facebook tracking image
Build Stronger Connections by Listening and Welcoming Feedback
Personal Development

Build Stronger Connections by Listening and Welcoming Feedback

များများနားထောင် အများသုံးသပ်ခြင်းဖြင့် သင့်ပေါင်းသင်းဆက်ဆံရေးကို ခိုင်မြဲပါစေ

နေ့စဉ် ဖြတ်သန်းနေရတဲ့ဘဝမှာ လုပ်ငန်းခွင်တွင်းမှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ချစ်သူ၊ သူငယ်ချင်းစတဲ့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ အကြောင်းအရာအမျိုးမျိုးနဲ့ ကျွန်မတို့ ထိတွေ့ဆက်ဆံနေရပါတယ်…. ဒါကြောင့် တစ်ဦးပေါ်တစ်ဦး စိတ်အဆင်မပြေစေတဲ့ ကတောက်ကဆဖြစ်စေတဲ့ အကြောင်းအရာလေးတွေဟာလည်း အကြောင်းရင်းပေါင်းစုံနဲ့ ရှိနေတတ်ပါတယ်… ဒါကြောင့် လူမှုပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်အတွက် ဘယ်လိုပြင်ဆင်ပြီး ဆင်ခြင်နေထိုင်သင့်တယ်ဆိုတာကို စာရေးသူအနေနဲ့ အနည်းငယ်ဖော်ပြပေးချင်ပါတယ်…

ကိုယ့်စိတ်နဲ့ မတွေ့တဲ့ မတိုက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုရှိတိုင်း ကိုယ်အရင်စဉ်းစားမိတာက “တွေ့မယ် ငါ့ကို ပြောထားတာ…. တွေ့မယ် ငါ့ကို လုပ်ထားတာ… သူက ဘာမို့လို့ ဘယ်လောက်မှန်ကန်လို့ လာပြောနေတာလဲ” ဆိုတဲ့ Negative Point of View နဲ့ အရင်တွေးမိတတ်ကြပါတယ်။

အဲ့လိုတွေးမိရင် အတွေးထဲမှာ ပြဿနာကိုဖြေရှင်းဖို့ဆိုတာထက် အရင်တွေးမိနေတာက ငါဒါကို ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ အရင်တွေးမိတတ်ပါတယ်… အဲ့လို တွေးမိနေချိန်ဆိုရင် တစ်ဖက်ကဘာပြောချင်တယ် ဘာဆိုလိုချင်တယ်ဆိုတာကို မမြင်နိုင် မသိနိုင်တော့အောင် တုံ့ပြန်ချင်စိတ်တွေ ကြီးစိုးပြီး တကယ့် ပြဿနာကို ကျွန်မတို့မဖြေရှင်းနိုင်တာမျို၊း ပြဿနာပိုကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်…

စာရေးသူကိုယ်တိုင်မှာ ဒီလိုစိတ်မျိုး တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်လို့ ဒီလိုပြောနိုင်တာပါ… (လောကမှာ ဘယ်သူကမှ ပြီးပြည့်စုံမနေဘူးလေ…)

တကယ့် ပြဿနာက အဲ့လောက်မကြီးပါဘူး… ကျွန်မတို့ရဲ့ အတွေးကသာ ပြဿနာကိုပိုကြီးသွားစေတာပါ… သိတတ်နားလည်တဲ့ အသိဉာဏ်မျိုးမရှိသူကို ကိုယ်ကစေတနာနဲ့ ရှင်းပြပြောပြလည်း ပြောပြသူကိုသာ သူတို့ ဘယ်လောက်မှန်ကန်ကြောင်း အတင်းတွေရှင်းပြ ငြင်းဆိုချင်ကြပြီး တစ်ဖက်လူပေးချင်တဲ့ တကယ့် အနှစ်ကို သူတို့ နားမလည်ကြပါဘူး…

ဒါကြောင့် ကိုယ်ကိုယ်တိုင်က ပြဿနာအရင်းအမြစ်ကို သိတတ်နားလည်သူ အသိဉာဏ်ရှိသူဖြစ်ဖို့ သိပ်ကိုအရေးကြီးပါတယ်… ဒီလိုသိတတ်နားလည်သူ၊ အခြေအနေကို သုံးသပ်နိုင်သူဖြစ်အောင်

၁) စာဖတ်ပါ
၂) အတွေ့အကြုံတွေကို မှီငြမ်းပါ
၃) စကားတွေကို ကိုယ့်ဘက်က များများပြောမယ့်အစား သူတစ်ပါးဆီက များများနားထောင်တတ်အောင် လေ့ကျင့်ယူပါ
၄) တစ်ခုခုမလုပ်ခင်မှာ အခြေအနေကို အမြဲသုံးသပ်ကြပါလို့ အကြံပြုလိုက်ပါရစေ…