facebook tracking image
​How to Ease Stress and Anxiety in Your Daily Life
Personal Development

​How to Ease Stress and Anxiety in Your Daily Life

Stress နဲ့ Anxiety တွေလျှော့ချနိုင်မယ့် နည်းလမ်းကောင်းများ 

အခုချိန်မှာအားလုံးက အလှည့်အပြောင်းတွေ ရိုက်ခတ်မှုတွေကြောင့် စိတ်ဖိစီးမှုတွေ၊ အနာဂါတ်နဲ့ပတ်သက်ပြီး မရေရာမသေချာမှုတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ ရင်ဆိုင်နေကြရမှာပါ။ ဘဝမှာ ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့် အမြဲဖြစ်နေတဲ့အခါမှာ အဆိုးတွေနဲ့မလွဲမသွေကြုံတွေ့ရရင်လည်း ကောင်းကောင်း ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်ဖို့ စိတ်ရောလူပါ ကျန်းမာနေဖို့ကအရမ်းအရေးကြီးပါတယ်။

ဒီတော့လက်ရှိကြုံတွေ့နေရတဲ့ Stress တွေ၊ Anxiety တွေကို တတ်နိုင်သမျှလျှော့ချနိုင်အောင် အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်။

အိပ်ရေးဝဝအိပ်စက်အနားယူပါ။
ကျန်းမာရေးကအရေးအကြီးဆုံးပါပဲ။ ကျန်းမာနေမှတခြားဟာတွေဆက်လုပ်လို့ရမှာပါ။ လုံလောက်တဲ့အိပ်စက်ချိန်မရှိခြင်းက Physical Health တင်မကဘဲနဲ့ Negative Mood တွေဝင်တာ၊ Energy Level ကျဆင်းတာတွေဖြစ်တတ်တာကြောင့် ဦးနှောက်ကကျန်းမာစွာအလုပ်လုပ်နိုင်ဖို့ အိပ်ပျော်အောင်အိပ်ဖို့လိုပါတယ်။

Social Media ကို အချိန်နဲ့ နားနားပြီးသုံးပါ။
အခုချိန်မှာ အချိန်နဲ့အမျှ Update News တွေ၊ တိကျမှန်ကန်တဲ့ Information တွေကို မျက်ခြေမပျက်သိဖို့လိုတယ်ဆိုပေမယ့်လည်း Social Media တွေပေါ်မှာ နာရီပေါင်းများစွာဆက်တိုက်ကုန်ဆုံးနေမယ်ဆိုရင် ကြာရင် Stress တွေ၊ Negativity တွေဝင်လာဖို့ပိုလွယ်ပါတယ်။ ဒါကြောင့် နာရီဝက်၊ တစ်နာရီသုံးပြီးတိုင်း မျက်လုံးနဲ့ စိတ်ကိုအနားပေးပြီးမှ ပြန်သုံးပါ။

လုပ်ရမယ့် လုပ်ငန်းဆောင်တွေကို သတ်သတ်မှတ်မှတ်လုပ်ပါ။
လက်ရှိကိုယ်က ပုဂ္ဂလိကဝန်ထမ်းအနေနဲ့ အလုပ်တွေဆက်ပြီးလုပ်ကိုင်နေရသေးဆိုရင်လည်း အခြေအနေအပြောင်းအလဲတွေကြောင့် တချို့တွေလုပ်ငန်းတွေမှာ လုပ်လက်စ Project တွေခဏရပ်ထားတာ၊ Process တွေပုံမှန်မလုပ်သေးတာမျိုးရှိမှာပါ။ ဒီလိုအနေအထားမျိုးမှာ ကိုယ့်ရဲ့ Future Career အတွက် ပူပန်ကြောင့်ကြမှုတွေရှိကြမှာပါပဲ။ ဒီတော့လက်ရှိကိုအရင်အာရုံစိုက်ထားပြီး ကိုယ့်ဘက်က တစ်နေ့တာလုပ်ငန်းဆောင်တာမှာ ဘာတွေဆက်ပြီးလုပ်သွားလို့ရမလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ထားလို့ရမလဲဆိုတာ သေချာသတ်မှတ်ပြီးလုပ်သွားရင် လုပ်စရာမရှိဘူးဆိုတဲ့ အတွေးတွေ၊ ပူပန်မှုတွေကို လျော့နည်းစေနိုင်မှာပါ။

စိတ်ဖိစီးမှုလျှော့ချပေးတဲ့ အစားအသောက်တွေစားပေးပါ။
Stress နဲ့ Anxiety တွေကို လျှော့ချပေးတဲ့နေရာမှာ ကောင်းမွန်တဲ့အစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ကြက်ဥ၊ ဒိန်ချဉ်၊ Dark Chocolate တို့ကို နေ့စဉ်စားတဲ့အစားအစာထဲမှာ ထည့်သွင်းစားသောက်ကြည့်ပါ။

တခြားသူများကို တတ်နိုင်တဲ့ဘက်ကကူညီပေးပါ။
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အမြဲပြောဆိုဆက်သွယ်နေပြီးတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီပေးပါ။ Mentally Support လုပ်ပေးပါ။ တခြားသူတွေကိုကူညီပေးတာကလည်း ကိုယ့်ရဲ့ဖိစီးမှုတွေကို တစ်နည်းတစ်ဖုံလျော့ကျစေပါတယ်။

ဒီနည်းလမ်းလေးတွေက လက်ရှိကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေကိုလျော့ကျစေဖို့ တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်။