facebook tracking image
Do's and Don'ts When Applying for Multiple Jobs at Once
Career Advice

Do's and Don'ts When Applying for Multiple Jobs at Once

အလုပ်တစ်ခုထက်ပိုပြီးလျှောက်တဲ့အခါ သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်များ

အရင်ဆုံးကိုယ်လျှောက်တဲ့ အလုပ်တွေက ကိုယ့်မှာရှိတဲ့ အတွေ့အကြုံတွေနဲ့ တိုက်ရိုက်ကိုက်ညီမှုရှိလား ဒါမှမဟုတ် သင့်တော်ရုံလောက်ပဲရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းလားဆိုတာ အရင်ဆုံးဆန်းစစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအပေါ်မူတည်ပြီး ကိုယ့်ကိုကိုယ် ဘယ်လိုမိတ်ဆက်မယ်ဆိုတဲ့ ပြင်ဆင်စရာတွေ ကွာခြားသွားမှာဖြစ်ပါတယ်။ များသောအားဖြင့် သင့်တော်ရုံဖြစ်တဲ့ Industry တွေကိုလျောက်တဲ့ အခါမှာ ကိုယ်လျောက်တဲ့ ကုမ္ပဏီအကြောင်းကို အရင်လေ့လာပြီးမှ ကိုယ့်ရဲ့အတွေ့အကြုံတွေထဲက ဘယ်အစိတ်အပိုင်းတွေကို ဦးစားပေးမိတ်ဆက်မယ်ဆိုတာကို ဆက်လက်ပြင်ဆင်ရပါမယ်။ ဒါမှသာ Interview ပါတဲ့အခါမှာ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေမှာပါ။

Notebook ဆောင်ပါ။
ဒီအချက်ကတော့ အခုနောက်ပိုင်း အလုပ်လျှောက်တဲ့လူတော်တော်များများ ပြုလုပ်ဖြစ်ဖို့ နည်းမယ်ထင်ပါတယ်။ အလုပ်တစ်ခုတည်း လျှောက်တဲ့အခါ အရမ်းမလိုအပ်ပေမယ့် အလုပ်တစ်ခုထက်ပိုပြီးလျောက်တော့မယ်ဆိုရင်တော့ လိုအပ်နိုင်ပါတယ်။ မတူညီတဲ့ ရာထူးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကိုယ်ဘာတွေဆွေးနွေးခဲ့လဲဆိုတာ ပြန်လည်သုံးသပ်ဖို့အတွက်ရော၊ တစ်ခါတစ်လေ ပုံမှန်ထက် Interview Process တွေပိုကြာတဲ့အခါမျိူးမှာဆိုရင်ရော ဒီအချက်က အတော်လေး အထောက်အကူဖြစ်စေမှာပါ။

Follow up for feedback
နောက်တစ်ချက်အနေနဲ့ကတော့ Follow Up လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ အရမ်းအလောမကြီးဖို့တော့လိုတယ်။ ကုမ္ပဏီ တော်တော်များများကတော့ တစ်ပတ်အတွင်းတော့ feedback ပြန်ပေးလေ့ရှိပါတယ်။ တချို့ကတော့ Feedback ပြန်မပေးတာမျိုးမဟုတ်ဘဲ Interview Process ကြာတာမျိုးလည်းရှိတတ်ပါတယ်။ ကိုယ်အလုပ်လျှောက်တဲ့ Channel (Company Website, Recruitment Agency, Job Portal, LinkedIn) ပေါ်မူတည်ပြီး Follow Up လုပ်ဖို့လိုပါတယ်။

ဒါမှသာ တခြားအလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် Reject ဖြစ်ခဲ့တာမျိုးကြုံရရင်လည်း ကိုယ်အတွက်နောက်ပိုင်းသတိထားပြီးပြင်ဆင်ဖို့ လိုတာတွေရှိလားဆိုတာ သေချာသိဖို့လိုပါတယ်။ ဒါမှသာ နောက် Interview တွေမှာ ပိုကောင်းတဲ့ Performance ကိုပြနိုင်မှာဖြစ်ပါတယ်။


Make a choice in a professional way
ဒါကတော့ အရေးကြီးဆုံးတစ်ချက်ဖြစ်ပါတယ်။ အများစုပြောလေ့ရှိတာက ကိုယ်ကတခြား အလုပ်တစ်ခုကိုပိုစိတ်ဝင်စားတဲ့အတွက်ကြောင့် နောက်အလုပ်တစ်ခုကို Interview ဆက်မဖြေတော့ပါဘူးဆိုတာပါပဲ။ တကယ်တော့ ဒါဟာ ပြန်စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ကိုယ်တကယ်စိတ်မဝင်စားတဲ့ အလုပ်ဆိုရင်တော့ ခြွင်းခြက်ထားလို့ရပါတယ်။ ဘာကြောင့်ဆို ကိုယ့်လက်ထဲ Offer Letter မရောက်လာသေးခင်ထိ အပြောင်းအလဲဆိုတာရှိလာနိုင်လို့ပါ။ အကြောင်းတစ်ခုခုကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုမရခဲ့ဘူးဆို ကိုယ့်မှာ Back Up အနေနဲ့ တစ်ခုခုစဉ်းစားဖို့ရှိနေရပါမယ်။ ဒီနေရာမှာ သတိပြုထားရမှာက ကိုယ့်မှာတခြားမှာ လျှောက်ထားတဲ့အလုပ်တွေရှိခဲ့ရင် ရှိကြောင်းကို Interviewer ဒါမှမဟုတ် Recruitment Consultant ကို အကြမ်းဖျင်းအသိပေးထားဖို့တော့လိုပါမယ်။ ဒါမှသာ ကိုယ့်မှာရထားတဲ့ Offer တွေထဲက ကိုယ့်စိတ်ဝင်စားမှုအရှိဆုံးတစ်ခုကို ရွေးချယ်ဖြစ်ရင်တောင် ကိုယ့်ရဲ့ Professional Image ကို ဆက်လက်ထိန်းထားနိုင်ဦးမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် အလုပ်ရှာနေတဲ့သူတွေအနေနဲ့ ကိုယ့်လက်ထဲမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို ယေဘုယျ သိရှိသွားလောက်မယ်လို့ယူဆပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020