facebook tracking image
Let’s Spend Meaningful Time with Family
Personal Development

Let’s Spend Meaningful Time with Family

ကျွန်​​တော်​တို့ဟာ တစ်​ရက်​တစ်​ရက်​ အလုပ်​​တွေလုပ်​ပြီး အချိန်​​တွေကုန်​သွားရင်​းနဲ့ပဲ သံသရာလည်​​နေကြပြီးတော့ ကိုယ်​့မိသားစုအတွက်​အချိန်​​ပေးဖို့ရာမေ့လာကြပါတယ်။ အားလုံးလက်​ခံ​ထားတဲ့ ဆိုရိုးတစ်​ခုလိုပါပဲ​ " Time is Gold " အချိန်​ဟာ​ရွှေလိုဘဲ တန်​ဖိုးရှိတယ်​တဲ့။ ကဲ ဒါဆိုရင်တန်​ဖိုးရှိတဲ့အချိန်​​တွေကို နေ့စဉ်နဲ့အမျှအလုပ်​​ထဲမှာနစ်မြုပ်ရင်းနဲ့ပဲ ကုန်​ဆုံးကြတော့မှာလား?

ဒီတစ်​​ခေါက်​​မှာတော့ ကိုယ့်မိသားစုကို ​ချစ်ခင်တွယ်တာ​တတ်​လာအောင်၊ သူတို့အတွက်အချိန်ဖန်တီး​​ပေးတတ်​လာ​အောင်​ ​အကြံပေးပြောပြပေးချင်ပါတယ်။

ပထမဆုံး ကိုယ့်ကို​လူ့လောကထဲခေါ်လာ​ပြီး ကျွေးမွေးပြုစုရင်းရှင်သန်ခွင့်ပေးခဲ့တဲ့ ကိုယ့်ဘဝရဲ့​ကျေးဇူးရှင်​မိဘ​တွေကို အဓိကအချိန်​​ပေးပေးပါ။ အချိန်​​ပေးပါဆိုတဲ့​နေရာမှာ အပြင်​​တွေ​ခေါ်သွား ခရီး​တွေထွက်နဲ့အမြဲတမ်းလုပ်​ပေးနေဖို့ကို မဆိုလိုပါဘူး။ အချိန်​​ပေးပါဆိုတာက #To Make Time to Talk & Listen မိဘတိုင်းဟာ ကိုယ့်သားသမီးဘယ်အရွယ်ပဲရောက်ရောက် သူတို့နဲ့ပတ်​သတ်​တဲ့ အဆင်ပြေမှု၊ မပြေမှုကိစ္စတိုင်းကို သိချင်​ကြတယ်။​ ​ပြဿနာရှိတယ်​ဆိုရင်​လည်း သူတို့နဲ့တိုင်ပင်စေချင်ပြီး ​ဖြေရှင်း​ပေးချင်​ကြတာ ဒါမိဘတိုင်းရဲ့သဘောပါ။  အလားတူပါပဲ သူတို့မှာလည်း ​ပြောစရာ​ကိစ္စ​လေးတွေ​ကိုယ်​စီရှိနေတတ်ကြပါတယ်။ ပြဿနာ​လေး​တွေရှိရင်​လည်း တိုင်ပင်ရင်​ဖွင့်ကြတာမျိုးလည်းရှိပါတယ်​။ကိုယ့်ရဲ့ဆိုးမှု ကောင်းမှုတွေအကုန်လုံးကို လက်ခံနိုင်ပြီး တခြားလူတွေထက် နှစ်သိမ့်မှုပေးနိုင်တာလည်း ကိုယ့်ရဲ့မိဘတွေပါပဲ။ ဒါ​ကြောင့် မိဘကိုအချိန်​​ပေးပါ စကား​ပြောပါ။ သူတို့ကိုလည်း ပြန်နား​ထောင်​​ပေးဖို့မမေ့ပါနဲ့။

နောက်​တစ်​ခုက​တော့ ကိုယ့်မှာပြီးပြည့်စုံတဲ့မိသားစုတစ်​ခုရယ်​လို့ဖြစ်​လာခြင်းက ကိုယ်ရဲ့သားသားမီးမီး​လေး​တွေ​ကြောင့်လည်းအဓိကပါပါတယ်။​ “ကလေးကောင်းမှ လူကြီးကောင်းတာ လူကြီးကောင်းမှ အားလုံးကောင်းတာ” ဆိုတဲ့ဆိုရိုးစကားလိုပါပဲ​ ငယ်ရွယ်စဉ်ကလေးဘဝတည်းက လူလိမ္မာ လူယဉ်ကျေးလေးတွေဖြစ်လာအောင် မိဘဝတ္တရားနဲ့အညီပြုစု ပျိုးထောင်ပေးမှသာ နောင်လာမယ့်အနာဂါတ်မှာ အားထားရလောက်တဲ့လူတော်တွေဖြစ်လာမှာပါ။ သားသမီးကို ချစ်ပုံချစ်နည်းလွဲမှားနေတဲ့ တချို့မိဘတွေရှိပါတယ်။ စီးပွားရှာပြီး လိုရာမှန်သမျှဝယ်ပေးနေတာနဲ့ မိဘဝတ္တရားကျေပြီလို့ မဆိုနိုင်ပါဘူး။ ကိုယ့်ကလေးရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ မိဘဆီကနေအသိအမှတ်ပြုခံချင်တာ၊ ဂရုစိုက်ခံချင်တာ၊ အာရုံစိုက်ချင်တာ ဒါတွေကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်။ ဒါ​ကြောင်​့သားသမီးလေး​တွေကို ဂရုတစိုက်နဲ့ အချိန်​​ပေးပါ သူတို့ပြောချင်တာတွေကိုလည်းနားထောင်ပေးပါ။ နောက်ထပ်တစ်ခုအနေနဲ့က #To make time to teach your children important lessons of life ကိုယ့်သားသမီးတွေကို ဘဝရဲ့သင်​ခန်းစာ​တွေ၊ အသိဉာဏ်ဗဟုသုတရစရာတွေနဲ့ လူ​တွေရဲ့အ​ကြောင်​း​တွေကိုလည်း သင်​ကြား​ပေးဖို့ အချိန်​​ပေးသင်​့တယ်။​ ​ကျောင်းသင်​ခန်​းစာ​တွေဟာ အချိန်​နဲ့အသက်​ရွယ်​နဲ့အမျှ သင်​ကြားမှတ်​သားလို့ရ​ပေမယ့် ဘဝအ​ကြောင်း​တော့ မိဘများကသင်​ကြား​ပြောပြ​ပေးဖို့ အချိန်​​ပေးသင့်ပါတယ်​။ ယ​နေ့​ခေတ်​မှာ အလိမ်​အညာ​တွေနဲ့ မသမာသူ​တွေများလွန်းပါတယ်​။ ကိုယ့်ကလေးက  ဒီလိုခြိမ်းခြောက်မှုတွေက လိမ္မာပါးနပ်စွာရှောင်ရှားနိုင်အောင် တကယ်လို့များရင်ဆိုင်လာရတဲ့အခါလည်း အဲ့လိုအချိန်​မှာ တုန်လှုပ်ခြောက်ခြားမနေဘဲ ရဲရင်​့သတ္တိရှိဖို့လိုအပ်ကြောင်း စတာတွေကို မိဘ​တွေကအချိန်​​ပေး သင်​ကြား​ပြောပြ​ပေးမှသာ ဒီလိုအခက်​ခဲ​တွေ​ဖြေရှင်းနိုင်​မှာပါ။

ကိုယ့်သားသမီးတင်မကပါဘူး။ ကိုယ့်အတွက်နိစဒူဝအလုပ်တွေမှာ ဆိုးတူကောင်းဖက်ရှိပေးတဲ့အပြင် အနီးဆုံးကနေကူညီပေးနေတဲ့သူဖြစ်တဲ့ ဇနီးမယား/ခင်ပွန်း အတွက်လည်း အချိန်ပေးပြီး ဂရုစိုက်ပေးဖို့လည်း အရေးကြီးပါတယ်။ ​နောက်​တစ်​ခုက​တော့ မိသားစုအတွက်​အချိန်​​ပေးချိန်​​မှာ တခြားကိစ္စ​လေး​တွေကို အတတ်​နိုင်​ဆုံး​ဖယ်​ထား​ပေးပါ။ #To show affection, appreciation and encouragement မိသားစုနဲ့အတူရှိနေချိန်​မှာ ချစ်​​မေတ္တာအ​ကြောင်း​တွေ​ပြောရင်း တစ်​ဦးနဲ့တစ်​ဦး​နွေး​ထွေးစွာ​ စကား​လေး​တွေ​နှီး​နှောဖလှယ်​ကြပါ။ ကိုယ်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖဲ့ပေးနေရတဲ့ ဖုန်းတွေကိုဝေးဝေးမှာထားလိုက်ပါ။ အ​ပေါ်ယံသာ ခင်​မင်​ရင်းနှီးကြတဲ့ Social media ​တွေကို​ ဒီချိန်မှာပိတ်ထားလိုက်ပါ။ ဘာ့​ကြောင့်လဲဆို​တော့ Spending Time with Family is Vital in our lives ​ကြောင့်ပါ။

အားလုံးဘဲကိုယ့်မိသားစုကို အချိန်​​ပေးရင်း ​လူမှုဘဝရဲ့​တာဝန်​​တွေကိုထမ်း​ဆောင်​​အောင်​မြင်​နိုင်​ကြပါ​စေ..

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016