facebook tracking image
How to Craft a Winning and Well-Rounded CV 
Personal Development

How to Craft a Winning and Well-Rounded CV 

ကောင်းမွန်ပြည့်စုံတဲ့ CV တစ်စောင်ဖြစ်အောင်ဘယ်လိုဖန်တီးယူကြမလဲ?

ယနေ့ခေတ်မှာ ဘွဲ့ရခါစလူငယ်တွေသာမက လက်ရှိလုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့သူတော်တော်များများတွေမှာ တွေ့ရတဲ့အချက်တစ်ချက်က CV ရေးသားပုံရေးသားနည်းနှင့်ပတ်သက်ပြီး ရေးပုံရေးနည်းလိုအပ်ချက်တွေပဲဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ CV တစ်စောင်ဖြစ်အောင်ရေးသားခြင်းဟာ လွယ်ကူလှတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဘွဲ့ရပြီးစလူငယ်များနှင့်လုပ်ငန်းခွင်အတွေ့အကြုံမရှိတဲ့သူတွေမှာ အဲဒီလိုအခက်အခဲတွေကို ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် CV ရေးသားတဲ့အခါ ဘယ်လိုအချက်အလက်တွေကိုထည့်သွင်းရမယ်ဆိုတာကိုလေ့လာနုုိင်ဖို့အတွက် အခြေခံအချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်ရေးအချက်အလက် (Personal Information)

ကိုယ်ရေးအချက်အလက်လို့ဆိုပါက CV ထဲမှာ လူတိုင်းနီးပါးထည့်သွင်းကြတဲ့အရာလို့ထင်ပါလိမ့်မည်။ သို့သော် ၄ ပုံ ၂ ပုံသော အလုပ်လျှောက်လွှာတွေမှာ Email, Contact Phone Number နဲ့ Address တွေကိုဖော်ပြဖို့ မေ့လျော့နေကြပါတယ်။ ဒါကြောင့် ကိုယ့် Contact Information ကို ပြည့်စုံအောင်ထည့်ပါ။

၂။ ပညာရေး (Education)

ကိုယ်သင်ယူတတ်မြောက်ပြီးသောဘွဲ့ပညာနဲ့ လက်ရှိလေ့လာဆည်းပူးနေသော ပညာရပ်တို့ကိုထည့်သွင်းရေးထားတာအပြင် ဘယ်ခုနှစ်မှာပြီးမြောက်အောင်မြင်ကြောင်းကိုပါ ဖော်ပြထားသင့်ပါတယ်။

၃။ လုပ်ငန်းခွင်အတွေ့အကြုံ (Working Experiences)

လုပ်ငန်းအတွေ့အကြုံလို့ပြောရင်လည်း Company Name, Job Title နဲ့ Working Period တို့အပြင် Job Responsibilities ကိုပါပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြသင့်ပါတယ်။ CV Form ကို အလုပ်ရရန် အလုပ်လျှောက်လွှာဟုမသတ်မှတ်ပဲ Interview ရရန် ပထမအဆင့်ဟု သတ်မှတ်ထားသင့်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ CV Form မှာ ကိုယ်တာဝန်ယူရသော လုပ်ငန်းဆောင်တာများ တစ်နည်းအားဖြင့် Responsibility ကို မဖော်ပြထားရင် ကိုယ့် CV ကို ဖတ်မယ့် လုပ်ငန်းရှင်(သို့မဟုတ်) Interviewer တို့ရဲ့ ယုံကြည်မှု၊ အထင်ကြီးလေးစားမှုကို လျော့ကျသွားမှာပါ။ 

၄။ အောင်မြင်မှု (Achievement)

အောင်မြင်မှုဟုဆိုလျှင် Employee of the Month သို့မဟုတ် Employee of the Year တို့ကိုဘဲ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ငန်းခွင်အတွင်းမှာ ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ Project တစ်ခုပြီးမြောက်အောင်မြင်ခြင်း စသည်တို့ကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။ အထက်ပါအချက်အလက်တွေဟာ CV ရေးတဲ့အခါ မရှိမဖြစ်ထည့်သွင်းဖော်ပြရမယ့်အချက်အလက်တွေဖြစ်တဲ့အတွက် Share ပေးလိုက်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016