facebook tracking image
Building a New Habit in 21 Days
Personal Development

Building a New Habit in 21 Days

အလေ့အကျင့်အသစ်တစ်ခုကို ၂၁ ရက်အတွင်း ပြောင်းလဲဖန်တီးယူခြင်း

ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ့်ရဲ့ Physical ပိုင်းနဲ့ Mental ပိုင်းကို တိုးတက်အောင် ဂရုစိုက်နိုင်မယ့် နည်းလမ်းများ​ကျွန်တော်တို့ လူ (Human Being) တွေမှာ အလွယ်တကူဖန်တီးယူလို့ရတဲ့အရာတွေရှိသလို ဘယ်လိုကြိုးစားအားထုတ်ပါစေ ဖန်တီးယူမရတဲ့အရာတွေလည်းအများကြီးရှိပါတယ်။

ဒီနေ့မှာ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ မဖြစ်နိုင်ဘူးလို့ ယူဆရပေမယ့် တကယ့်လက်တွေ့ဘဝမှာ အသုံးတည့်မယ့်အရာလေးပါ။ ဒါကအခြားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ အလေ့အကျင့်သစ်တစ်ခုကို ၂၁ ရက် (ရက်သတ္တပတ် ၃ ပတ်) အတွင်းဖန်တီးယူမှာပါ။
ဥပမာ - သင်ဟာအိပ်ယာဝင်သွားတိုက်လေ့မရှိတဲ့ သူဆိုပါစို့...

ယနေ့ညကစလို့ နောက် ၂၁ ရက်တိတိအထိ Alarm ပေးပြီး မပျက်မကွက်တိုက်ကြည့်လိုက်ပါ။ ၃ပတ်ပြည့်ပြီးနောက်ပိုင်းကို ညဘက်သွားမတိုက်ရရင် သင်အိပ်မပျော်တော့ပါဘူး။

ကျွန်တော်တို့ မနက်အိပ်ယာထတိုင်း သွားတိုက်၊ မျက်နှာသစ်၊ ရေချိုး စတဲ့အလေ့အကျင့်တွေဟာ ငယ်စဉ်ထဲက လေ့ကျင့်ယူထားတဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် အလေ့အကျင့်တစ်ရပ်အဖြစ် ခန္ဓာကိုယ်ကအသိမှတ်ပြုလိုက်ပြီဆိုတာနဲ့ ရပ်တန့်လိုက်ဖို့အလွန်ခဲယဉ်းသွားပါတယ်။

ဒီသဘောတရားအတိုင်းပါပဲ။ လူတစ်ယောက်ဟာ အမူအကျင့်တစ်ခုကို အချိန်၊ နေရာ Timeline တစ်ခုထဲမှာပဲ ပုံမှန်လုပ်ပေးလိုက်ရုံနဲ့ အမူအကျင့်ကနေ အလေ့အကျင့်တစ်ခုကို ပြောင်းလဲယူနိုင်ပါတယ်။ ယေဘုယျအားဖြင့် ၂၁ ရက်ဆိုတာ အလေ့အကျင့်တစ်ခု ဖြစ်စေဖို့လုံလောက်တဲ့အချိန်ပမာဏတစ်ခုဖြစ်ပါတယ်။ ဒါကိုလည်း အထောက်အထားနဲ့တကွ ဖော်ပြထားတဲ့ သုတေသီစာတန်းတွေ အများကြီးရှိပါတယ်။

ဒါ့အပြင် တစ်နေ့တာရဲ့ ကိုယ့်အတွက်လုံးဝအကျိုးမရှိဘူးလို့ သတ်မှတ်နိုင်တဲ့အချိန်တွေကို ကိုယ်စိတ်ကူးထားတဲ့ အသစ်အသစ်သော အရာလေးတွေလုပ်ပြီး အစားထိုးလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ Toxic ဖြစ်စေမယ့် အလေ့အကျင့်တွေကို Health ဖြစ်စေမယ့် New Hobbies တွေနဲ့ အစားထိုးခြင်းက အထိရောက်ဆုံးပါပဲ။

အထူးသဖြင့် အခုလိုမျိုး Challenging အရမ်းဖြစ်နေတဲ့ Situation တစ်ခုမှာ ကောင်းတဲ့ Bobbies အသစ်တွေ ဖန်တီးရယူခြင်းဟာ အကောင်းဆုံး Self Upgrade ပါပဲ။ ဒါကြောင့် ဒီနေ့ကစလို့ Good Hobbies တွေ ဖန်တီးယူရင်းနဲ့ ကိုယ့်ရဲ့ Motivationကိုဆွဲတင်ကြရအောင်ဗျာ။