facebook tracking image
How to Cope with Depression During a Career Break
Personal Development

How to Cope with Depression During a Career Break

Career Break မှာရလာတဲ့ Depression ကိုဘယ်လိုကုစားကြမလဲ? 

အခုနောက်ပိုင်း Candidate တော်တော်များများနဲ့ စကားပြောတဲ့အခါ အလုပ်ရှာနေတဲ့အချိန်အတွင်း အလုပ်မရှိလို့ Interview မအောင်လို့ဆိုပြီး Depression ဝင်ကြတာတွေကို ခဏခဏတွေ့ရပါတယ်... အလုပ်ချက်ချင်းမဝင်နိုင်လို့ အချိန်အားနေတာ၊ ပျင်းတာမျိုးကတော့ ဖြစ်သင့် ဖြစ်နိုင်ပေမဲ့ ကိုယ့်ရဲ့စိတ်အခြေအနေ ကျန်းမာရေးကိုပါ ထိခိုက်လောက်တဲ့ Depression မျိုးရတဲ့ အခြေအနေအထိမရောက်စေဖို့တော့ အရေးကြီးပါတယ်… ဒါကြောင့် Depression ကို ထိန်းချုပ်နိုင်ဖို့အတွက် အချက်လေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်...

Depression ဝင်စေတဲ့အဓိကအချက်က Overthinking ဖြစ်ရာကစပါတယ်… တိတိကျကျပြောရရင် Overthinking ဖြစ်လာစေဖို့လုံလောက်တဲ့ အချိန်တွေပိုလာလို့ပါ… အဲ့ဒါကြောင့်စိတ်ပူစရာအတွေးတွေ ထပ်ခါထပ်ခါတွေးနေမယ့်အစား Career Break မှာပိုထွက်လာတဲ့အချိန်တွေကို အရင်ကကိုယ်အချိန်မပေးခဲ့ရတဲ့ Hobby လေးတွေလုပ်တာ၊ စာဖတ်တာ၊ မိသားစုကိုအချိန်ပေးတာတွေလုပ်ပေးပါ။ Career Break ယူတယ်လို့သဘောထားပြီး စိတ်ကလေး အေးအေးချမ်းချမ်းနဲ့ အလုပ်ရှာခြင်းက နောက်အလုပ်တစ်ခုရတဲ့အခါမှာလည်း ကောင်းကောင်းအနားယူခဲ့ရလို့ အလုပ်သစ်တစ်ခုကို လန်းလန်းဆန်းဆန်းနဲ့  Join နိုင်မှာဖြစ်ပါတယ်။

အလုပ်နားတဲ့အချိန် Depression ဝင်စေတဲ့နောက်တစ်ချက်ကတော့ ဝင်ငွေမရှိတော့ခြင်းကြောင့်ပါ။ အဲ့ဒါကြောင့် အလုပ်ထွက်တော့မယ်ဆိုရင် မထွက်ခင် ကြိုတင် Plan ချသင့်ပါတယ်။ ကိုယ်အချိန်ဘယ်လောက်ကြာကြာ Career Break ယူမလဲဆိုတာစဉ်းစားပြီး အဲ့ကာလအတွင်းသုံးစွဲနိုင်ဖို့ ကြိုတင်ငွေစုထားတာ၊ မထွက်ခင် Secondry Income ရစေနိုင်မဲ့ Part Time သို့မဟုတ် Side Business တစ်ခုခုကိုအစပြုထားခြင်းက ဝင်ငွေရပ်ဆိုင်းသွားတာကြောင့်ဖြစ်နိုင်တဲ့ Depression ကိုကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

Career Break ယူတဲ့အချိန်အတွင်း နိစ္စဒူဝအိမ်မှာနေပြီး စကားပြောဖော်မရှိတာမျိုးကလည်း Depression ရစေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လည်းအကျိုးရှိ Career Development အတွက်လည်းအထောက်အကူပြုတဲ့ သင်တန်းမျိုးတက်ခြင်းဟာ ကိုယ့်အတွက် အကျိုးရှိစေရုံသာမက နောက်အလုပ်လျှောက်တဲ့အခါမေးရင်လည်း ကိုယ်ဟာ Career Break မှာ အချိန်တွေကိုဒီတိုင်းဖြုန်းပစ်သူမဟုတ်ကြောင်းသက်သေပြနိုင်ပါတယ်။ 

Depression ဝင်တဲ့အခါမှာ စာအုပ်ကောင်းလေးတွေဖတ်တာက စိတ်ဓာတ်ခွန်အားတိုးစေတဲ့ အကောင်းမွန်ဆုံးအဖော်မွန်ပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် မိုးရှင်းရဲ့ ‘သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့’၊ ‘ဖာရာရီလမ်းခွဲ’ စတဲ့စာအုပ်တွေလိုမျိုး စိတ်ဓာတ်ခွန်အားတိုးပွားစေတဲ့ စာအုပ်လေးတွေဖတ်ခြင်းကလည်း အများကြီးအကျိုးရှိစေပါတယ်။ 

Depression ဝင်ရတဲ့နောက်တစ်ချက်က ကိုယ်တစ်ယောက်တည်း ကံဆိုးနေသူ၊ အလုပ်ရှာရခက်ခဲသူ၊ ဘာလုပ်လုပ်အဆင်မပြေသူ စသည်ဖြင့်စဉ်းစားကြလို့ ပိုမိုစိတ်ဓာတ်ကျရခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ အလုပ်သစ်တစ်ခုမရခင် Career Break လိုချင်သောကြောင့်အလုပ်ထွက်တယ်ဆိုရင် များသောအားဖြင့် အလုပ်သစ်ကို ၁လ မှ ၆လ ကြာသည်အထိရှာဖွေရတတ်ပါတယ်။ တချို့ဆို အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော်ထိအလုပ်ရှာဖွွေနေရသူများလည်းရှိပါတယ်။ ဒါကြောင့် အလုပ် Interview သွားဖြေတဲ့အခါကံအကြောင်းမသင့်စွာ Interview မအောင်မြင်ခဲ့ပါက ဒါကိုယ်တစ်ယောက်တည်းမှာဖြစ်တာမဟုတ်ဘူး...ဒီထက်ပိိုပြီးအဆင်ပြေစရာရဖို့ရှိလို့ ဒီတစ်ခုနဲ့ လွဲချော်ခဲ့ရတယ်လို့ စဉ်းစားလိုက်တာမျိုးက ကိုယ်အတွက်စိတ်သက်သာရစေတဲ့အပြင် နောက်အလုပ်တစ်ခုလျှောက်တဲ့နေရာမှာလည်း ခွန်အားဖြစ်စေပါတယ်။ 

နောက်တစ်ချက်ကတော့ မှန်းထားတဲ့ Career Break အချိန်ထက်ကျော်လွန်သွားတာကြောင့် Depression ဝင်လာတာမျိုးမဖြစ်ရအောင် Recruiter တွေနှင့် ချိတ်ဆက်ပြီး အလုပ်ရှာဖွေခြင်းကလည်း Opportunities များများ Company များများ အကြောင်းသိနိုင်ပြီးတော့ Interview များအဆင်မပြေခဲ့ရင်လည်း ပြောင်းလဲပြင်ဆင်သင့်တာတွေကို Suggestion ပေးနိုင်သောကြောင့် Interview Pass ဖြစ်ဖို့ Rate များပြီး Depression ဝင်နိုင်ခြေကိုလျော့ချပေးစေနိုင်ပါတယ်။ 

နောက်ဆုံးအချက်အနေနဲ့ စိတ်ဓာတ်ကျခြင်းမှကာကွယ်ရန် Gym ဆော့ခြင်း၊ တူရိယာတစ်မျိုးမျိုးတီးခတ်မှုသင်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းကလည်း ကိုယ်ရောစိတ်ရောကျန်းမာစေပါတယ်။  ဒီအချက်တွေကိုသာ လိုက်နာဆင်ခြင်နိုင်မယ်ဆိုရင် Career Break မှာ Depression တာမျိုးကို လျော့နည်းစေနိုင်မှာဖြစ်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016