facebook tracking image
How to Prepare Yourself for Growth and Change in Your Career
Personal Development

How to Prepare Yourself for Growth and Change in Your Career

ကျွန်တော်တို့ ဝန်ထမ်းတွေမှာ ကိုယ့်ကိုယ်ကို အမြဲပြန်မေးလေ့ရှိတဲ့ မေးခွန်းတွေရှိပါတယ်။ အဲ့ထဲက တစ်ခုကတော့ မိမိဝန်ထမ်းဘဝမှာ အမြဲတိုးတက်ပြောင်းလဲနေဖို့ ဘာတွေ ပြင်ဆင်သင့်လဲဆိုတာပါပဲ။ အခုဖော်ပြမယ့် အချက် (၃) ချက်ကတော့ The State University of New York ကနေ Research လုပ်ထားတဲ့ထဲက ပြန်ကောက်နုတ်ထားပေးတာပဲဖြစ်ပါတယ်။

1. Education

တစ်ခါတစ်လေမှာ မိမိယူထားတဲ့ ဘွဲ့Degree နဲ့ ကိုယ်တကယ်တမ်း လုပ်ရတဲ့အလုပ်တွေဟာ ဆက်စပ်မှုမရှိတာတွေ ဖြစ်နေတတ်ပါတယ်။ လက်ရှိအလုပ်လိုအပ်ချက်အရသော်လည်းကောင်း နောက်ပြောင်းမယ့်အလုပ်အတွက်လည်းကောင်း Skill Set တွေ ထပ်ပြီးလေ့လာရမှာတွေက အမြဲရှိနေတတ်ပါတယ်။ ကိုယ်တကယ်စိတ်ဝင်စားတဲ့ Industry, Field ကို သေချာဆန်းစစ်ပါ။ အဲ့ဒီ Industry နဲ့ ပတ်သတ်တဲ့ Degree, Diploma, Certificate တွေကို လေ့လာသင့်ပါတယ်။ နောက်ပြီး Internal Training တွေတက်တာမျိုး၊ Workshop, Online Course, Soft Skills Training တွေဟာလည်း Professional Development အတွက် မရှိမဖြစ်ရွေးချယ်မှုတစ်ခုပါ။

2. Networking

ကျွန်တော်တို့ လုပ်ငန်းခွင် Society ကြီးဟာ တစ်ယောက်တည်းရပ်တည်ဖို့ အင်မတန်ခက်ပါတယ်။ မိမိလိုချင်တဲ့ Knowledge တွေ၊ ရှေ့ဆက်မယ့်အလုပ်အတွက် အထောက်အကူဖြစ်စေမယ့် အသိအကျွမ်းတွေ စသည်ဖြင့်၊ ဒီအရာတွေဟာ Networking ကနေ တဆင့်ရနိုင်ပါတယ်။ တစ်ခုနားလည်ထားသင့်တာက Networking ဆိုတာ ဘယ်နေရာမှာမဆိုရနိုင်ပါတယ်။ လက်ရှိတက်နေတဲ့ သင်တန်းကျောင်းကဖြစ်ဖြစ်၊ လက်ရှိလုပ်နေတဲ့အလုပ်က Colleagueတွေ၊ Networking Event တွေကိုတက်တာ စသည်ဖြင့် ဒီနေရာ‌တွေကနေ တဆင့်လည်း မိမိ Professional Development အတွက် အထောက်ကူဖြစ်စေပါတယ်။

3. Continuous Self-Improvement

ဘယ်တော့မှ လေ့လာတာ မရပ်သွားပါစေနဲ့၊ ကျွန်တော်တို့တွေ အားလုံးဟာ A to Zကနေပဲ စလာခဲ့ကြရတာပါ။ ဒီနေရာမှာ သတိချပ်ရမှာက ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တယ်ဆိုတာ သင်တန်းတွေ၊ ကျောင်းတွေ တက်နေမှမဟုတ်ပါဘူး။ ဘာသာစကားအသစ်တွေကို Online ကနေလေ့လာတာမျိုးတွေ၊ မိမိစိတ်ဝင်စားတဲ့ Topic တွေ၊ အလုပ်နဲ့ဆိုင်တဲ့ Blog တွေ၊ Video တွေကို Google, YouTube, Social Media တွေမှနေလည်း ဝင်လေ့လာနိုင်ပါတယ်။ နောက်ပြီး Self Improvement ကိုမစခင်မှာ၊ Self Awareness (ကိုယ်ဘာတွေထပ်လေ့လာဖို့လိုလဲဆိုတာအရင်သိသင့်ပါတယ်။)

အဆုံးသတ်အနေနဲ့ ကိုယ်လုပ်နိုင်သမျှလောက်ကိုပဲ လုပ်ပါ၊ Professional Developmentဟာ ဒီထက်မကကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ရောက်ရှိနေတဲ့အနေအထားမှာ ရောင့်ရဲပြီးရပ်တန့်နေလို့တော့ မရပါဘူး။ မိမိရဲ့ Resources and Limit ကို ဆန်းစစ်ပြီး Professional Development အတွက် အကောင်းဆုံး အသုံးချနိုင်ကြပါစေ။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016