facebook tracking image
The Importance of LinkedIn
Personal Development

The Importance of LinkedIn

လူတိုင်းနီးပါး Facebook နဲ့ Instagram ကိုအမြဲအသုံးပြုတဲ့ ဒီခေတ်ကြီးမှာ Social Media ဆိုတာ လူကြီး၊ လူငယ်မရွေး ရင်းနှီးနေတဲ့ ဝေါဟာရတစ်ခုုပါ။ ကိုယ့်ရဲ့ Personal Life အတွက် အပျော်အနေနဲ့ Facebook, Instagram, Twitter စတဲ့ Social Media တွေကိုဘဲ အဓိကထားပြီး အသုံးပြုရာကနေ ကိုယ့်ရဲ့ Work Life, Professional Life အတွက် အရေးပါတဲ့ သင်ယူစရာတွေအများကြီးရှိတဲ့ Professional ဆန်တဲ့ Social Media တွေကိုုလည်း အပြောင်းအလဲအနေနဲ့ အသုုံးပြုသင့်ပါတယ်။ ဒီနေ့ကတော့ Professional Networking Site တစ်ခုဖြစ်တဲ့ LinkedIn အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ 

ပထမဦးဆုံးအနေနဲ့ Linkedln ဆိုတာ ကိုယ့်ရဲ့ Professional Life, Work Life ကိုကိုယ်စားပြုပေးမယ့် Professional Networking Site တစ်ခုဖြစ်ပါတယ်။ LinkedIn မှာ ကိုယ့်ရဲ့ Working History, Background Experience, အလုပ်အကြောင်းနဲ့သက်ဆိုင်တဲ့ ကိုယ့်ရဲ့သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကို အကျယ်တဝင့်ဖော်ပြထားနိုင်တဲ့ Professional Networking Site တစ်ခုပါ။ Company တွေ၊ Employer တွေ၊ Employee တွေနဲ့ပြည့်နေတဲ့ Site တစ်ခုဖြစ်တယ်ဆိုရင်လဲမမှားပါဘူး။ Employer တွေ၊ Company တွေကတော့ ကိုယ့်ကုမ္ပဏီ (သို့မဟုတ်) Organization မှာလိုအပ်နေတဲ့ Job Vacancy ကြော်ငြာထားပြီး Employee တွေအတွက်ကတော့ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်အကိုင်ကို ရှာဖွေနိုင်ပါတယ်။ 

LinkedIn အသုံးပြုတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ? 
ဒီလိုကိုယ့်ရဲ့ Work Life, Professional Life Profile ကို အကျယ်တဝင့်ဖော်ပြထားလို့ရတဲ့အတွက် Company တစ်ခုမှ Candidate ရှာဖွေတဲ့အခါ ကိုယ့်ကိုအလွယ်တကူရှာတွေ့နိုင်အောင် ကိုယ့်ရဲ့ Profile ကို Upload လုပ်ထားလို့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ 96% သော Recruiter တွေက Linkedln ကနေ ၄င်းတို့ကုမ္ပဏီအတွက် Candidate တွေကိုရှာဖွေနေလို့ဘဲဖြစ်ပါတယ်။ တချို့ Company တွေရဲ့ HR တွေကလည်း Linkedln ကိုအသုံးပြုပြီး ရှာဖွေကြလေ့ရှိပါတယ်။ 

ဒါ့အပြင် ကိုယ်ကအလုပ်ရှာဖွေချင်တဲ့အခါလည်း ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့၊ ကိုယ်အလုပ်လုပ်ချင်တဲ့ကုမ္ပဏီ (သို့မဟုတ်) Organization က Job Vacancy တွေကို အလွယ်တကူရှာဖွေနိုင်ပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ 

LinkedIn ရဲ့အဓိကအချက်ကတော့ Social Media တွေလိုဘဲ ချိတ်ဆက်မှုတစ်ခုပါဘဲ။ ကိုယ့်သူငယ်ချင်းတွေနဲ ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ကိုယ့်သူငယ်ချင်းတွေ ဘယ် company မှာ၊ ဘယ်လို level နဲ့ အလုပ်လုပ်နေပြီဆိုတာကို Up to Date အလွယ်တကူသိရမှာပါ။ ဒါတွေကို ကြည့်ပြီးတော့ ကိုယ်ဘာကိုဆက်တက်ရမယ်၊ Career Development အတွက်ရှေ့ဆက်ရမယ့် Future Plan ကိုလည်း ကြိုတင် Plan ချထားနိုင်မှာပါ။ 

ဒါ့အပြင် LinkedIn မှာ Technology, Engineering, Sales & Marketing စတဲ့ နယ်ပယ်မျိုးစုံအတွက် Study Group တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် Professional သမားတွေတင်မဟုတ်ဘဲ စာပေလေ့လာနေတဲ့ကျောင်းသားတွေအတွက်ပါ အကျိုးရှိစေတဲ့ Social Network ဆိုရင်လည်း မမှားပါဘူး။ LinkedIn ကို နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေ၊ အောင်မြင်သူတွေကလည်း အသုံးပြုကြတဲ့အတွက် ကျွန်တော်တို့လေးစားအားကျရသူတွေနဲ့ အလွယ်တကူချိတ်ဆက်ရင်းနှီးနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ 

ဘယ်လိုအသုံးပြုရမလဲ? 
မိမိ ဖုန်းနဲ့ဘဲဖြစ်ဖြစ်၊ Web နဲ့ဘဲဖြစ်ဖြစ် အလွယ်တကူအသုံးပြုလို့ရပါတယ်။ မိမိဖုန်းမှာ Facebook သုံးသလိုဘဲ အလွယ်တကူ LinkedIn Application ကို Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အရေးအကြီးဆုံးက Profile Picture ကို Professional ဆန်ဆန်သုံးပေးခြင်းဖြင့်လဲ မိမိဟာ ကိုယ်လုပ်နေတဲ့အလုပ်အကိုင်ပေါ်မှာ ဘယ်လိုအလေးထားသလဲဆိုတာကိုလဲ ပေါ်လွင်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဆီမှာရရှိထားတဲ့ဘွဲ့တွေ၊ Professional Qualification ဖြစ်တဲ့ Diploma တွေ Certificate တွေ၊ ကိုယ်ကျွမ်းကျင်တဲ့ Skill တွေကို Upload လုပ်ထားလို့ရပါတယ်။ သင့်ရဲ့ Contact Email ကိုဖော်ပြပေးထားရုံနဲ ့သင်အလုပ်ရှုပ်နေလို့ LinkedIn မသုံးနိုင်ရင်တောင် သင့်ဆီကို ဆက်သွယ်ချင်တဲ့လူက Email နဲ့ သင့်ဆီကိုတိုက်ရိုက်ဆက်သွယ်နိုင်မှာပါ။ ကိုယ်အသုံးပြုနေကျဖြစ်တဲ့ Email Address ကိုရေးထားဖို့တော့ အကြံပေးချင်ပါတယ်။ 

Company တွေဘက်ကရော ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်မလဲ? 
Company တွေကလဲ ဒီလို LinkedIn သုံးခြင်းဖြင့် Professional Candidate တွေ၊ Company အတွက်အသင့်တော်ဆုံး ကျွမ်းကျင်ဝန်ထမ်းကောင်းတွေကို အသက်သာဆုံးနဲ ့ အချိန်တိုအတွင်းမှာ အမြန်ဆုံးရှာဖွေနိုင်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ Company ကိုလဲ လူသိများလာမှာဖြစ်ပြီး အကျိုးအမြတ်တွေကို ရရှိစေနိုင်မှာ အသေချာပါဘဲ။ 

အထက်ဖော်ပြပါအချက်တွေကို ကောင်းကောင်းသိရှိထားခြင်းအားဖြင့် မိမိရဲ့ LinkedIn Profile ကို သေချာ Create လုပ်ထားနိုင်မှာလဲဖြစ်ပါတယ်။ Job Opportunity ကောင်းများကို အမြန်ဆုံးလက်ခံရရှိစေဖို့အတွက် ကိုယ့်ရဲ့ Profile မှာ အချက်အလက်ပြည့်စုံအောင်ဖြည့်ထားကြပါစို့။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016