facebook tracking image
Feeling Drained? Here’s How to Get Out of a Toxic Environment
Personal Development

Feeling Drained? Here’s How to Get Out of a Toxic Environment

အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေဘယ်လိုရုန်းထွက်မလဲ...

​COVID နှင့်နိုင်ငံရေးအခြေအနေတွေကြောင့်အပြင် ပတ်ဝန်းကျင်ကြောင့် စိတ်ပင်ပန်းအားလျော့ကာကိုယ့်ကိုကိုယ်အလိုမကျလာတွေ၊ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတာတွေ အဖြစ်များလာကြပါတယ်။ မကောင်းမှန်း မိမိအတွက် အဆင်မပြေနိုင်မှန်း သိနေပေမယ့် ရုန်းမထွက်နိုင်ဘဲ တူညီတဲ့အလေ့အကျင့်များကိုသာ လုပ်ဆောင်နေမိတတ်ပါတယ်။ ဒါကြောင့် Toxic ဖစ်စေတဲ့အလေ့အကျင့်တွေကနေ ရုန်းထွက်စေနိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။ ​

Negative ဖြစ်စေမယ့်သူများနဲ့ ဝေးဝေးနေပါ။

​လူတိုင်းဟာ ကိုယ့်ဘဝကိုအဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကိုသိလျက် မိမိအနားဆက်ထားနေဖို့ဆိုတာအကြောင်းမရှိပါဘူး။ ဥပမာ- ချစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် တစ်နည်းနည်းအရပတ်သတ်ဆက်နွယ်နေရတဲ့လူတချို့ စသည်ဖြင့် သင်ထိတွေ့ဆက်ဆံမိတိုင်း သင့်ကိုယ်သင် ညစ်ညမ်းသွားစေတယ်အကျိုးယုတ်စေတယ်လို့ ခံစားရစေတယ်ဆိုရင် သူတို့ဟာကိုယ့်ဘဝအတွက် Toxic ပါပဲ။  လူတစ်ယောက်နှင့်တွေ့ဆုံတဲ့အခါ ကိုယ့်အတွေးတွေပါ Negative ဘက်ကိုပိုပြီးပြောင်းလဲလာစေတယ်ဆိုရင် ဒီလူဟာကိုယ့်အတွက်အဆိပ်လိုလူပါပဲ။ ​မိမိဘက်မှလုပ်ငန်းဆောင်တာများနှင့်ပတ်ဝန်းကျင်အပေါ်ထိခိုက်လာစေမှရှောင်ရှားတာမျိုးမပြုလုပ်သင့်ပါ။"မီးဘေးရှောင်မလောင်ခင်တား" ဆိုသလို အလျှင်အမြန်ရှောင်တိမ်းနိုင်မှသာ မိမိဘဝအတွက်အကျိုးဖြစ်လာစေပါမည်။ ​

မလိုအပ်ပဲ ပိုက်ဆံသုံးခြင်း အလေ့အကျင့်ကိုဖျောက်ပါ။ ​

ငွေအသုံးပြုရန်မလိုအပ်သေးသော အဝတ်အစား အလှကုန် အခြားအရာအများအပေါ် အလွယ်တကူငွေထုတ်သုံးခြင်းမပြုလုပ်သင့်ပါ။ မိမိ Credit Card ကို Emergencyအတွက်သိမ်းထားပါ၊အလွယ်တကူမသုံးမိပါစေနဲ့။ ကိုယ်တိုင်အတွက်စည်းမျဉ်းတစ်ခုသတ်မှတ်ထားပါ။ မိမိ Budget ထက်ပိုနေသော မတတ်နိုင်သည့်ပစ္စည်းများကို တခါတည်း မည်သည့်အခါမျှချက်ချင်း မဝယ်ပါနှင့် မဝယ်ခင် ပိုက်ဆံမသုံးမိခင် ကြိုတင်စဉ်းစားပါ မိမိအတွက်မရှိမဖြစ်လိုအပ်နေပြီဆိုသည့်စိတ်မျိုးဖြစ်ပေါ်လာလျှင်လည်းလစဉ်ပိုက်ဆံအနည်းငယ်စီစု၍အသုံးပြုလိုက်ပါ။ ဤနည်းလမ်းကိုအသုံးပြုခြင်းသည် မိမိကိုယ်ကို Motivate ဖြစ်စေပြီးငွေကြေးအခြေအနေလည်း ပို၍တိုးပွားကောင်းမွန်လာနိုင်ပါသည်။ ​​

မိမိကိုယ်ကို သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။

​ဒါက ချိုးဖျက်ရ ခက်တဲ့ အလေ့အထဖြစ်ပြီး တခြားသူတွေဘဝနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို  နှိုင်းယှဉ်မိပြီးကိုယ့်ကိုယ်ကိုယ်နည်းနည်းနိမ့်ကျနေတယ်လို့ ခံစားရတဲ့အချိန်တွေရှိတတ်ပါတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ် တဲ့အခါ များသောအားဖြင့် တစ်ပါးသူမှာ ရှိ ပြီးကိုယ့် မှာ မရှိတဲ့အရာတွေကိုပဲကွက်ပြီး မြင်မိတက်ကြပါတယ် မိမိမှာမရှိတဲ့ အရာတွေကိုပဲ မြင်ပါများတဲ့ အခါ မိမိမှာရှိနေတဲ့ လုပ်နိုင်စွမ်းအားတွေကို မျက်ကွယ်ပြုမိသလို ဖြစ်ရင်းစိတ်ဓာတ်ကျတာတွေ ကိုယ့်ကို ကိုယ် အားမလိုအားမရ ဖြစ်တာတွေကြောင့် ကြိုးစားမှုတွေလျော့ကျပြီး နွံထဲမှာနစ်သွားသလို မိမိ နဂို  မှန်းထားချက်နဲ့ ပို၍ပင် အလှမ်းဝေးသွားတက်ပါတယ်။  မိမိသွားနေတဲ့ ပန်းတိုင်ကိုသာ အဓိက အာရုံစိုက်ပါ မင်းရဲ့ပြိုင်ဆိုင်မှုက သူတို့နဲ့မဆိုင်သင့်ဘူး မင်းကိုယ်တိုင်ပဲရှိရမယ်။ မင်းရဲ့အရည်အချင်းကို ဖြည့်ဆည်းနေသလား။ ကိုယ်ဖြစ်ချင်တဲ့နေရာကို ရောက်ဖို့တတ်နိုင်သမျှလုပ်နေတာလား။ မဟုတ်ရင် ဘာလုပ်လို့ရမလဲ စတာတွေနဲ့ သင်နှင့်သင်လိုချင်သောအရာအပေါ်သာအာရုံစိုက်ပါ မိမိ ရဲ့လမ်းကိုသာလျှင် အာရုံစိုက်ခြင်းဖြင့် ရှိသမျှအင်အားနဲ့ ရှေ့ကိုလျှောက်မှသာခရီးပိုရောက်နိုင်ပါလိမ့်မယ်။

အချိန်မဖြုန်းပါနဲ့။ ​

တစ်ခုခုလုပ်ဖို့တွေဝေနေတာ နေ့ရွေ့ညရွေ့လုပ်တတ်တာ လုပ်စရာရှိတာမလုပ်ဘဲ အချိန်ဖြုန်းနေတာတွေက ကျွန်ုပ်တို့ရှေ့ဆက်မရအောင် ကန့်လန့်ပိတ်နေတဲ့ အတားအဆီးတွေပါ။ ပိုင်ဆိုင်ရရှိထားတဲ့အချိန်ဆိုတာ အကန့်အသတ်ရှိသလို မနက်ဖြန်ဘာဖြစ်မယ်ဆိုတာမကျိန်းသေဘူးဆိုတာ တကယ်လက်တွေ့ဆန်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရနေတဲ့အချိန်လေးကို အကျိုးရှိစေပါ။ ပျော်စရာတွေဖန်တီးပါ။ အရေးကြီးတာက တစ်ချိန် ပြန်ပြီးနောင်တရမယ့် လုပ်ရပ်မျိုးတွေနဲ့ပဲ အချိန်မကုန်မိစေဖို့ ဖြစ်ပါတယ်။ ဒီနေ့မှာ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်မယ်..မနက်ဖြန်တိုင်းမနက်ဖြန်တိုင်းမှာလည်း ဝီရိယအပြည့်နဲ့ အချိန်ကို ကောင်းကောင်းမွန်မွန်အသုံးချသွားနိုင်မယ်ဆိုရင် အနာဂတ်ဘဝမရေရာမှုတွေလည်း တစ်ဖြည်းဖြည်း ရုန်းထွက်နိုင်မှာဖြစ်ပါတယ် ​

မိမိ မပျော်ရွှင်တဲ့လုပ်ငန်းခွင်မှ ရုန်းမထွက်နိုင်ခြင်း။

တော်တော်များများက ကိုယ်မကြိုက်ပေးမယ့် ဘဝအတွက်မို့လုပ်နေရပါတယ် ဆိုတာတွေအများကြီးတွေ့လာရပါတယ်။ အကြံပေးချင်တာက ဒီလိုကိုယ့်အလုပ်က ကိုယ်စိတ်မချမ်းသာရရင် မထွက်သွားဖို့ တတ်နိုင်သမျှလုပ်ပါ။ မပျော်ရတဲ့အလုပ်မှာ တစ်နေ့အလုပ်ချိန်၈နာရီရှိရင် အဲဒါက စိတ်ဆင်းရဲရဖို့ အချိန်အများကြီးပေးနေတာပါပဲ။     ​အလုပ်လုပ်ရတာစိတ်ဖိစီးမှုပိုများလာတွေဖြစ်နိုင်တာကြောင့် အိမ်ပြန်ရောက်သည့်အချိန်မှာလည်း အမြဲတမ်းပင်ပန်းနွမ်းနယ်နေတတ်တာတွေ တခြားကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုလည်းထပ်မံလုပ်ဆောင်ဖို့ ခွန်အားမရှိတော့သည့်အတွက် မိမိopportunityတွေပါဆုံးရှုံးရတာမျိုးဖြစ်တတ်တာကြောင့် မပျော်သည့်အလုပ်ကိုစွန့်လွှတ်နိုင်အောင်ကြိုးစားပါ။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016