facebook tracking image
The Overlooked Burdens I Didn't Realize
Personal Development

The Overlooked Burdens I Didn't Realize

သတိမထားမိလိုက်တဲ့ စိတ်ပင်ပန်းစရာ Source အပိုင်းအစလေးများ

Spiritual Values & Material Values 

အခုလို တိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှု (Competition) ပိုမိုပြင်းထန်လာကြပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့နယ်ပယ်အသီးသီးမှာ သူ့ထက်ငါအသာရရေးအတွက် ကြိုးစားလာကြပါတယ်။ ဒါပေမယ့် Competition ဟာနေရာမှန်ဖို့တော့လိုအပ်ပါတယ်။ လူတွေက များသောအားဖြင့် Spiritual Values ထက် Material Values ကိုပိုပြီးအလေးထားလာကြပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ရင့်ကျက်တည်ငြိမ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သိတတ်နားလည်မှု အစရှိသဖြင့် (Spiritual Values) အစား သူကတော့ဖြင့် ဘယ်ကုမ္ပဏီမှာ ဘယ်ရာထူးနဲ့လစာဘယ်လောက်ရနေတယ်၊ မိသားစု Background ကဖြင့် ဘယ်လောက်ထိ Strong ဖြစ်တယ်၊ ဘယ်လိုမျိုး Branded ပစ္စည်းမျိုးကိုမှ သုံးတယ် အစရှိသဖြင့် (Material Values) အပေါ်မှာပိုပြီးအာရုံစိုက်လာကြပါတယ်။ ငွေ၊ ဂုဏ်၊ ပကာသနတွေအစရှိတဲ့ Material Values နောက်ကိုလိုက်ရင်း ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေဝင်လာကြပါတယ်။ Mindset တွေ Attitude တွေပြောင်းလဲလာပြီး ကိုယ်ဖြစ်ချင်တဲ့အရာမဖြစ်တာမျိုး၊ ကိုယ်လိုချင်တဲ့အရာမရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတဲ့အခါမှာ လိုတာထက်ပိုပြီး Depression တွေဝင်နေကြတယ်။ အဲ့ဒီအတွက်ကြောင့်မို့ Outer World မှာရှိတဲ့ Material Values တွေအပေါ် အလွန်အမင်း Focus မလုပ်ဘဲ Inner World မှာရှိတဲ့ Spiritual Values ကိုလည်းတန်ဖိုးထားဖို့အကြံပြုအပ်ပါတယ်။ 

Depression & Self-Satisfaction 

Depression ကိုကျော်လွှားနိုင်ဖို့ Self-Satisfaction က အရေးကြီးတဲ့အချက်တစ်ချက်ဆိုတာကို မေ့လို့မရပါဘူး။ ပတ်ဝန်းကျင်မှာလူတွေအမျိုးမျိုးရှိတဲ့အတွက် သူတို့ရဲ့ကောင်းတဲ့ဝေဖန်ချက် ဒါမှမဟုတ် ဆိုးတဲ့ဝေဖန်ချက်အပေါ်မှာ လိုတာထက်ပိုပြီး စိတ်ခံစားချက်ထားမယ်ဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းရပါလိမ့်မယ်။ အဓိကအားဖြင့် Negative Comments တွေအပေါ်မှာဝမ်းနည်းတာပဲဖြစ်ဖြစ်၊ ဒေါသထွက်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်ပြင်းထန်နေမယ်ဆိုရင် အပြောခံရတဲ့ကိုယ့်အဖို့ လုပ်သင့်လုပ်ထိုက်တာတွေနှောင့်နှေးပြီး အချိန်လည်းကုန်သလို စိတ်ဓာတ်ကြံ့ခိုင်မှုမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ လူတစ်ယောက်စီဟာ မတူညီတဲ့ပတ်ဝန်းကျင်အသီးသီးမှာ ရှင်သန်နေကြရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အတွေးအခေါ်တွေ ကွဲပြားကြပါတယ်။ အဲ့ဒီအတွက်ကြောင့် လူတွေရဲ့ထင်မြင်ချက်အမျိုးမျိုးကို အမှားအမှန်ဆင်ခြင်သုံးသပ်ပြီး ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အရာကို အကောင်းဆုံးဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့တစ်ချက်က Comment ပေးတဲ့သူနေရာမှာ ကိုယ်သာဖြစ်မယ်ဆိုရင် တစ်ဖက်လူအတွက် တကယ်အကျိုးရှိစေမယ့် စကားမျိုးကိုပဲပြောဖို့ သတိပြုစေချင်ပါတယ်။ လူတွေဟာဆိုရင် တဖြည်းဖြည်းနဲ့ Third Person တစ်ယောက်အကြောင်းကို ပြောတဲ့နေရာမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်အပေါ်မူတည်ပြီး လက်လွတ်စပယ် ပြောမိတတ်ကြပါတယ်။ နောက်ဆက်တွဲကတော့ အချင်းချင်းနားလည်မှုလွဲပြီး မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်တတ်တဲ့အပြင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပါထိခို်က်စေပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပြောလိုက်တဲ့စကားက မည်သူတစ်ဦးတစ်ယောက်ကိုမှ အကျိုးမရှိစေမယ့်အရာဆိုရင် မပြောမိစေဖို့လိုပါတယ်။ 

Live in Your Own Time Zone ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေတောင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ စံတေ်ာချိန်တွေမတူကြဘူးမဟုတ်လား။ ထိုနည်းတူ လူတစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင် Time Zone တစ်ခုချင်းစီရှိပါတယ်။ ဥပမာ လုပ်ငန်းခွင်မှာ ကိုယ့်အထက်ကသူက ကိုယ့်ထက်အသက်ငယ်နေတာမျိုး၊ ကိုယ်နဲ့ သက်တူရွယ်တူမိတ်ဆွေတစ်ချို့က ကိုယ်ပိုင်လုပ်ငန်းအသီးသီးလုပ်ရင်း အတိုင်းအတာတစ်ခုထိအောင်မြင်နေတာမျိုး၊ တစ်ချို့သောသူတွေက ကျောင်းပြီးပေမယ့် တော်တော်ကြာတဲ့အထိ အလုပ်မရသေးတာမျိုးအစရှိသဖြင့် အခြေအနေ၊ အကြောင်းအရာ၊ အနေအထားအမျိုးမျိုးရှိတဲ့အတွက် ကိုယ်နဲ့သက်တူရွယ်သူတွေ ကိုယ့်ထက်အောင်မြင်နေလည်း စိတ်ဓာတ်ကျအားငယ်စရာ မလိုသလို၊ ကိုယ့်ထက် နောက်ကောက်ကျနေတဲ့သူတွေကိုလည်း အထင်သေးတဲ့မျက်လုံးနဲ့ မကြည့်မိဖို့ အရေးကြီးပါတယ်။ အဓိကစဉ်းစားရမယ့်အရာက ကိုယ်ဘာလုပ်ချင်လဲ၊၊ ဘာလုပ်နေလဲ၊ လမ်းကြောင်းမှန်ပေါ်ရောက်နေလား အစရှိသဖြင့်စဉ်းစားပါ။ မိမိကိုယ်ကို ဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ရဲ့နေ့ရက်တိုင်းကို မနေ့ကထက် ပိုကောင်းအောင်ကြိုးစားပါ။ Comfort Zone မှာမနေပါနဲ့။ နေ့စဉ်ကြိုးစားအားထုတ်မှုတွေဟာ သင်လိုချင်တဲ့ရည်မှန်းချက်ကိုရောက်အောင်ပို့ပေးနိုင်တဲ့ လှေကားထစ်တွေပါပဲ။ 

အခုဖော်ပြသွားတဲ့အချက်လေးတွေကိုဖတ်ရင်း မလိုလားအပ်တဲ့စိတ်ပင်ပန်းစရာတွေကင်းဝေးပြီး လိုရာခရီးကိုစိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ 

မှတ်ချက် ။ ။ အကြောင်းအရာတစ်ချို့ကို ဆရာတော်ဦးဇောတိက၏ စိတ်နှလုံးရွှင်လန်းစေဖို့စာအုပ်မှ ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။