facebook tracking image
Simple Ways to Spend Time on Yourself and Build Self-Love
Personal Development

Simple Ways to Spend Time on Yourself and Build Self-Love

မိမိကိုယ်ကို အချိန်ပေးပြီးချစ်ခင်လာအောင် ဘာတွေလုပ်ဆောင်ကြမလဲ

​လူတိုင်းဟာအခုချိန်မှာ ရှေ့ရေးအတွက်စဉ်းစားရတဲ့ကိစ္စတွေ၊ ဦးစားပေးရတဲ့စီးပွါးရေး၊ လူမှုရေးကိစ္စတွေအရမ်းများပြားနေကြမှာပါ။ အထူးသဖြင့် ဒီလိုရောဂါနဲ့ ဒီလိုနိုင်ငံရေးကာလကြားမှာ Stress ဒဏ်ကို အဖက်ဖက်ကနေခံစားနေရတာအမှန်ပါပဲ။ ဒီလိုအချိန်မှာ မိမိကိုယ်ကိုအချိန်ပေးဖို့ မေ့လျော့နေကြသလို မိမိကိုယ်ကိုချစ်ဖို့လည်း သတိမရတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီ Blog လေးကနေလွယ်ကူတဲ့လုပ်ဆောင်ချက်လေးတွေကို Sharing လုပ်ပေးသွားပါမယ်။ 

 

၁။ ပထမဆုံးအနေနဲ့ ဘယ်လောက်ပဲ မိသားစုကိစ္စ၊ လူမှူရေးကိစ္စ၊ စီးပွါးရေးကိစ္စတွေကြောင့် အလုပ်တွေများနေပါစေ မိမိကိုယ်ပိုင်အချိန်လေးရအောင်ဖန်တီးပါ။ အနည်းဆုံးကိုယ်နှစ်သက်တဲ့စာအုပ်ကို နာရီဝက်လောက်ဖတ်တာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်သဘောကျတဲ့အပင်လေးကို ပြုစုပေါင်းပင်ပေးတာပဲဖြစ်ဖြစ် အနည်းဆုံး 30 mins to 60 mins အချိန်ပေးလုပ်ဆောင်ကြည့်ပါ။ စိတ်ပင်ပန်းနေတဲ့အချိန်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့အချိန်ပဲဖြစ်ဖြစ် တဒင်္ဂတော့ကိုယ့်စိတ်အေးချမ်းသွားပါလိမ့်မယ်။ ကျွန်မတို့ခန္ဓာကိုယ်မှာ စိတ်ကဆောင်နေလို့သာ ကိုယ်ကလိုက်ပါလုပ်ဆောင်နိုင်တာဖြစ်ဖြစ် အနည်းဆုံးကိုယ့်စိတ်ကိုယ်အနားပေးနိုင်ဖို့ တစ်နေ့မှာအချိန်နည်းနည်းချင်းစီဖယ်ထားကြည့်ပါ။

၂။ ကိုယ်ဘာလိုချင်တယ် ဘာလုပ်ချင်တယ်ဆိုတာအမြဲသိအောင်အရင်လုပ်ပါ။ တစ်ခါတစ်လေ လူအများနဲ့ဆက်ဆံရတဲ့အခါ သူများအကြိုက်လိုက်နေ လိုက်လုပ်ရင်းနဲ့ ကျွန်မတို့ဖြစ်ချင်တာ လုပ်ချင်တာတွေ တဖြည်းဖြည်းပျောက်ဆုံးကုန်တယ်။ ဒါတွေဟာတကယ်တော့ မကောင်းတဲ့အလေ့အထအစပျိုးခြင်းဖြစ်နေပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းဟာ ကောင်းတဲ့အရာဆိုပေမယ့် တခြားတယောက်ကတမျိုးထင်မှာစိုးလို့ သူများအကြိုက်လိုက်နေတာဟာ မိမိကိုယ့်ကိုပျောက်ဆုံးဖို့အလွယ်ကူဆုံးမို့လို့ မိမိကိုယ်ကိုအရင်ချစ်ပါ။ ကိုယ်ဘာဖြစ်ချင်တာလဲအမြဲနားထောင်ပါ။ ကိုယ့်အတွက်ကောင်းတယ်လို့ထင်ရတဲ့အရာတိုင်းကို လုပ်ကြည့်လိုက်ဖို့မတွေဝေပါနဲ့။ Be yourself always. ကျွန်မတို့ ကိုယ့်စိတ်နဲ့ပဲအသက်ရှင်ကြရအောင်ပါ။

၃။ Toxic ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။ လူတိုင်းဟာ အကောင်းချည်းပဲမတွေးနိုင်သလို အဆိုးတွေပဲထိုင်တွေးတောနေတဲ့လူတွေလည်းရှိတယ်ဆိုတာ အားလုံးလည်း သတိထားမိမှာပါ။ ကိုယ်ရဲ့တွေးတောနိုင်မှုစွမ်းအားကို တခြားသူတစ်ယောက်က Influence ဖြစ်မနေအောင် အတတ်နိုင်ဆုံးသတိထားရှောင်ကြဉ်ပါ။ ထိုသူတွေအတွက် ကိုယ့်အချိန်ကိုမဖြုန်းပါနဲ့။ ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့သူတွေ ဒါမှမဟုတ် Positive Energy ရှိတဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်အောင် ကြိုးစားကြည့်ပါ။ Negativity တွေကို မိမိကိုယ်ထဲကိုအဝင်မခံအောင် တတ်နိုင်သလောက်အလေ့အကျင့်ပြုလုပ်ကြည့်ပါ။ ကိုယ့်အတွက် ဘာကအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ မြင်လာပါလိမ့်မယ်။

၄။ ကျွန်မတို့ မိမိကိုယ်ကိုအချိန်ပေးခြင်းဆိုတာ Mentally အရစိတ်အနားပေးဖို့လိုအပ်သလို Physically အရကိုယ်ခန္ဓာအတွက်လည်းအချိန်ပေးဖို့လည်းလိုအပ်ပါတယ်။ မိမိကိုယ်ခန္ဓာကိုယ်လည်းချစ်ပီး ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာလေးဖြစ်အောင်လည်းတည်ဆောက်ပါ။ တစ်နေ့တစ်နာရီလောက်လမ်းလျှောက်တာပဲဖြစ်ဖြစ် Exercise လုပ်တာပဲဖြစ်ဖြစ်လုပ်ဆောင်ပေးပြီး Fast Food ထက်စာရင် အာဟာရပြည့်နိုင်တဲ့အစားအစာလေးတွေ များများစားပေးရအောင်ပါ။ ဒါထက်အရေးကြီးတာကတော့ Hydration ပါ။ ကျွန်မတို့ခန္ဓာမှာ ရေက 60% နေရာယူထားပီးတော့ တစ်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့်ရေတွေကုန်ခမ်းပါတယ်။ ဒါကြောင့်ရေကို တစ်နေ့အနည်းဆုံး 8 Glasses or 2 Liters သောက်ပါ။

၅။ Beauty လို့ဆိုလိုက်တာနဲ့ အလှပြင်ခြင်းချည်းပဲမဟုတ်ဘဲ တကိုယ်ရည်သန့်ရှင်းခြင်းဆိုတာပါ ပြောချင်တာပါ။ဒါကြောင့် တကိုယ်ရည်သန့်ရှင်းရေးကို အမြဲအလေးထားပြီး မိမိကိုယ်လှအောင်နေပါ။ စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ်၊ အလုပ်အဆင်မပြေတာကြောင့်ပဲဖြစ်ဖြစ်၊ အသည်းကွဲနေတာပဲဖြစ်ဖြစ် အကောင်းဆုံး Motivation ကအလှအပပါ။ ဘယ်လာက်ပဲအလုပ်များနေပါစေ မိမိကိုယ်ကိုလှနေဖို့နဲ့ သန့်ရှင်းနေဖို့ပါ အရေးကြီးဆုံးဖြစ်တဲ့အတွက် အဲ့ဒါကိုအချိန်ပေးဖို့မမေ့ကြပါနဲ့။ အားလုံးပဲမိမိကိုယ်ကို အချိန်ပေးချစ်ပြီးလှပနိုင်ကြပါစေ။