facebook tracking image
How to Build Your Personal Brand at Work?
Personal Development

How to Build Your Personal Brand at Work?

အလုပ်ထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် Brand ကို ဘယ်လိုဖန်တီးယူမလဲ?

ကိုယ့် CV ကို မြင်လိုက်တာနဲ့ ကုမ္ပဏီတွေက ‘ဟာ… သူ့ကို သိတာပေါ့၊ သူက သိပ်တော်တာ’ ဆိုပြီး ကိုယ့်ကို အလုပ်တန်းခန့်ချင်နေတဲ့အဖြစ်မျိုးကို မလိုချင်တဲ့သူ မရှိလောက်ပါဘူး။ အဲဒီလိုမျိုး တခြားလူတွေက ကိုယ့်ရဲ့ ကိုယ်ပိုင် Image ကို သတိထားမိလောက်အောင် လုပ်ယူလို့ရနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ ပေါင်းသင်းဆက်ဆံတတ်မှု (Communication Skills) 
မြန်မာအချင်းချင်းဆိုရင် ပြဿနာမရှိပေမယ့် နိုင်ငံခြားသားနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ ဘာသာစကားကျွမ်းကျင်မှုကလည်း ဒီနေရာမှာ စကားပြောပါတယ်။ ပေါင်းသင်းဆက်ဆံတယ်ဆိုတဲ့နေရာမှာ အရမ်းမြှောက်ပင့်ပြောဆိုရမယ်၊ အမြဲအလိုလိုက်အကြိုက်ဆောင်နေရမယ်လို့ လုံးဝမဆိုလိုပါဘူး။ ယဉ်ကျေးတဲ့ အသုံးအနှုန်း၊ မှန်ကန်တဲ့ အပြောအဆို၊၊ ဖော်ရွေတဲ့ အမူအရာတွေသာရှိမယ်ဆိုရင် လုံလောက်ပါတယ်။ 

၂။ အရည်အသွေးပြည့်ဝကျွမ်းကျင်မှု (Professionalism) 
Meeting တွေ၊ Social Event တွေ တက်တဲ့အခါ ကိုယ့်ရဲ့ Professional ဆန်တဲ့ ဝတ်စားဆင်ယင်မှုကလည်း တစိတ်တပိုင်း အရေးပါပါတယ်။ ထို့အတူ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ဖော်ပြနိုင်တဲ့ ထိထိရောက်ရောက် ဆွေးနွေးတင်ပြနိုင်မှုကလည်း အရေးကြီးပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်တင်ပြလိုက်တဲ့ကိစ္စကို တကယ်တမ်းဆောင်ရွက်တဲ့အခါ ရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ အဆုံးထိတာဝန်ယူတတ်တဲ့ Professional ဆန်မှုကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ 

၃။ အလုပ်ကြိုးစားမှု (Hard Work) 
ဘယ်လောက်ပဲ မိုးပျံအောင် တော်နေပါစေ၊ အလုပ်မကြိုးစားပဲ အချိန်ဆွဲနေတတ်တဲ့သူမျိုးကို ဘယ်ကုမ္ပဏီကမှ မလိုချင်ကြပါဘူး။ အဲဒီလိုဆိုလို့အလုပ်ကို ဘယ်သူမှမရောက်ခင် အစောကြီးလာ၊ အရမ်းနောက်ကျမှ ပြန်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်တစ်နေ့အလုပ်တစ်နေ့ပြီးအောင် မှန်မှန်လေးနဲ့ ရေသာမခိုပဲ လုပ်မယ်ဆိုရင်ပဲ လုံလောက်မှုရှိပါပြီ။ ဒါပေမယ့် သူများထက်ပိုအောင်မြင်ချင်ရင် သူများထက်ပိုကြိုးစားရမယ်ဆိုတာတော့ မမှားတဲ့နိယာမတစ်ခု ဖြစ်ပါတယ်။ 

၄။ မိမိကိုယ်ကို ယုံကြည်မှု (Confidence) 
ဒီအချက်က အထက်က နံပါတ် ၁၊ ၂နဲ့ ဆက်စပ်မှု ရှိပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်တာနဲ့ ကြောက်တတ်တာနဲ့ လုံးဝမတူပါဘူး။ အလုပ်ရှင်တွေကလည်း ဒါကိုခွဲခြားသိတတ်ကြပါတယ်။ လူတွေအများကြီးရှေ့မှာ Presentation လုပ်ရတော့မယ်ဆိုရင် အကြောင်းအရာ၊ အတွေ့အကြုံနဲ့ Confidence က အရေးကြီးဆုံးလက်နက်တွေ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိ တင်ဆက်နိုင်မှုကို သဘောမကျတဲ့ အလုပ်ရှင် မရှိပါဘူး။ 

၅။ ကျင့်ဝတ်လိုက်နာခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေး (Ethic & Personality) 
ဒီနှစ်ခုကို ခေါင်းစဉ်တစ်ခုအနေနဲ့ ပေါင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ သူတို့နှစ်ခုရဲ့ ဆက်စပ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းတယ်လို့ သတ်မှတ်ခံရတဲ့ လူတစ်ယောက်ဟာ လူ့ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေကို ချိုးဖောက်ဖို့ တော်တော်လေး ရာခိုင်နှုန်းနည်းသွားပါပြီ။ အဲဒီလိုပဲ အပြန်အလှန်အနေနဲ့ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေအတွက် Personality ကောင်းအောင် လုပ်ယူဖို့ လုံးဝမခက်ခဲတော့ပါဘူး။ 

ဖော်ပြခဲ့တဲ့ အချက်လေးတွေဟာ လွယ်မလိုနဲ့ ခက်ပါတယ်။ ဒါကြောင့်ပဲ Headhunting ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ သိပ်ပြီးမတွင်ကျယ်သေးတာ ငြင်းလို့မရတဲ့အချက်ပါပဲ။ MyWorld Careers မှာ ဒီလိုရှားပါးတဲ့လူတော်တွေရဲ့ Resume တွေ ရှိနေပြီးသားဖြစ်လို့ ကိုယ့်ကုမ္ပဏီအတွက် ခန့်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်မှာ အထက်ပါအရည်အချင်းတွေရှိတယ်လို့ ယုံကြည်တဲ့အတွက် အလုပ်ရှာချင်လို့ပဲဖြစ်ဖြစ် support@myworld.com.mm ကို အီးမေးလ်ပို့ပြီး ဆက်သွယ်လို့ရပါတယ်နော်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016