facebook tracking image
How to Manage Your Valuable Time?
Personal Development

How to Manage Your Valuable Time?

တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ?

Time Management ဆိုတဲ့စကားလုံးက အခုခေတ်မှာအရမ်းလိုအပ်လာသလို အားလုံးနဲ့လည်းစိမ်းမယ်မထင်ပါဘူး။ များသောအားဖြင့် အချိန်မရှိဘူးလို့ပြောနေကြတာကို ကြားဖူးကြမှာပါ။ ဒီလိုအချိန်မရှိဘူးဆိုတဲ့ စကားလုံးအတွက် အချိန်ကို Manage လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် Tips လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။


Set Goals

ပထမဆုံး Tip အနေနဲ့ Goal တွေကို စတင်ပြီး Set Up လုပ်ပေးရပါမယ်။ ဘယ်သူမဆို ကိုယ်ရအောင်လုပ်မယ့် Achievement၊ ဖြစ်အောင်လုပ်မယ့် Goal တွေရှိကြပါတယ်။ ဒီအတွက် Daily Goal ကနေ Yearly Goal အထိ Set Up လုပ်ထားသင့်ပါတယ်။ အနည်းဆုံးတော့ Weekly Goal ကနေ စလုပ်ခြင်းက ပိုမိုကောင်းမွန်တဲ့ Result ကိုရရှိစေမှာပါ။


Priority

Goal တွေကိုစတင်လုပ်ဆောင်တော့မယ်ဆိုရင် ဘာကိုအရင်စတင်လုပ်ဆောင်သင့်တယ်ဆိုတဲ့ရွေးချယ်စရာတွေလည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အတွက် ဘယ်အရာက Important နဲ့ Urgent ဖြစ်စေမလဲဆိုတာကို သေချာသုံးသပ်ရွေးချယ်ပြီးမှစတင်လုပ်ဆောင်သင့်ပါတယ်။ စတင်လုပ်ဆောင်တဲ့နေရာမှာ Multitasking လုပ်ဆောင်ခြင်းကိုတော့ ရှောင်ကျဉ်စေချင်ပါတယ်။ Focus ထားလုပ်ဆောင်ခြင်းက Important နဲ့ Urgent ဆိုတဲ့ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို ပြီးမြောက်စေပြီး ကျန်ရှိနေသေးတဲ့ Task တွေကိုတော့ Step by Step လုပ်ဆောင်သွားသင့်တယ်လို့ပဲအကြံပြုချင်ပါတယ်။


Plan Ahead

Goal တွေလညး်ရှိပြီ၊ Priority ဆိုတဲ့ဦးစားပေးလုပ်ဆောင်ရမှာတွေလည်းသိပြီဆိုတော့ ဘယ်လို Approach လုပ်ကြမလဲ။ အဲအတွက် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ Plan ကလည်းမရှိမဖြစ်ပါပဲ။ Planning လုပ်ခြင်းအားဖြင့် ကိုယ်သွားချင်တဲ့ Goal ကို Effective and Faster Achievement ဖြစ်စေမှာဖြစ်ပါတယ်။ Plan လုပ်တော့မယ်ဆိုရင် Plan A and Plan B ဆိုပြီးပြင်ဆင်ထားသင့်ပါတယ်။ Plan A ကကိုယ်ထင်သလောက်အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် Plan B ကို Modify လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အချိန်တွေကို Save လုပ်နိုင်ပါတယ်။


Just Say No

“Just Say No” ဆိုတဲစကားလုံးကလည်း ဖယ်မထားသင့်တဲ့ Tip တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေကအားနာတတ်တဲ့အတွက် ကိုယ့်အသိမိတ်ဆွေပဲဖြစ်ဖြစ်၊ အထက်အရာရှိကပဲဖြစ်ဖြစ်၊ Request လုပ်လာပြီဆိုရင် “No” လို့ပြောရမှာမယ့်အစား ကိုယ့်အလုပ်တွေကိုချန်ထားခဲ့ပြီး ဦးစားပေးလုပ်ဆောင်ပေးကြပြန်ပါတယ်။ ဒီတော့ ကိုယ်လုပ်ဆောင်မှပြီးမြောက်မယ့်အရာတွေကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းအားဖြင့် “No” ဆိုတဲ့စကားလုံးကိုအသုံးပြုစေချင်ပါတယ်။ ဒါမှသာကိုယ်လုပ်ဆောင်ရမယ့် Goal တွေကို မနှောင့်နှေးစေဘဲ ပြီးမြောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။


Take Time For Yourself

နောက်ဆုံး Tip အနေနဲ့ ကိုယ့်အတွက် အချိန်တွေယူဖို့လည်းမမေ့ပါနဲ့ဦး။ Achievement တွေ၊ Goal တွေ၊ Plan တွေနဲ့ Priorities တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေရတဲ့အတွက် Stress တွေလည်းပါလာမှာအမှန်ပါပဲ။ ဒီတော့ Stress တွေလျော့သွားအောင်၊ စိတ်တွေ Relax ဖြစ်အောင် ခရီးသွားတာပဲဖြစ်ဖြစ်၊ ကိုယ်နှ်စ်သက်ရာကိုလုပ်ဆောင်တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးကို အကျိုးရှိစေမယ့်အရာလေးတွေလုပ်ဆောင်ပေးနိုင်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016