facebook tracking image
How to Work from Home Without Stress
Personal Development

How to Work from Home Without Stress

Stress ကင်းကင်း Work from Home

လက်ရှိအချိန်မှာ ဝန်ထမ်းအများစုက Work From Home Policy နဲ့ အလုပ်လုပ်နေကြတော့ ဒီအပြောင်းအလဲလေးမှာ သိပ်အသားမကျသေးတာတွေ၊ စိတ်အခန့်မသင့်တာလေးတွေ၊ စိတ်အနှောက်အယှက်ဖြစ်ရတာလေးတွေ ကြုံတတ်ကြပါတယ်။ တစ်ချို့ကလည်း အလုပ်ကိစ္စကြောင့် တချို့ကလဲ အိမ်က မိသားစုဝင်တွေကြောင့် စိတ်ရှုပ်ရတာမျိုး‌တွေ ရှိတတ်ပါတယ်။ အဲဒါတွေကို အဆင်ပြေပြေ ကျော်ဖြတ်နိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြုံလာသမျှ အကောင်းမြင်စိတ်နှင့် တွေးပါ။
အခြေအနေအကြောင်းကြောင်းကြောင့် လက်ရှိအချိန်မှာ မိမိ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် စိတ်ပူနေခဲ့ရင် ဒါဟာ ကိုယ့်လုပ်ငန်းတစ်ခုတည်း ရင်ဆိုင်နေရတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံး ဖြစ်နေတယ်ဆိုတာကိုနားလည်ပေးပါ။ မိသားစုထဲမှာ အဆင်မပြေတာ‌တွေ ကြုံလာရင်လည်း အကောင်းမြင်စိတ်နဲ့ ညှိယူ ဆွေးနွေး တိုင်ပင်ပါ။

၂။ အားလပ်ချိန်တွေမှာ ကိုယ့်ကို မပျင်းရိစေမယ့် Activity လေးတွေနဲ့ အချိန်ဖြုန်းပါ။
တစ်ခါတလေ ကိုယ်လုပ်နေကျ မဟုတ်တဲ့ အသစ်အဆန်း Activity လေးတွေနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စားချင်တာလေးတွေ ချက်စားတာ‌၊ အကျီင်္ချုပ်တာ‌၊ အိမ်မှာ ကလေးတွေ၊ ဒါမှမဟုတ် အိမ်မွေးတိရိစ်ဆာန်လေးတွေနဲ့ကစားပေးတာ၊ သစ်ပင် ပန်းပင်လေးတွေ စိုက်တာ စသဖြင့် အရင်က လုပ်နေကျ မဟုတ်တာလေးတွေနဲ့ စိတ်ကျေနပ်ဖွယ် အချိန်လေးတွေကို ဖန်တီးယူပါ။

၃။ Social Media အချိန်ကိုနည်းနိုင်သမျှနည်းအောင်ဖန်တီးပါ။
Social Media က ယနေ့ခေတ်မှာ သတင်းရင်းမြစ်တစ်ခုဖြစ်သလို Negative အတွေးအခေါ်တွေ/အကြောင်းအရာတွေလည်းအစီအရီပေါ်လာတက်ပါတယ်။ အခုလိုအချိန်မှာ လိုအပ်တဲ့ Information သိဖို့အတွက် သုံးသင့်ပါတယ်။ ဒါကြောင့် Social Media အချိန်ကိုနည်းနိုင်သမျှနည်းအောင်ကြိုးစားရင် အလုပ်လုပ်ရတာစိတ်ဖိစီးမှုကင်းလာမှာပါ။

၄။ Multitasking အရမ်းမလုပ်ပါနဲ့။ 
အလုပ်တွေ တစ်ပြိုင်တည်းပြီးစီးအောင်လုပ်နိုင်တာ အရမ်းကောင်းတဲ့ Skill တစ်ခုပါ၊ ဒါပေမယ့် ရေရှည်မှာဆိုရင် စိတ်ဖိစီးမှုတွေရလာနိုင်ပါတယ်။ ပုံမှန် Schedule လေးထားပြီး Task တစ်ခုချင်းစီပြီးစီးအောင်လုပ်နိုင်ရင် Work From Home ကသက်တောင့်သက်သာနဲ့ စိတ်ဖိစီးမှုကင်းလာမှာပါ။ ဒါ့ကြောင့် Multitasking လုပ်တက်တဲ့အကျင့်လေးတွေအခုအချိန်မှာ ခဏခေါက်ထားလိုက်ဦးနော်။

၅။ ကိုယ့်အချိန်လေးတွေကို စနစ်တကျစီမံပါ။
အိမ်မှာအလုပ်လုပ်နေချိန်မှာလည်း အိပ်ချိန် စားချိန် အလုပ်လုပ်ချိန်တွေမှန်အောင်ကြိုးစာနေသင့်ပါတယ်။ ကိုယ့်အလုပ်ရှင်တွေက ကိုယ့်ကျန်းမာရေးအတွက် Work From Home Policy ချပေးတာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကလည်း အိပ်ချိန်စားချိန်မှန်မှန်လေးနဲ့ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ပေးခြင်းဖြင့် ပြန်ကူညီရပါမယ်။

အားလုံး စိတ်ဖိစီးမှုကင်းကင်းနဲ့ Work From Home လုပ်ရင်း လက်ရှိဖြစ်နေတဲ့ Crisis ကိုအဆင်ပြေပြေဖြတ်သန်းနိုင်ကြပါစေနော်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016