facebook tracking image
Master English the Easy Way — No Stress Needed!
Personal Development

Master English the Easy Way — No Stress Needed!

အပန်းမကြီးဘဲ English စကားတတ်ချင်ရင်...

ဘာသာစကားဆိုတာ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ရေးအတွက် အရေးပါအရာရောက်တဲ့ ပင်မအရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာစကားတွေ အများကြီးရှိတဲ့အထဲကမှ English စကားကတော့ ကမ္ဘာသုံးစကားတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့် လူအများစုက English စကားကို သူတို ့ရဲ့ “Second Language” အနေနဲ ့သင်ယူတတ်ကြပါတယ်။ English စကား တတ်ကျွမ်းခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်စေခြင်း၊ ပြည်ပသို ့သွားရောက်ပညာသင်ယူရာတွင် အထောက်အကူဖြစ်စေခြင်း စသောအကျိုးကျေးဇူးများလည်း ရှိပါတယ်။ ယနေ့ခေတ်အခါမှာလည်း English စကား သင်တန်းတွေ များစွာရှိနေပြီပဲဖြစ်ပါတယ်။ တစ်ချို့သောသူများက ကိုယ့်ရဲ့တစ်ခြားအလုပ်၊ မိသားစု၊ လူမှုရေးအတွက် အချိန်တွေအကုန်ပေးနေတတ်ကြပြီး English စကားသင်တန်းတက်ဖို့အတွက်ကို သီးသန့်အချိန်မပေးနိုင်ကြတာမျိုး၊ သင်တန်းသွားတက်ရမှာကို ပျင်းနေတတ်ကြတာမျိုး၊ သင်တန်းကြေးမတတ်နိုင်တာမျိုး စသဖြင့်အကြောင်းအရင်းမျိုးစုံ ရှိတတ်ကြပါတယ်။ အများစုကတော့ English စကားကို English စကားသင်တန်းတတ်ပြီးသင်မှ တတ်မယ်လို့ယူဆတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ English စကားသင်ယူပြီး အကျိုးရှိရှိဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်…

Reading

Reading တိုးတက်စေဖို ့အတွက် ပထမဆုံး ကိုယ့်ရဲ့ English Level တစ်ခုကို သိရအောင် “Online English Level Test” တွေကို အရင်ဆုံးဝင်ဖြေကြည့်သင့်ပါတယ်။ ပြီးမှ ထို Level Test ကပြောတဲ့ ကိုယ့််ရဲ့ Level ထက်တစ်ဆင့်နိမ့်တဲ့ Level အလိုက်စာအုပ်လေးတွေကစပြီး ဖတ်သင့်ပါတယ်။ ဥပမာ ကိုယ်က “Upper-Intermediate Level” ရပါက “Intermediate Level” စာအုပ်လေးတွေကို ဖတ်ရပါမယ်။ ကိုယ်သဘောကျတဲ့ English Novels တွေ Magazines တွေ စသဖြင့် ဖတ်နိုင်ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ ့Level ကို မြှင့်ပြီးဖတ်ကြည့်သွားပါ။ အရင်က Short Stories တွေပဲ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် ကာလတစ်ခုကြာတဲ့ အခါမှာ Newspaper တွေဖတ်ကြည့်ပါ။ ကိုယ်ကစာဖတ်ဝါသနာ ပါသူဆိုရင်တော့ ဒါဟာအရမ်းပျော်စရာကောင်းနေပါလိမ့်မယ်။

Writing

Writing တိုးတက်စေဖို ့အတွက် ဘယ်လိုပေါ့ပါးစွာလေ့ကျင့်သင့်လည်းဆိုတာလေးကတော့ ကိုယ်ရဲ့နေ့စဉ်မှတ်တမ်း Diary ကို မြန်မာလိုမဟုတ်ပဲ English လိုကြိုးစားရေးကြည့်ဖို့ပါပဲ။ ကိုယ်နေ့စဉ်ကြုံတွေ ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ညဘက်ရောက်မှ သေချာလေး ပြန်စဉ်းစားပြီး တတ်နိုင်သလောက် English လိုရေးကြည့်သင့်ပါတယ်။ အဲ့လို ရေးတဲ့အခါမှာလည်း “ငါရေးတာ မှားသွားမလား” ဆိုတဲ့ ဖိအားတစ်ခုနဲ ့မရေးဘဲ ပေါ့ပေါ့ပါးပါးပဲရေးသင့်ပါတယ်။

Listening

Listening အတွက်ကိုတော့ အချိန်လေးနည်းနည်းပိုပေးရပါမယ်။ ကိုယ်ကြိုက်တဲ့ English Movie တစ်ကားကို ၃ခါဆက်တိုက်ကြည့်ရပါမယ်။ ပထမဆုံး ကြည့်တဲ့အခေါက်မှာ English Subtitle မပါဘဲ ကြည့်ကြည့်ပါ။ English Subtitle မပါတဲ့အတွက် ကိုယ်ကသူတို့ေ့ပြာသမျှတွေကို သေချာစူးစိုက်ပြီး နားထောင်ဖြစ်နေပါလိမ့်မယ်။ နောက်ဒုတိယအခေါက်ကြည့်တဲ့အခါမှာတော့ English Subtitle နဲ ့ကြည့်ပါ။ ဒီအခါမှာ ကိုယ်ခုနက ထင်ထားတဲ့ အသုံးအနှုန်းတွေ၊ အယူအဆတွေ မှန်မမှန် ပြန်ပြီးတိုက်ကြည့်နိုင်ပါတယ်။ နောက်ဆုံးအခေါက်မှာလည်း English Subtitle နဲ့ပဲ ထပ်မံကြည့်သင့်ပါတယ်။ ဒီတစ်ခါမှာတော့ စကားလုံးများ၊ အသုံးအနှုန်းများကို အသေးစိတ် နားလည်ဖို့အတွက်ပဲဲဖြစ်ပါတယ်။ ကိုယ်မသိသေးသော စကားလုံးများပါလာပါကလည်း Dictionary ထဲမှာ ရှာဖွေသင်ယူနိုင်ပါသေးတယ်။ Dictionary အသုံးပြုတဲ့ အခါမှာလည်း English-to-English Dictionary ကိုပဲအသုံးပြုဖို့လိုအပ်ပါတယ်။ Listening Skill အပြင် Vocabulary Skill ပါတိုးတက်စေနိုင်ပါတယ်။ 

Speaking

Speaking တိုးတက်စေဖို ့အတွက် ကိုယ့်ရဲ့အားလပ်ရက်မှာ English Speaking တိုးတက်စေဖို ့ရည်ရွယ်ပြီး ဖွဲ ့ထားတဲ့ English Conversation Club လေးတွေ Join ကြည့်ဖို ့ပါပဲ။ အဲ့လို English Conversation Club လေးတွေ Join ကာကိုယ့်ရဲ့ English Level ကိုစိတ်မပူပဲ ကိုယ်ပြောတတ်သလောက် ပြောရဲဖို ့ပါပဲ။ “ပြောတာမှားမှာစိုးလို ့မပြောဖြစ် မပြောဖြစ်တော့ မပြောတတ်တော့” အဲ့လိုမဖြစ်သင့်ပါဘူး။ မှားမှားမှန်မှန် ပြောရဲရပါမယ်။ English Conversation Club လေးတွေ Join ခြင်းအားဖြင့်လည်း ကိုယ့်ရဲ ့English Skill တိုးတက်လာနိုင်သလို နိုင်ငံပေါင်းစုံကသူများနဲ့လည်း မိတ်ဆွေများ ဖြစ်သွားနိုင်တာကြောင့် ကိုယ့်ရဲ့ Social Network လည်းကျယ်ပြန့်လာနိုင်ပါသေးတယ်။အထက်မှာ ဖော်ပြပေးသွားတဲ့ အချက်လေးတွေအတိုင်း ကိုယ့်ရဲ ့အားလပ်ချိန်တွေမှာ ပုံမှန်လုပ်ဖြစ်သွားနိုင်မယ်ဆိုရင်တော့အပန်းမကြီးလှဘဲ English Skill တိုးတက်လာနိုင်ပါလိမ့််မယ်လို ့ မျှော်လင့်မိပါတယ်။

​​Image Credit - https://ling-app.com/

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016