facebook tracking image
How to Break Free from Procrastination
Personal Development

How to Break Free from Procrastination

အချိန်ဆွဲခြင်းမှဘယ်လိုရုန်းထွက်မလဲ?

ကျွန်တော်တို့ဝန်ထမ်းတွေ ပိတ်ရက်ရှည်တွေဆီမှနိုးထပြီး လုပ်ငန်းခွင်ပြန်ဝင်တဲ့အချိန်မှာ ကျွန်တော်တို့တွေဟာ တစ်ခါတစ်ရံ လှုပ်ရှားမှု၊ အာရုံစိုက်မှု နှေးကွေးတတ်ကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။ ကိုယ့်အလုပ်အပေါ်မှာ လှုပ်ရှားမှုနှေးကွေးပြီး၊ အာရုံစိုက်မှုမရှိပဲ အချိန်ဆွဲလာတတ်ကြပါတယ်။

အဲဒါတွေကတော့လုပ်ဖော်ကိုင်ဖက်အချင်းချင်း Chatting, Hangout လုပ်တာတွေ၊ မိသားစုပါတီတွေ၊ Night Life တွေအကြောင်း၊ Social Media ပေါ်မှာ တင်ခဲ့တဲ့‌ post အကြောင်းတွေ၊ ဓာတ်ပုံတွေကအချိန်ဆွဲခြင်းပါပဲ။ ကဲ ကျနော်တို့အဲဒီအချိန်ဆွဲခြင်းကို ဘယ်လိုဖယ်ထုတ်မလဲ? 

ကျနော်တို့အဲဒီအချိန်ဆွဲခြင်းမှဘယ်လိုရုန်းထွက်မလဲပေါ့နော်။ အဲဒါကို Eliminate Procrastination လို့ခေါ်ပါတယ်။

1. Get Organized
သင်ဟာလုပ်ငန်းခွင်ထဲမှာ ကိုယ်လုပ်ရမဲ့အလုပ်ကိစ္စတွေရှိတယ်၊ ဒါတွေပြီးမြောက်ဖို့ဘာလုပ်ရမယ်မသိဘူး၊ ကဲဒါဆိုရင်တော့ဖုန်းထဲက Calendar app ဖွင့်လိုက်တာပဲဖြစ်ဖြစ်၊ စာရွက်ပေါ်ချရေးလိုက်တာပဲဖြစ်ဖြစ် လုပ်ရမယ့်အလုပ်တစ်ခုချင်းစီရေးချလိုက်ပါ။ အဲ့မှာအရေးကြီးတာက Deadline ပါ။ မမေ့ပါနဲ့။

2. Set Simple Goal
ဆုံးဖြတ်ပါအသေချာဆုံးသောရိုးရှင်းသောကိုယ်တစ်ခုလုပ်နိုင်အောင်ဆုံးဖြတ်ပါကြီးမားတဲ့Targetတွေဇဝေဇဝါဖြစ်နေတယ်အစီစဉ်တွေထက်တော့ရိုးရှင်းပီးမိမိနဲ့လက်လှမ်းမီတဲ့ goal ကအများကြီးပိုကောင်းပါတယ်။တခုရှိနေခြင်းအားဖြင့်သင့်ကိုခြိမ်းခြောက်စေတဲ့အရာတွေနည်းလာမယ်ရယူပိုင်ဆိုင်နိုင်တာတွေပိုတိုးလာပါမယ်။

3. Time yourself
အချိန်အများကြီးမလိုဘဲအထက်ပါအစီအစဉ်‌တေအတွက် မိနစ် 60 လောက်ဆို လုံလောက်ပါတယ်။

4. Use incentives
လူတိုင်းကစွဲဆောင်မှုရှိတဲ့ဆုလာဘ်တစ်ခုတော့အမြဲလိုချင်ကြပါတယ်။ အဲဒီတော့ဘယ်သူမှမပေးလည်းကိုယ်တိုင်ပြန်ပေးလို့ရပါတယ်။ ငါ့ အလုပ်တွေပြီးရင်တော့သူငယ်ချင်းတွေနဲ့မုန့်သွားစားမယ်။ တစ်နေရာမှာ Chill မယ်၊ ချစ်သူနဲ့ chit chat သွားမယ် ဆိုတာမျိုးပေါ့။

5. Get the hard stuff done first
အချိန်ဆွဲတယ်ဆိုတာ ကျနော်တို့တွေမှာ အခက်ခဲဆုံး အလုပ်တွေ ရှိတတ်ကြလို့ပါ။ ဒါတွေကလည်ူရှောင်ဖယ်လို့မရတဲ့အတွက် အရင်ဆုံးလုပ်နိုင်မှ နောက်လာမယ့် အလုပ်တိုင်းက လွယ်ကူသွားပါလိမ့်မယ်။ အဲ့တော့ ခက်ခဲတဲ့အလုပ်ကို အရင်လုပ်ကြရအောင်။

6. Tell someone about your goal
ကိုယ့်ရဲ့ plan ‌တွေ goalတွေကို မိမိလုပ်ဖော်ကိုင်ဖက်တွေကို ‌ပြောတာပဲဖြစ်ဖြစ်၊ မိမိရဲ့ အထက်လူကြီးသော်၎င်း၊ မိသားစုကို ရင်ဖွင့်တာမျိုးလုပ်ပါ။ နားထောင်တဲ့သူတွေဆီက အကြံဉာဏ်ကောင်းတွေရနိုင်သလို၊ အသိမိတ်ဆွေတွေကလည်း ကူညီပေးနိုင်ပါလိမ့်မယ်။ အောင်မြင်စွာ ပြီးဆုံးသွားရင်တော့ ဂုဏ်ယူစွာအောင်ပွဲခံနိုင်မယ့် ပတ်ဝန်းကျင်လေးရှိလာတာပေါ့။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016