facebook tracking image
SMART WORKING A.K.A New Way of Working in the Future
Workplace Etiquettes

SMART WORKING A.K.A New Way of Working in the Future

ကျွန်ုပ်တို့သည်ကမ္ဘာအနှံ့စီးပွားရေးကျဆင်းမှုမှရုန်းထွက်လာပြီး Talent ပြတ်လပ်မှုဆီသို့ ဦးတည်ရွေ့လျားလာသည်နှင့်အမျှအလုပ်ရှင်များအနေဖြင့်သူတို့၏အလုပ်အပေါ် ချဉ်းကပ်မှုကိုအခြေခံအားဖြင့်ပြန်လည်စဉ်းစားရန်လိုအပ်လိမ့်မည်။

လူများသည်သူတို့၏ Work Life Balance ပေါ်မူတည်ပြီး အလုပ်ပြောင်းရန်ရွေးချယ်နေသည်ဟုသက်သေအထောက်အထားများစွာရှိပြီးသားဖြစ်သည်။ Grand Salary Package တစ်ခုသည် Unique Talent ရှိသော ဝန်ထမ်းများအားကျေနပ်မှုမပေးတော့ပါ။ အဘယ်ကြောင့်ဆိုသော် အချိန်သည်ငွေကဲ့သို့တန်ဖိုးရှိသောအရာတစ်ခုဖြစ်ကြောင်းသူတို့အသိအမှတ်ပြုကြသည်။ ထို့ကြောင့်သူတို့သည် Personal/ Living Development ရှိသည်ဟုမျှော်လင့်ချက်ရှိသောအလုပ်ကိုရွေးချယ်လာကြသည်။

အလုပ်သို့ချဉ်းကပ်နည်းသစ်တွင်အလုပ်ရှင်မှ ဝန်ထမ်းတစ်ယောက်အားထိန်းချုပ်မှုကိုပြောင်းလဲခြင်းပါဝင်သည်။ SMART Working Era တွင် လူတစ်ဦးချင်းသည်သူတို့၏အချိန်ကို ကိုယ်တိုင်ထိန်းချုပ်သည်။ ဘယ်အချိန်မှာဘယ်နေရာမှာဘယ်မှာအလုပ်လုပ်ရမယ်ဆိုတာကိုသူတို့ကိုယ်တိုင်ဆုံးဖြတ်ကြသည်။

ပုံမှန်အားဖြင့်နေ့ခင်းဘက်၌သာ အလုပ်ခွင်၌လုပ်နိုင်သည်ဟုမယူဆပါ။ လူအများစု၊ အထူးသဖြင့် Innovative သမားများသည် Traditional Working Times များအပြင်ဘက်တွင်အကောင်းဆုံးအလုပ်များကိုလုပ်ကိုင်နိုင်ကြသည်။

လူတွေကိုသူတို့အနည်းဆုံးအကျိုးဖြစ်ထွန်းတဲ့အချိန်တွေမှာအလုပ်လုပ်ဖို့ဘာကြောင့်တားဆီးသင့်သလဲ?
မန်နေဂျာများ၏ အကြီးမားဆုံးအကျပ်အတည်းတစ်ခုမှာ Working Hours များကိုကန့်သက်ခြင်ဖြစ်သည်။ အကယ်၍ အလုပ်အတွက်အသိအမှတ်ပြုခြင်း၏အခြေခံသည် Results And Outcome ဆိုပါက လုပ်ငန်း၏အချိန်နှင့်နေရာသည်သက်ဆိုင်မှုမရှိသလောက်ဖြစ်သည်။

ဝန်ထမ်းများအား အလုပ်ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်လုပ်ဆောင်နိုင်သည်ဟု ကန့်သတ်ချက်များရှိသောအလုပ်အကိုင်များစွာရှိလိမ့်မည်။ သို့သော် တစ်စုံတစ်ဦးအား အလုပ်မည်သို့လုပ်သည်ကို မိမိတို့ဘာသာဆုံးဖြတ်ရန်ယုံကြည်စိတ်ချပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် Limitations များကိုသိရှိ၍ ယင်းသတ်မှတ်ချက်များအတွင်းတွင်အလုပ်လုပ်လိမ့်မည်။ ထို့ကြောင့် Traditional Working Methods များကို Flexible Or Agile Working Method များဖြင့်အစားထိုးလာကြသည်။

ဒါဟာအလုပ်ယဉ်ကျေးမှုအတွက်တော်လှန်ရေးတစ်ရပ်ဖြစ်သည်။ ရှေးရိုးစွဲအမိန့်နှင့်ထိန်းချုပ်မှုပုံစံမှ လူအများအားစွမ်းအားမြှင့်၍ ယုံကြည်စိတ်ချသော Leadership ပုံစံသို့ပြောင်းလဲလာခြင်းဖြစ်သည်။ ဝန်ထမ်းများသည်အရွယ်ရောက်သူများအဖြစ်ဆက်ဆံခံရခြင်းနှင့်အလုပ်ရှင်၏လိုအပ်ချက်နှင့်အညီ သူတို့၏ ဦးစားပေးမှုများကိုထည့်သွင်းစဉ်းစားသော ဆုံးဖြတ်ချက်များချမှတ်နိုင်သည့်လက္ခဏာဖြစ်သည်။ 

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016