facebook tracking image
Smile and Sweet Talk
Personal Development

Smile and Sweet Talk

အပြုံး နဲ့ စကားလုံး

လူတစ်ယောက်ဖြစ်လာပြီ ဘဝတစ်ခုအစပြုပြီဆိုတာနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မိတ်ဆွေသူငယ်ချင်း ချစ်ရသူများနဲ့ တန်ဆာဆင်မှသာ လှပတဲ့ဘဝတစ်ခုဖြစ်လာမှာပါ။ အထူးသဖြင့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြား နှင့် လုပ်ငန်းခွင်အတွင်း အဝင်ဆန့်ခြင်း မဆန့်ခြင်းသည် မိမိရဲ့ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ခြင်း မပြေပြစ်ခြင်းအပေါ် အခြေခံအားဖြင့်တိုက်ရိုက်သက်ဆိုင်နေပါတယ်။ "ပေါင်းသင်းဆက်ရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ မိမိရဲ့ပင်ကိုယ်စိတ်ထားနဲ့ မိမိရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှု အဲ့ဒီနှစ်ခုဟာ အခြေခံအကျဆုံး၊ အဓိကအကျဆုံးအခန်းကဏ္ဍကပါဝင်ပါတယ်။ "ပင်ကိုယ်စိတ်ထား" ဒါကိုတော့ စာဖတ်သူတို့ သဘောပေါက်နားလည်ပြီးသား ဖြစ်မှာပါ။ "သရုပ်ဆောင်စွမ်းရည်" ဒါကတော့ စာဖတ်သူတို့အဖို့ အောင့်သက်သက်နိုင်လှတဲ့ စကားစုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ မလိမ်တမ်းး မညာတမ်းပြောရရင် သရုပ်ဆောင်ခြင်း သို့မဟုတ် မိမိရဲ့ ခံစားချက်များကို အလိမ္မာသုံး၍သိုဝှက်ခြင်း စသည်တို့ဟာ မိမိတို့နေ့စဉ်ဘဝ အထူးသဖြင့် မိမိရဲ့လုပ်ငန်းခွင်အတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုတာ လက်ခံရပါလိမ့်မယ်။ ထိုကဲ့သို့ " ကောင်းသောဟန်ဆောင်ခြင်း" "မိမိရဲ့ (မကောင်းသော၊ အဆိုးမြင်သော) စိတ်ခံစားချက်များကို ဖုံးဖိထားခြင်း" အတွက်  အခြေခံအကျဆုံးနဲ့ အရိုးအရှင်းဆုံး နည်းလမ်းကတော့ မိမိရဲ့ "အပြုံးနဲ့ စကားလုံး" တို့ပဲဖြစ်ပါတယ်။ ဘဝဆိုတဲ့ဝေါဟာရဟာ ကြီးကျယ်လွန်းပါတယ်။ ဒါကြောင့် မိမိတို့လုပ်ငန်းခွင်တစ်ခုထဲမှာပဲ အကျဉ်းချုံးကြည့်ကျရအောင်ပါ...

အပြုံးချိုချို

အပြုံးဆိုတဲ့စကားလုံးဟာ အရင်ကမြန်မာ့အဘိဓာန်မှာ မရှိခဲ့ပါဘူး။ အင်္ဂလိပ်စကားလုံး "Smile" ကို ဆရာကြီး ဒဂုန်တာရာက "အပြုံး" လို့ တီထွင် ဘာသာပြန်ထားတာပါ။ ထားပါတော့။ လူတိုင်း ပြုံးတတ်ကျပါတယ်။ အပြုံးချိုချိုလေးတစ်ခုဟာ နောက်ကျိနေတဲ့တစ်ပါးသူရဲ့စိတ်ကို ကြည်လင်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် မိမိတို့ကျောင်းနေစဉ်ကလေးဘဝမှာ အမြဲတမ်းပြုံးနေတဲ့ဆရာနဲ့ အမြဲတမ်းခပ်တည်တည်နေတဲ့ ဆရာ ဘယ်သူ့ကို မိမိတို့ အချစ်ပိုခဲ့ပါသလဲ? မိမိတို့ လုပ်ငန်းခွင်မှာလဲ လူတိုင်းကဒီလိုပဲနှစ်သက်ကြတယ်ဆိုတာသတိရပါ။

စကားချိုချို

အပြုံးချိုချိုပြုံးတတ်ရုံနဲ့ လူတစ်ယောက်လူချစ်လူခင်ပေါမလာနိုင်သလို လုပ်ငန်းခွင်မှာလည်း အလုံးစုံအဆင်ပြေလာစေနိုုင်မှာ မဟုတ်သေးပါဘူး။ စကားကိုချိုသာစွာ ပြောတတ်ဖို့ကလည်းလိုပါသေးတယ်။ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး စကားလုံးရွေးချယ်မှု မှန်ကန်ပါစေ။ အလွယ်ဆုံး ဥပမာ တစ်ခုပေးရရင် "အင်း" နဲ့ "ဟုတ်ကဲ့" ပါပဲ။ စကားလုံးနှစ်လုံး အဓိပ္ပာယ်တူသော်လည်း သုံးရတဲ့နေရာချင်းမတူသလို တစ်ပါးသူစိတ်ကို အကျိုးသက်ရောက်ပုံခြင်းမတူတာလည်း အသိသာကြီးပါ။  

အပြုံးချိုချိုပြုံးပြီး စကားချိုချို ပြောနိုင်ဖို့ဆိုတာကလည်း မိမိရဲ့ မကောင်းတဲ့စိတ်နောက် မလိုက်မိဖို့လိုအပ်သေးပါတယ်။ လောကဓံကပေးတဲ့ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်တဲ့ ရင့်သန်သောစိတ်ဓာတ်ကို စစ်ထွက်ခါနီး စစ်သည်တစ်ယောက်ရဲ့ ချပ်ဝတ်တန်ဆာ၊ လက်နက်ခဲယမ်းလိုမျိုး ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ ဒါ့ကြောင့် သင်ယူရင်း ရင့်ကျက်ရင်းနဲ့ အပြုံးချိုချို ပြုံးပြီး စကားချိုချို ပြောကာ လူချစ်လူခင်ပေါ်များတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ ဆန္ဒပြုရင်း ဒီစာတိုလေးတစ်ပိုဒ်ကို နိဂုံးချုပ်လိုက်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016