facebook tracking image
How to Maintain a Positive Mindset in the Workplace?
Personal Development

How to Maintain a Positive Mindset in the Workplace?

အလုပ်ခွင်မှာ အကောင်းမြင်စိတ်ဘယ်လိုထားရမလဲ?

Positive Attitude ဆိုတဲ့ ‘အကောင်းမြင်စိတ်’ ဟာ ယနေ့ခေတ်အလုပ်ခွင်မှာရော၊ ဘဝအောင်မြင်ရေးမှာပါ မရှိမဖြစ် အရေးကြီးတဲ့ Century Skill တစ်ခုဆိုတာမမှားပါဘူး၊၊ ကျွန်မတို့အားလုံးဟာ ကိုယ့်အလုပ်ခွင်မှာ အမျိုးမျိုးသောအခက်အခဲတွေ၊ Stress တွေ၊ အဆင်မပြေမှုတွေကို နိစ္စဓူဝ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ အဲဒီလိုအခက်အခဲ၊ အဆင်မပြေမှုတွေကိုကြုံတွေ့တဲ့အခါ အကောင်းမြင်စိတ်ထားနိုင်တဲ့အခါမှသာ ကိုယ့်စိတ်ကတည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ့်အတွေးအခေါ်ကောင်းတွေ ဖန်တီးနိိုင်မှာဖြစ်ပါတယ်။ အတွေးအခေါ်ကောင်းရင် ကိုယ်ရဲ့လုပ်ဆောင်မှုတွေကလည်း မှန်ကန်ကောင်းမွန်လာပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာအောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ‘Positive Attitude’ ဆိုတဲ့အကောင်းမြင်စိတ်ကိုထားတတ်ဖို့အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးကနေ ‘Positive Attitude’ ကို ဘယ်လိုမွေးမြူရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

၁။ အရာရာမှာကောင်းတာလေးတွေကိုရှာကြည့်ပါ။

လူတိုင်းလူတိုင်းမှာ သူတို့ကောင်းတဲ့အချက်တွေရှိကြသလို ဆိုးတဲ့အချက်လေးတွေလည်းရှိကြပါတယ်။ အရာရာတိုင်းကအကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။ အလုပ်ခွင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိရဲ့ အလုပ်ရှင်ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေမှာဖြစ်ဖြစ် ကောင်းတဲ့အချက်တွေရှိသလို ကိုယ်သိပ်သဘောမတွေ့တဲ့အရာလေးတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ကိုယ်သဘောမတွေ့တဲ့အရာတွေထက် သူတို့ရဲ့ကောင်းတဲ့အချက်လေးတွေ၊ ကောင်းတဲ့အရည်အသွေးတွေကိုပိုပြီးဦးစားပေးကြည့်မယ်ဆိုရင် Positive and Happy Working Environment တစ်ခုဖန်တီးနိုင်မှာဖြစ်ပါတယ်။

၂။ အကောင်းမြင်တတ်သူတွေနဲ့ပေါင်းသင်းပါ။

လူတစ်ယောက်အကောင်းမြင်စိတ်ထားတတ်အောင် ကိုယ့်ဘေးကပတ်ဝန်းကျင်ပေါ်မှာ အများကြီးမူတည်ပါတယ်။ အမှန်တိုင်းပြောရရင် လောကကြီးမှာ မကောင်းမြင်သမားတွေ အတော်များလှပါတယ်။ တစ်ချို့တွေက သူများတွေရဲ့ အပြုအမူ၊ အကျင့်တွေကို အကောင်းမမြင်ကဲ့ရဲ့တတ်သလို တစ်ချို့တွေကလည်း ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေ၊ ကိုယ့်အဖြစ်အပျက်တွေကို အမြဲမကျေနပ်ဘဲ ညည်းညူတတ်ကြလေ့ရှိပါတယ်။ ဒီလိုဆိုပြီး စိတ်မညစ်သွားပါနဲ့။  အကောင်းမြင်သမားများသည်လည်း နေရာတိုင်းမှာရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနီးနားမှာ အကောင်းမြင်စိတ်ထားရှိတဲ့လူတွေကို မြင်တယ်ဆိုရင် မိတ်ဖွဲ့ပါ။ အဆိုးဆုံးသောအခြေအနေမှာ အကောင်းမြင်စိတ်ထားရှိသူတွေက ပြဿနာကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားလည်းဆိုတာ လေ့လာသင်ယူပါ။

၃။ စကားပြောတဲ့အခါတိုင်း ကောင်းတာလေးတွေပြောပေးပါ။

အခြားသူများနှင့်ပြောဆိုဆက်ဆံသည့်အခါတိုင်း အကောင်းသဘောစကားလေးများပါပြောတတ်သည့် အကျင့်မျိုးပြုပါ။ ကိုယ့်ဘေးကလုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းများကို ချီးကျူးစကား၊ အသိအမှတ်ပြုစကား၊ အားပေးစကားတို့ကိုများများပြောပေးပါ။ အဲ့လိုပြောခြင်းအားဖြင့် သူတို့ကိုစိတ်အားပေးရာရောက်သလို ကိုယ့်စိတ်လည်းပျော်ရွှင်စေပါတယ်။

၄။ နေ့စဉ်တခြားသူများကိုကျေးဇူးတင်စကားပြောဆိုပါ။

ကိုယ့်လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းများကို သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင်ကြောင်းပြပါ။ အဲလိုကျေးဇူးတင်ကြောင်းများများပြောတဲ့အခါ လုပ်ဖော်ကိုင်ဖက် အချင်းချင်းပေါင်းသင်းဆက်ဆံရေးတိုးလာသည်သာမက လုပ်ငန်းစွမ်းဆောင်ရည်ပါပိုပြီးတိုးမြင့်လာစေပါတယ်။ ကျေးဇူးတင်တတ်တဲ့အခါ ကျွန်မတို့ဟာ ပိုပြီးကောင်းတဲ့စိတ်နေစိတ်ထားမျိုး ရသွားသလိုကိုယ်တိုင်ခံစားမိလာပါတယ်။ စိတ်ထားကောင်းရှိတဲ့အခါမှာလည်း မကောင်းတာထက် ကောင်းတာကိုသာ အလိုလိုစဉ်းစားလာမိစေပါတယ်။

ဒီစာလေးကိုဖတ်ပြီးသွားလို့ ကိုယ့်အတွက်အကျိုးရှိတယ်လို့ခံစားရတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်းမျှဝေပေးပြီး ပိုမိုကောင်းမွန်တဲ့ကမ္ဘာတစ်ခုကို တူတူတည်ဆောက်ကြစို့နော်…

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016