facebook tracking image
Goodbye Holiday Blues!
Personal Development

Goodbye Holiday Blues!

Goodbye Holiday Blues!

December long holiday လည်းပြီးပြီ အလုပ်ခွင်ထဲလည်းပြန်ဝင်ရတော့မယ်ဆိုတော့ တစ်ခါတစ်လေ holiday blues တွေဖြစ်ပြီး motivation ကျတတ်သလို တစ်ခါတစ်လေ ဘယ်ကစပြီးပြန်လုပ်ရမလဲဆိုပြီးလမ်းပျောက်တတ်ကြပါတယ်။ ဒီ Blog မှာတော့ holiday blue ကိုဘယ်လိုရှောင်ရမလဲဆိုတဲ့ tips လေးတွေကိုအဓိကထားပြီးဖော်ပြပေးသွားမှာပါ။

1. Set the priorities - ရက်ရှည်ခွင့်ယူတဲ့လူတွေမှာအများဆုံးဖြစ်တတ်တာကခရီးကပြန်ရောက်ရင်ဘာစလုပ်ရမှန်းမသိတော့တာပါ။ ဒါကြောင့်ကိုယ်လုပ်ရမယ့်တာဝန်တွေကို google keep မှာဖြစ်ဖြစ် note နဲ့ဖြစ်ဖြစ် priority ခွဲပြီးချရေးပါ။ တစ်ခုပြီးလျှင်တစ်ခုကို tick လုပ်သွားခြင်းလည်း feelings of accomplishment ကိုရစေတဲ့အတွက်ကိုယ့်ရဲ့ motivation ကိုမြှင့်တင်ပေးနိုင်ပါတယ်

2. Set your goals - holiday တွေပြီးသွားပြီဆိုရင်တော့ ကိုယ် နောက် quarter မှာဖြစ်ချင်တဲ့ goal or yearly goal ချမှတ်ပါ။ ကိုယ်တိုင်ကတော့ yearly goal ထက် quarterly goal ကိုချမှတ်ရတာပိုprefer ဖြစ်ပါတယ်။ quarterly goal ချမှတ်ရင်နောက် holiday နဲ့ပိုနီးတော့ ကိုယ့်ပန်းတိုင်ရောက်ဖို့ပိုပြီးတွန်းအားဖြစ်စေလို့ ပိုပြီး self motivation ဖြစ်တယ်လို့ပိုခံစားရလို့ပါ။ goal ချမှတ်ခြင်းကကိုယ်သွားချင်တဲ့ပန်းတိုင်ကိုမြန်မြန်နဲ့ efficient ဖြစ်ဖြစ်ပိုရောက်နိုင်သလို ကိုယ့်မှာသွားရမယ့်ပန်းတိုင်ရှိနေတာကြောင့်ဘာလုပ်ရမှန်းမသိဝေဝါးလမ်းပျောက်ခြင်းကိုပါလျော့ကျစေပါတယ်။

3. Plan the reward - နောက်အရေးကြီးဆုံးကတော့ကိုယ်နောက် holiday မတိုင်ခင်အထိ achieve ဖြစ်ရမယ့် goal ကိုရောက်ခဲ့ရင် ကိုယ့်ကိုကိုယ်ဘယ်လို reward ပေးမလဲဆိုတာပါ။ ဥပမာ ခရီးထွက်ဝါသနာပါတဲ့လူဆိုနောက်သွားမယ့်ခရီးအတွက်ကြိုစဉ်းစားထားတာမျိုး၊ shopping ထွက်ရတာသဘောကျတဲ့သူဆိုကိုယ်လိုချင်တဲ့ပစ္စည်းကို wallpaper ထားတာမျိုးပေါ့။ ကိုယ်လိုချင်တဲ့ rewardကို target ထားရင် ပန်းတိုင်ဆီကိုမြန်မြန်ပိုရောက်နိုင်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့တစ်ခါတစ်လေကြိုးစားရင်းလွဲချော်မှုလေးတွေဖြစ်တဲ့အခါ motivation တွေကျတတ်ပါတယ်။ အဲ့လိုချိန်တွေမှာဆိုကိုယ့်စိတ်ကိုပြန်ဆွဲတင်ပေးနိုင်တာကိုယ့် reward ပါ။ self spoiled လုပ်မိပြီး ပန်းတိုင်မရောက်လည်း reward လိုက်တာမျိုးမဖြစ်ဖို့တော့လိုတာပေါ့။ ဒါဆိုရင်တော့ ကိုယ့် motivation သာမကပဲ consistency ပါလျော့ကျနိုင်ပါတယ်။

အားလုံးပဲဒီ Blog လေးဖတ်ပြီး holiday blues တွေကို overcome လုပ်နိုင်ဖို့မျှော်လင့်ပါတယ်နော်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016