facebook tracking image
How to Reduce Daily Workplace Stress
Personal Development

How to Reduce Daily Workplace Stress

နေ့စဉ်လုပ်ငန်းခွင်မှာရနေတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ?

နေ့စဉ်လုပ်ငန်းခွင်မှာရနေတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို လျှော့ချမလဲ? လူမှုရေး၊ စီးပွားရေးကအစ စာမေးပွဲနီးလို့ စာမရသေးတဲ့ကိစ္စတွေအထိ အသက်အရွယ်မရွေး လူတိုင်းမှာ စိတ်ဖိစီးမှုအနည်းနဲ့အများတော့ရှိမှာပါ။ အခုပြောမယ့်အကြောင်းအရာကတော့ အလုပ်လုပ်ရင်းရလာတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လောက်ထိကောင်းကောင်း Handle လုပ်နိုင်မလဲဆိုတဲ့ Stress Management အပိုင်းပါ။ တကယ်တော့ စိတ်လက်ပေ့ါပေါ့ပါးပါးနဲ ့အလုပ်တွေကို အမှားမရှိပဲ အချိန်မီပြီးစီးနိုင်တာ အကောင်းဆုံးပဲလေ…. ဒါကြောင့်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ကြိုးစားကြတယ်။ ဥပမာ - သောကြာနေ့ညနေတိုင်း သူငယ်ချင်းတွေနဲ့ Hangout လုပ်ကြတာမျိုး၊ အားလပ်ရက်ရှည်တွေမှာ ခရီးထွက်ကြတာမျိုးတွေပေါ့။ တခါတလေကျတော့လည်း နားချိန်မရှိအောင် အလုပ်တွေဆက်တိုက်လုပ်ရတဲ့အခါ ခေါင်းပူပြီး အာရုံတွေနောက်လာတာပေါ့… အိမ်မှာ တစ်မျိုး၊ လုပ်ငန်းခွင်မှာ တစ်မျိုး မတူညီတဲ့အကြောင်းအရာပေါင်းစုံနဲ့ စိတ်ဖိစီးမှုတွေကြုံတွေ့လာတဲ့အခါ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

၁။ သူငယ်ချင်းတွေဆီ 10 မိနစ်လောက်ဖြစ်ဖြစ် ဖုန်းဆက်ပါ။ 
ဒီနည်းကတော့ နေ့စဉ်ရက်ဆက်လိုလို အလုပ်ကလည်းများနေတယ်၊ ရုံးကလည်းမဆင်းသေးဘူး၊ လက်စသတ်စရာလေးတွေလည်း ရှိနေသေးတယ်၊ ရုံးပိတ်ရက်တွေမှာတောင် အိမ်မှာ အလုပ်တွေလုပ်နေတဲ့အချိန်တွေမှာ သုံးဖို့ဖြစ်ပါတယ်။ အပြင်လည်းမထွက်ဖြစ်ဘဲ အလုပ်တွေပိပြီး စိတ်တွေရှုပ်လာပြီဆို ကိုယ်နဲ့ အကြောင်းသိ ပြောမနာဆိုမနာ သူငယ်ချင်းဆီ ဖုန်းခေါ်ပြီး သူရောဘာတွေလုပ်နေလဲ၊ စကားပြောဖို့အဆင်ပြေလား စတာတွေနဲ ့အစပျိုးပြီး ထွေရာလေးပါးလျှောက်ပြောပါ။ အဲ့လိုနဲ ့လက်ရှိအလုပ်ခွင်ပတ်ဝန်းကျင်နဲ့ ခဏကင်းလွတ်သွားပြီး စိတ်ထဲရှိရာပြောဖြစ်လိုက်တဲ့အတွက် ရင်ထဲပေါ့သွားပါလိမ့်မယ်။ 

၂။ ဘော်ဒါတွေနဲ့ Hang Out လုပ်ပါ။ 
တကယ်လို ့သင်ဟာ အပေါင်းအသင်းလည်းများမယ်၊ ပျော်ပျော်လည်းနေတတ်တဲ့သူဆိုရင်တော့ အပြင်မှာတွေ့ ပြီး Hang Out လုပ်ပါ။ တစ်လမှာ တစ်ခါလောက် ပုံမှန်လေး သူငယ်ချင်းတွေနဲ့ Hangout လုပ်ခြင်းအားဖြင့် လုပ်ငန်းအတွေ့အကြုံတွေ ဖလှယ်ခွင့်ရသလို သူငယ်ချင်းတွေဆီက မတူညီတဲ့ Perception, Knowledge တွေ ကြောင့် သင့်ရဲ့ တွေးခေါ်မှုတွေက တစ်မျိုးလန်းဆန်းနေမှာပါ။ 

၃။ စာဖတ်ပါ။
တကယ်လို့ သင်ကခပ်အေးအေးသမားဖြစ်ပြီး လူများတဲ့နေရာ၊ ဆူညံတာတွေလည်း သိပ်သဘောမကျဘူး၊ Alcohol လည်းမသောက်တတ်ဘူးဆိုရင်တော့ ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်တစ်ခုခုမှာထိုင်ပြီး အေးအေးဆေးဆေးစာဖတ်၊ သီချင်းနားထောင်၊ Online ကနေ စိတ်ဝင်စားစရာ ဗဟုသုတရစရာအကြောင်းအရာတွေ ရှာဖွေဖတ်ရတာကလည်း အပျင်းလည်းပြေ၊ General Knowledge လည်း တိုးပွားစေပြီး စိတ်ဖိစီးမှုကို အထိုက်အလျောက်လျှော့ချပြီးသားဖြစ်မှာပါ။ 

၄။ ဝါသနာပါတဲ့ အလုပ်လေးတွေလုပ်ပါ။ 
သင်က အနုပညာဝါသနာပါသူလား? ခရီးသွားရတာနှစ်သက်သူလား? အားကစားလုပ်ရတာသဘောကျတဲ့သူလား? ကိုယ်စိတ်ပါဝင်စားတဲ့ အလုပ်တစ်ခုခုကို အားလပ်ရက်တွေမှာ သေချာအချိန်လေးဖယ်ပေးပြီး လုပ်ရတာလည်း စိတ်အပန်းဖြေခြင်းတစ်ခုပါပဲ။ လေ့လာသင်ယူနိုင်တုန်းမှာ ကိုယ်ဝါသနာပါတဲ့ပညာရပ်တစ်ခုကို လေ့လာထားမယ်ဆိုရင် အသက်ကြီးလို့ ပင်စင်ယူတဲ့အခါ ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျဆင်းတဲ့ရောဂါကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်မှာပါ။ ငယ်ရွယ်တုန်းမှာ အလုပ်လုပ်ပြီး ငွေကြေးလည်း အထိုက်အလျောက်စုမယ်၊ အားလပ်ရက်တွေမှာ လေ့လာထားတဲ့ပညာတွေကို အခြေခံပြီး ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုထူထောင်နိုင်မယ်ဆိုရင် သင်ဟာ တော်တော်လေးဟန်ချက်ညီတဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေချာပါပဲ။ အသက်ကြီးလို့ မလှုပ်ရှားနိုင်တော့မှ မလုပ်ခဲ့မိတာတွေအတွက် နောင်တရတာကတော့ တော်တော်ဆိုးမယ်ထင်တယ်နော်။ ဘာပဲပြောပြော စိတ်ဖိစီးမှုလည်းပျောက်၊ အနာဂတ်အတွက်လည်း တစိတ်တဒေသအထောက်အကူဖြစ်ပါလိမ့်မယ်။ 

၅။ အိပ်ရေးဝဝအိပ်ပါ။ 
ဒီနည်းကတော့ လွယ်မယောင်နဲ ခက်တဲ့နည်းလမ်းလေးပါ။ Internet ကို ဖုန်းတွေနဲ့ အလွယ်တကူအသုံးပြုလို့ရပြီးနောက်မှာ ကျွန်မတို့ရဲ့ တစ်နေ့တာအချိန်တွေဟာ Social Media တွေကိုသုံးရင်းနဲ့ တဖြည်းဖြည်းပဲ့ပါနေတာကို သတိထားမိမှာပါ။ ညဉ့်နက်တဲ့အထိ Internet သုံးရင်း အိပ်ပျော်သွားတဲ့အခါ နောက်တစ်နေ့အလုပ်သွားဖို့ အိပ်ရာထဖို့ကို ဝန်လေးနေတတ်ပြန်ရော… ရုံးမှာအလုပ်လုပ်တဲ့အခါမှာလည်း အိပ်ရေးမဝတဲ့အတွက် ဦးနှောက်က မလန်းဆန်းပဲ စိတ်ရှုပ်တာပိုလွယ်လာနိုင်ပါတယ်… ဒါကြောင့် စိတ်ကြည်ကြည်လင်လင်နဲ ့ အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့ဆိုရင် အိပ်ရေးဝဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ… 

ကဲ… အဲဒီတော့ အပေါ်မှာပြောပြခဲ့တဲ့အချက်တွေထဲက တစ်ချက်နှစ်ချက်ပဲဖြစ်ဖြစ် စတင်ပြီး လက်တွေ့လုပ်ကြည့်ရင်း ပိုမိုကောင်းမွန်တဲ့ နည်းလမ်းလေးတွေရှိရင်လည်း ဘော်ဒါတွေကြားမှာ အချင်းချင်းဝေမျှပြီး Stress တွေကို ဖြေဖျောက်လိုက်ကြရအောင်နော်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016