facebook tracking image
Steps to Becoming a Truly Successful Person
Personal Development

Steps to Becoming a Truly Successful Person

​အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်ဖို့...

လောကမှာ အအောင်မြင်ဆုံးလူသားဖြစ်ဖို့ဆိုရင်”လောကမှာကိုယ်တစ်ယောက်တည်းပြသနာတွေနဲ့ရင်ဆိုင်နေရတာမဟုတ်ပါဘူး။ လူတိုင်းပြသနာတွေနဲ့ရင်ဆိုင်နေရတယ်”ဆိုတာသိထားရပါမယ်။

ကြိုးစားနေတဲ့လူတွေဟာ မကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေရရင်တောင် ကောင်းကွက်ကိုရှာပြီးဘဝအောင်မြင်ဖို့အတွက် အသုံးချတတ်ကြပါတယ်။လူတွေဟာ အောင်မြင်နေတဲ့အချိန်ထက် ခက်ခဲနေတဲ့အချိန်မှာ ကိုယ့်ရဲ့အားသာချက်၊အားနည်းချက်တွေကိုမြင်တတ်ကြပါတယ်။ ခက်ခဲတဲ့အချိန်မှာ ကြိုးစားရုန်းကန်နေရလို့ပိုပြီးကြံ့ခိုင်သန်မာလာစေပါတယ်။ ဒါပေမယ့် ပြဿနာတွေနဲ့ကြုံရတဲ့အခါမှာ လူတွေဟာမပျော်နိုင်ကြတော့ပါဘူး။ ပြသနာတွေဟာ ဘဝမှာမဖြစ်မနေကြုံတွေ့ရမယ့် အစိတ်အပိုင်းတွေဖြစ်တာကြောင့် ကြိုးစားကျော်ဖြတ်ရာမှာ အောက်ပါအချက် ၃ ချက်ကိုသိထားဖို့လိုပါတယ်။

(၁) ဘဝဆိုတာစာမေးပွဲဖြစ်ပြီး လူတိုင်းမှာပုစ္ဆာကိုယ်စီရှိကြပြီး ဒီပုစ္ဆာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကိုယ့်ပြသနာမှာ ပိုကြီးတယ်လို့မထင်ရအောင် ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို ကြည့်တတ်ဖို့လိုပါတယ်။ ကိုယ့်ထက်ပိုဆိုးဝါးခက်ခဲတဲ့လူတွေရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်ခက်ခဲတဲ့အချိန်မှာ ပိုမိုရုန်းကန်နေနိုင်ရပါမယ်။ ပြသနာတွေကိုကျောခိုင်းမသွားပဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်ပါ။

(၂) တစ်ချိန်ကကိုယ်အောင်မြင်အောင်ကြိုးစားခဲ့ရတဲ့အချိန်တွေကို သတိရပါ။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ပြသနာအခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ဖြေရှင်းခဲ့တယ်၊အောင်မြင်သွားတဲ့အခါ ခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေကိုသတိရပြီး နောင်ကြုံတွေ့လာရမယ့် ပြသနာအသစ်အတွက် ရင်ဆိုင်ဖို့အားမွေးရပါမယ်။

(၃) လူတွေဟာအောင်မြင်မှုဆိုတဲ့အရာထက် ကျရှုံးမှုဆိုတဲ့အရာဆီက ပိုပြီးသင်ယူတတ်မြောက်ကြတယ်ဆိုတာကို သဘောပေါက်ထားရပါမယ်။ ဈေးကြီးပေးရတဲ့ပစ္စည်းဟာ ပိုပြီးတန်ဖိုးရှိသလို ကိုယ့်ရဲ့အချိန်၊ငွေ၊ပညာ၊ကြိုးစားမှုတွေပေးပြီး ရလာတဲ့အတွေ့အကြုံတွေကပိုပြီးတန်ဖိုးရှိပါတယ်။ အောင်မြင်သူတွေဟာ ကျရှုံးမှာကိုမကြောက်ကြပါဘူး။ မကျရှုံးဘူးသေးတဲ့သူဆိုတာ ဘာမှမလုပ်ရသေးတဲ့သူဖြစ်ပါတယ်။ ပြသနာတွေနဲ့ကျရှုံးမှုတွေကြုံတွေ့ဖူးမှ လောကနှင့်ပတ်ဝန်းကျင်ကို အမြင်မတူတဲ့ ရှုထောင့်ကကြည့်ပြီး အောင်မြင်မှုခရီးလမ်းကို ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းဟာပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့စိန်ခေါ်မှုတွေကို သတိတရရှိနေရပါမယ်။ လူတွေဟာအောင်မြင်မှုဆိုတဲ့အရာထက် ကျရှုံးမှုဆိုတဲ့အရာဆီက ပိုပြီးသင်ယူတတ်ရတယ်ဆိုတဲ့ အချက် (၃)ချက်ကို နားလည်လက်ခံလိုက်နာနိုင်ရင် လောကမှာ အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016