facebook tracking image
How To Say "Thanks" And Building A Good Relationship
Personal Development

How To Say "Thanks" And Building A Good Relationship

"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားဟာ အများအားဖြင့် ကံစမ်းမဲ ခဲခြစ်ကဒ်ပြားတွေမှာ တွေ့ရလေ့ရှိတယ်။ ဘာဆုကြီး ညာဆုကြီး ဆိုပြီး ကြေညာထားတဲ့ လူသုံးကုန်တွေ အစားအသောက်တွေမှာ တော်တော်များများက "Thank you" တွေသာ တွေ့ရလေ့ရှိတယ်။ အဲ့တော့ ဒီစကားတစ်ခွန်းကတော့ လူတိုင်းနဲ့စိမ်းမယ်မထင်ဘူး။ ဒါပေမယ့် အမြဲလိုလို မြင်နေကြ ဖြစ်တာတောင် တစ်ယောက်နဲ့ တစ်ယောက် ထုတ်ပြောဖို့တော့ တွန့်ဆုတ်နေတုန်းပဲမလား။

လူတော်တော်များများက "ကျေးဇူးတင်ပါတယ်" လို ့ပြောရမှာ အားနာကြတယ်။ ဘာလို ့လဲဆိုတော့ တစ်ဖက်ကလည်း ကျေးဇူးအတင်ခံချင်လို့ ကူညီတဲ့ပုံစံမျိုး အဖြစ်မခံချင်တတ်ကြလို့ဖြစ်တယ်။ ကျေးဇူးအတင်ခံရမှာ ရှက်သလို ရှိပေမယ့် ကိုယ်က တတ်နိုင်သလောက်ကူညီပေးတာကို အသိအမှတ်မပြုပဲ လှည့်ထွက်သွားရင်တော့ စိတ်ထဲ ဖုကျန်ခဲ့တယ်မလား။ အနည်းဆုံးတော့ အချိန်တွေ အလကားကုန်သွားတယ်လို့ တွေးမိမှာပဲ။ တကယ်တော့ Thank you ဆိုတဲ့ စကားဟာ ကူညီတဲ့သူရော အကူအညီယူတဲ့သူပါ (အပြောခံရတဲ့သူရော၊ ပြောတဲ့သူပါ) စိတ်ထဲ ရှင်းသွားစေတဲ့ positive Feeling လေးဖြစ်တယ်။ သူကူညီလို့ ကိုယ့်မှာ အဆင်ပြေသွားခဲ့ရင် အဲဒါကို Appreciate လုပ်သင့်တယ်၊ အသိအမှတ်ပြုသင့်တယ်။ အဲ့လို ပြောရုံနဲ့ ပြီးပြီးရော မေ့လိုက်ဖို့လည်း ပြောတာမဟုတ်ဘူးနော်။ တစ်ချိန်ချိန် ပြန်တွေ့တဲ့အခါကျ လိုအပ်သလိုအပြန်အလှန် ကူညီပေးဖို့လည်း လိုတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးကိုု မိသားစုအချင်းချင်း၊ ဆွေမျိုးအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကြားမှာလည်း ကြုံကြိုက်တဲ့အခါ ပြောပေးသင့်တယ်။

တချို့က ဒါဟာ ရင်းနှီးတဲ့လူတွေကြားမှာ ပြောစရာမလိုဘူးလို့ ထင်ကြပေမယ့် မသိချင်ယောင်ဆောင်ပါများလေ စိတ်ချင်းဝေးလေ ဖြစ်သွားပါလိမ့်မယ်။

၁။ နေ့စဉ်ဘဝမှာ ကျေးဇူးတင်ကြည့်ပါ။
e.g. Taxi ငှားစီးတယ်/ဆိုက်ကားငှားစီးတယ် ဆိုပါစို့။ ကိုယ်သွားချင်တဲ့နေရာကို အချိန်မီ အဆင်ပြေပြေ ရောက်နိုင်အောင် ပို့ပေးတဲ့ Taxi ဆရာတွေ၊ ဆိုက်ကားဆရာတွေကို ကျေးဇူးတင်စကားပြောပါ။ သူတို့ကြောင့် ကိုယ်အဆင်ပြေသွားတာဖြစ်တဲ့အတွက်ကြောင့်ပါ။ဆိုင်မှာမုန် ့စားတဲ့အခါ ကိုယ်စားချင်တဲ့ အစားအစာတွေကို အဆင်ပြေပြေ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ သုံးဆောင်ပြီးတဲ့အခါ ဆိုင်က မထွက်ခင် တံခါးဝမှာ အပြုံးတွေနဲ့ နှုတ်ဆက်နေတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါ။ အရောင်းဆိုင်တွေ Shopping Centre တွေ နဲ ့ ဆိုင်ကြီးကြီး၊ Hotel ကြီးတွေ သွားတဲ့အခါမှာလည်း တာဝန်အရ ဧည့်ကြိုရတဲ့ ဝန်ထမ်းတွေက ပြုံးပြ ကြိုဆိုတဲ့အခါ ကိုယ်ကလည်း ခေါင်းလေးတစ်ချက်ငြိမ့်ပြီး ပြုံးပြတာပဲ ဖြစ်ဖြစ် တုန့်ပြန်ကြည့်ပါ။ သူတို့ တစ်နေ့တစ်နေ့ လူပေါင်းများစွာ ပြုံးပြခဲ့ပေမယ့် လိုလိုလားလား ပြန်နှုတ်ဆက်တဲ့သူတော့ နည်းလိမ့်မယ်။ သေချာလေး ပြန်အသိအမှတ်ပြုပေးတဲ့သူဆို သူတို့ဝမ်းသာမှာပါ။ အဝင်အထွက်တံခါးဝမှာ နာရီအတော်ကြာ မတ်တပ်ရပ်ရင်း ပြုံးပြနှုတ်ဆက်နေရတဲ့အခါ တူညီတဲ့ အပြုံးလေးတစ်ခုက သူတို့လုပ်ငန်းခွင်မှာ ပျော်ရွှင်စေမှာပါ။

၂။ သူများရိုင်းရင် ကိုယ်ကပိုယဉ်ကျေးအောင် သတိထားပါ။
အဓိက ကတော့ ကိုယ့် Image ကို အပျက်မခံပါနဲ့။ ကိုယ်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို့ ငြင်းခုံကြတာ ဖြစ်ဖြစ်၊ ပြဿနာတစ်ခုခု ဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ တတ်နိုင်သလောက် ရှောင်ပေးလိုက်ပါ။ သူက ကြမ်းတမ်းလို့ ကိုယ်လည်း ကြမ်းတမ်းတဲ့အခါ ကိုယ့်ရဲ့ Smart ကျတဲ့ Image က ပျက်ပြယ်သွားမယ်မလား။ အဲ့လိုပြောလို့ ခေါင်းငုံ့ခံဖို့  အားပေးတာ မဟုတ်ပါဘူး။ တုန့်ပြန်စရာရှိရင်လည်း ကမူးရှူးထိုးမလုပ်ဘဲ သေသေချာချာ ယဉ်ယဉ်ကျေးကျေးနဲ့ ပြတ်ပြတ်သားသားပြောပါ။ ဒေါသထွက်ရင် ဝုန်းဒိုင်းကြဲလိုက့်က မခက်ပေမယ့် အဲဒီ့နည်းက ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်လို့ပါပဲ။

၃။ ချီးမွမ်းပါ။ အကောင်းဘက်က ဝေဖန်ပါ။
ကိုယ့်မိသားစုဝင် တစ်ယောက်ယောက် အပြင်သွားတော့မယ်ဆိုရင် ကိုယ့်ကို သူဝတ်ထားတာ လှရဲ့လား ကြည့်ကောင်းရဲ့လားလို မမေးခင် ကိုယ်က တစ်ချက်အကဲခတ်ပြီး "အပြင်သွားမလို့လား ဒါလေးနဲ့ ကြည့်ကောင်းသားပဲ" Or "ဒီအရောင်နဲ့ဆို ပိုလိုက်တယ်" စသဖြင့် ပြောပေးတာဟာ သူ့အတွက်ပိုပြီးတော့ ယုံကြည်မှု တိုးစေပါတယ်။ သွားခါနီး လာခါနီး လူတစ်ယောက်ကို ကိုယ်မကြိုက်တဲ့ ပုံစံဝတ်ထားတာနဲ့ပဲ “ဘာတွေဝတ်ထားတာလဲ မွဲခြောက်ခြောက်နဲ့ ပုံမလာပန်းမလာကြီး" လို့ပြောပြီး စိတ်ရှုပ်စေတာထက် သူနဲ ့ တကယ်လိုက်ရင် လိုက်တဲ့ အကြောင်း၊ သိပ်မလိုက်ရင်လည်း ပိုကောင်းတာလေးတစ်ခုကို အကြံပေးပြီးတော့ပဲဖြစ်ဖြစ် ကူညီပေးသင့်ပါတယ်။ အပြင်သွားမယ်ဆိုကတည်းက ဘယ်သူမဆို သူတို့မျက်လုံးထဲ အဆင်ပြေတာ သူတို့နဲ့ ကြည့်ကောင်းမယ်၊ လိုက်ဖက်မယ် ထင်တဲ့ဟာကိုပဲ ရွေးဝတ်မှာသေချာတယ်လေ။ မနက်စောစော အလုပ်ထဲရောက်လို့ အချင်းချင်းနှုတ်ဆက်တဲ့အခါ "ဒီနေ အရမ်းလှတာပဲ" Or "ဒီနေ့မင်းကို ကြည့်ရတာ ပျော်ရွှင်နေပုံရတယ်နော်" အစရှိတဲ့ စကားတစ်ခွန်းဟာ ကိုယ့် လုပ်ဖော်ကိုင်ဖက်ရဲ့ တစ်နေ့တာ လုပ်ငန်းခွင်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျော်ဖြတ်စေမယ့် အားဖြည့်မှု လေးပါပဲ။ ကိုယ်လည်း လူချစ်လူခင်ပေါသလို တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးလည်း ပြေပြစ်မှာပါ။

အရင်ကဆို "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားလေးတစ်ခွန်းကို မလိုအပ်ဘူး ထင်လို့မပြောမိခဲ့တာတွေရှိမယ်။ ပြောမလို့ စဉ်းစားပြီးမှ တွန့်ဆုတ်နေလို့ မပြောဖြစ်ခဲ့တာတွေ ရှိမယ်။ ပြောဖို့မေ့သွားတာတွေလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန် တစ်ယောက်ကိုတစ်ယောက်တွေ့နေနိုင်တုန်းလေးမှာ လေးလေးနက်နက် ကျေးဇူးတင်ကြည့်ပါ။ အစပိုင်းမှာ ပြောဖြစ်အောင် အကျင့်လုပ်ယူရပေမယ့် နောက်ပိုင်းမှာ အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ့်ဆီကနေ ကျေးဇူးတင်စကားတစ်ခွန်း၊ အသိအမှတ်ပြုမှုလေးတစ်ခု၊ အပြုံးလေးတစ်ပွင့်ကနေ ပတ်ဝန်းကျင်ဆီကို အပျော်တွေကူးစက်စေတဲ့ Happy Virus လေးတွေ မျှဝေကြည့်ရအောင်လား...

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016