facebook tracking image
Find the Real You
Personal Development

Find the Real You

စစ်မှန်တဲ့မိမိကိုယ်ကိုရှာဖွေပါ။ 

ကျွန်မတို့ဟာ နေ့တိုင်းလတိုင်းနှစ်တိုင်းမှာ ကိုယ့်ကိုယ်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျာက်ဆုံးပျောက်ဆုံးနေကြပါတယ်။ အလုပ်ကိစ္စတွေ၊ မိသားစုအရေးတွေ၊ တချို့တွေကတော့ Relationship ဆိုတဲ့ခေါင်းစဉ်တွေအောက်မှာ ပျောက်ဆုံးနေကြရပါတယ်။  အဲ့တော့ကျွန်မတို့ကိုယ့်ကိုကိုယ်ဘယ်လိုပြန်ရှာဖွေကြမလဲ? ကိုယ့်ကိုယ်ကိုမပျောက်ဆုံးအောင်ဘယ်လိုတွေလုပ်ကြမလဲ?  

(1) Set Your Dream or Set your Goal

ကျွန်မတို့အများစုဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုဦးစားပေးနေရင်းနဲ့ ကိုယ့်ရဲ့အိမ်မက်ကဘာလဲဆိုတာကိုမေ့သွားတတ်ကြပါတယ်။ အထူးသဖြင့် Life Balance မညီတော့တဲ့အခါ အလုပ်တွေပိပြီး စိတ်ဖိစီးမှုတွေများလာတဲ့အခါ ကိုယ်တိုင်သတိမထားမိဘဲ အိမ်မက်တွေ၊ ဝါသနာတွေ ပျောက်ဆုံးသွားကြပါတယ်။ နောက်ဆုံးမှာတော့ မိမိကိုယ်တိုင်ပျောက်ဆုံးမှန်းမသိပျောက်ဆုံးသွားကြပါတော့တယ်။ အဲ့လိုအချိန်မှာ အကောင်းဆုံးရှာဖွေမှုကတော့ "Just take a deep break" and “No Phone No Email”. ‘ငါရဲ့အိမ်မက်ကဘာလဲ ငါဘာဖြစ်ချင်တာလဲ’ ဆိုတာကိုပြန်လည်ရှာဖွေပါ။ Goalမရှိသေးရင်ချမှတ်ထားပါ။ ဘဝမှာ Goal မရှိတဲ့သူတစ်ယောက်ဟာ ကျရှုံးဖို့လွယ်ကူသလို အောင်မြင်ဖို့လည်းခက်ခဲတတ်ပါတယ်။ အဲတော့ မိမိရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကတစ်ဆင့် မိမိကိုယ်ကိုရှာဖွေပါ။ အဲ့ဒါတွေကတစ်ဆင့် စိတ်ကျေနပ်မှုတွေရလာပါလိမ့်မယ်။  

(2) Set Simple Plan which is something you want to do for quarterly

ဥပမာအားဖြင့် ကျွန်မဆိုရင်တော့ ခရီးထွက်တာကိုအရမ်းသဘောကျပါတယ်။ ဒါကြောင့် အမြဲတမ်း ၃လတခါ ခရီးသွားဖို့Plan အမြဲဆွဲပါတယ်။ အနည်းဆုံးတော့ ခရီးသွားလိုက်ခြင်းဖြင့် အလုပ်များပြီးစိတ်ဖိစီးနေတဲ့အချိန် Motivation ရစေပါတယ်။ Trip Plan မှမဟုတ်ပါဘူး။ တခြားကိုယ်စိတ်ဝင်စားတဲ့ စိတ်အပန်းပြေနိုင်တဲ့ဘယ်အရာမဆို လုပ်ဖြစ်သည်ဖြစ်စေ၊ မလုပ်ဖြစ်သည်ဖြစ်စေ Plan ဆွဲထားကြည့်ပါ။ ခေါင်းထဲမှာ အလုပ်တွေ၊ စိတ်ညစ်စရာတွေပြည့်နေတဲ့အချိန် အနည်းဆုံးတော့ပျော်ရွှင်စေပါလိမ့်မယ်။ အလုပ်လုပ်ရတာလည်းပိုပျော်နေပါလိမ့််မယ်။

(3) Don't take messy things too much

အလုပ်မှာပဲဖြစ်ဖြစ်၊ family ထဲမှာပဲဖြစ်ဖြစ် Relationship ပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေရှိကြပါတယ်။  တကယ်တော့စိတ်ညစ်စရာဆိုတာ ကျွန်မတို့ကိုယ်တိုင်ဖန်တီးနေတဲ့အရာတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကျွန်မတို့က လွန်ခဲ့တဲ့နာရီပိုင်းတွေးပီးသားအတွေးတွေကို ထပ်ခါထပ်ခါတွေပြန်တွေးနေလို့ စိတ်ညစ်စရာတွေထဲမှာ ပျောက်ဆုံးပီးရုန်းမထွက်နိုင်နေတာပါ။ အဲ့ဒီတော့ စိတ်ညစ်စရာတွေကိုထပ်ခါထပ်ခါမတွေးဖြစ်အောင်ကျင့်ပါ။  မွန်းကြပ်စရာကောင်းတဲ့ စိတ်ပင်ပန်းမှုတွေအောက်မှာ ကိုယ့်ကိုယ်ကိုမကျဆုံးပါစေနဲ့။ ဘယ်လောက်ပဲစိတ်ညစ်စရာတွေဖြစ်ပါစေ ကိုယ့်ရဲ့စိတ်ထဲကိုအကြာကြီးအဝင်မခံနိုင်အောင်ကြိုးစားပါ။ ကိုယ့်စိတ်ကိုညစ်အောင်၊ စိတ်ကိုနောက်အောင်လုပ်မယ့်စကားတွေ အတွေးတွေမဝင်နိုင်အောင်လုပ်ပါ။  

(4) Don't let someone control your life

မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဦးဆောင်မှုအောက်မှာပဲ ဘယ်အရာကိုမဆိုလုပ်ဆောင်ပါ။  တခြားသူရဲ့ Suggestion ကိုနားထောင်ပါ။ Reference ယူပါ။ တသွေမတိမ်းလိုက်လုပ်တာမျိုးကိုတော့ရှောင်ပါ။ တစ်ခါတလေဆုံးဖြတ်ချက်ချရတာမျိုးကအစ တစ်ခုခုဝယ်ချင်တာမျိုးအဆုံး တခြားသူကိုမေးကြအကြံဉာဏ်တောင်းတတ်ကြပါတယ်။ ကိုယ်ဒါလုပ်လိုက်လို့မှားသွားမလား?  ဒီလိုလုပ်လိုက်ရင်တခြားသူဘယ်လိုမြင်မလဲ? ဆိုတဲ့ အတွေးတွေက ကျွန်မတို့ကိုလွှမ်းမိုးနေပါတယ်။ နောက်ဆုံးတော့ ကိုယ်တိုင်လုပ်ပေမယ့် တခြားသူရဲ့စိတ်နဲ့အသက်ရှင်နေသလိုဖြစ်စေပြီး ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေကြရပါတယ်။ ဒါကြောင့် အကောင်းဆုံးဖြစ်ဖို့မကြိုးစားပါနဲ့… ပထမဆုံးလူဖြစ်အောင်ကြိုးစားပါ... မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲအသက်ရှင်ပါ...

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016