ့်ရဲ့ Professional Image ကိုတည်ဆောက်တဲ့အခါ ဝတ်စားဆင်ယင်မှုအပိုင်းကလည်း အရမ်းအရေးကြီးပါတယ်။ အဝတ်အစားကကိုယ့်ရဲ့စိတ်အခြေအနေကိုပြောင်းလဲစေပါတယ်။ သပ်သပ်ရပ်ရပ် ကျကျနနဝတ်ဆင်သွားတာဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုမြင့်တက်စေပြီးတော့ တစ်နေ့တာလုပ်ငန်းဆောင်တာအခက်အခဲတွေကိုဖြေရှင်းတဲ့အခါမှာလည်း ပိုပြီးလွယ်ကူစေနိုင်မှာပါ။ Professional ဆန်ဆန်ဝတ်စားတယ်ဆိုတဲ့နေရာမှာ ကိုယ့် Company ရဲ့ Dress Code အပေါ်လည်းမူတည်ပါတယ်။ Suit တွေ၊ Coat တွေနဲ့ဖြစ်ရမယ်လို့မဆိုလိုပါဘူး။ အမြဲသပ်သပ်ရပ်ရပ်နဲ့ အများမှာအမြင်ပေါ်လွင်နေလောက်တဲ့ ဝတ်စားမှုမျိုးဆိုရင်ရပါပြီ။
✅ အချိန်တိကျပါ။
အလုပ်ကိုအချိန်မှန်ရောက်ခြင်းက ကိုယ့်အလုပ်ပေါ်အလေးထားမှုကိုပြသနိုင်ပြီးတော့ အထက်လူကြီးတွေကလည်း သတိပြုမိလာမှာပါ။ အရေးကြီးတဲ့ Meeting ရှိတယ်ဆိုရင်လည်း အစည်းအဝေးအခန်းထဲကို အနည်းဆုံး၅မိနစ်လောက်ကြိုစောရောက်နိုင်အောင် တွက်ဆတဲ့အကျင့်လေး မွေးမြူကြည့်သင့်ပါတယ်။
✅ အကောင်းမြင်ပါ။
ကိုယ့်အလုပ်ကိုဘယ်လောက်ပဲချစ်ချစ် လုပ်ဖော်ကိုင်ဖက်ဆီကနေ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံရတဲ့အခါ၊၊ Negative Feedback တွေပေးခံရတဲ့အခါ အရာအားလုံံးကိုအရှုံးပေးပြီးထွက်သွားချင်တဲ့ရက်မျိုး တစ်နေ့တော့ကြုံလာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့စိတ််ခံစားချက်တွေရှေ့တန်းမတင်ဘဲ အကောင်းမြင်စိိတ်နဲ့ Professional ကျကျရပ်တည်ပါ။ ဒါမှသာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက Career မှာရေရှည်ရပ်တည်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။
✅ ယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်ပါစေ။
ကိုယ့်မှာအရေးကြီးကိစ္စရှိတဲ့အခါ ရုံးမှကိုယ့်အထက်လူကြီးတွေကို ပွင့်လင်းရိုးသားစွာပြောဆိုတာအကောင်းဆုံးပါ။ အကယ်၍ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ရုံးမလာနိုင်တဲ့အခါ ကျန်းမာရေးကိုအကြောင်းပြတာထက် ့နေ့စဉ်လုပ်ငန်းတူတူလုပ်ဆောင်နေတဲ့ ကိုယ့်ရဲ့မန်နေဂျာကိုသာအမှန်အတိုင်းပြောဆိုပါ။ ဒီလိုပြောဆိုခြင်းကြောင့် ကိုယ့်ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုမယ့်အပြင်၊ ယုံကြည်မှုလည်းအပြန်အလှန်တိုးပွားလာမှာပါ။
✅ သပ်သပ်ရပ်ရပ်နေပါ။
ကိုယ်ကသပ်သပ်ရပ်ရပ်နဲ့ စည်းစနစ်တကျပြောဆိုနေထိုင်တတ်တယ်ဆိုရင်တော့ Professional ကျကျဖြစ်နေအောင် သပ်သပ်အားထုတ်နေစရာမလိုပါဘူး။ စည်းစနစ်ကျလေလေ(သို့) Organizing Skill ရှိလေလေ လူအများကြားမှာထင်ပေါ်လေလေပါပဲ။ အလုပ်ခွင်မှာ Professional ကျကျဖြစ်ဖို့ဆိုတာ ကိုယ်တိုင်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားရမှာပါ။ အခုပြောပြပေးလိုက်တဲ့အချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့ကျနေတဲ့ အခြေအနေကနေကင်းဝေးလာပြီး အလုပ်ခွင်မှာအောင်မြင်ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးဆီကနေ Impression တိုးလာမှာပါ။