facebook tracking image
Workplace and Mental Health: The Overlooked Aftermath of COVID-19
Personal Development

Workplace and Mental Health: The Overlooked Aftermath of COVID-19

ဂရုစိုက်သင့်တဲ့ COVID ကာလနောက်ဆက်တွဲရဲ့ လုပ်ငန်းခွင်နဲ့ Mental Health

​COVID ရောဂါရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ အချိန်အတော်ကြာ Work From Home လုပ်ရတဲ့အခါ လူတွေဟာ ကိုယ်နဲ့မရင်းနှီးတဲ့ New Normal ကြောင့် ခါတိုင်းထက် ၂ဆ‌ပိုပြီး စိတ်ဖိစီးကြတာကို မြင်‌တွေ့‌နေရပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ အိမ်ကနေ အလုပ်လုပ်ရတာ ပိုကောင်းသလို၊ ပိုအနားရသလို ထင်ကြ‌ပေမယ့် တကယ်တမ်း အိမ်မှာ Distractions တွေကြုံရတဲ့အခါ၊ ရုံးမှာလို ကိုယ့်ကိုစောင့်‌ကြည့်နေတဲ့သူတွေမရှိတဲ့အခါ အလုပ်လုပ်ချင်စိတ် Motivation ကို မွေးမြူရတာက ပိုလာတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို အချိန်တိုင်း Productive ဖြစ်ဖို့ ကြိုးစားရတာ ပိုခက်ခဲလာတဲ့အတွက် အရင်လို ရုံးပဲပြန်တက်ချင်တာလိုလို၊ အလုပ်သစ်ပဲရှာချင်တာလိုလို၊ Career Goal ပဲ ပျောက်လာသလိုလိုမျိုး မသိမသာ ခံစားလာကြရပါတယ်။ ဒါကို ဘာမှမလုပ်ဘဲထားမယ်ဆိုရင် Stress ကြောင့် ခါတိုင်းထက် စိတ်တိုလွယ်လာတာမျိုး၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်မျိုးနဲ့ Negative Impact တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ လုပ်ကြည့်သင့်တဲ့ Mental Health Care Tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Accept the reality
COVID ကြောင့် ဒုက္ခရောက်ရတာ တစ်ကမ္ဘာလုံးပါပဲ။ တချို့နိုင်ငံတွေဆိုရင် မြန်မာနိုင်ငံထက်တောင် ရောဂါကူးနှုန်း၊ သေနှုန်းတွေ မြင့်ပြီး အခုထက်ထိ နလန်မထူနိုင်‌ကြသေးပါဘူး။ ကိုယ်အသုံးမကျလို့ အလုပ်တွေမဖြစ်တာ မဟုတ်ဘဲ၊ ကိုယ်လုပ်နိုင်သလောက် လုပ်ရဲ့သားနဲ့ အလုပ်မဖြစ်တာတွေ ခဏခဏကြုံကြရမှာပါ။ တကယ်လို့ ကိုယ်က Sales Professional တစ်ယောက်ဆိုရင် Customer တွေဖက်ကနေ နေပြီးတွေးကြည့်ပါ။ ကိုယ်ကိုယ်တိုင်ဆိုရင်ရော အခုလို ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ ငွေရေးကြေးရေး စီမံခန့်ခွဲတာကို ပိုပြီးစနစ်တကျလုပ်ချင်မှာပဲ မဟုတ်လား? ဒါကြောင့် ခါတိုင်း သုံး၊ လေး၊ ငါးခု ဝယ်နေကျ Customer က တစ်ခု၊ နှစ်ခုလောက်ပဲ ဝယ်တော့တဲ့အခါ ကိုယ့်ရဲ့ Sales Skills တွေ မကောင်းတာမျိုးကြောင့် မဟုတ်ပဲ လက်ရှိအခြေအ‌နေကြောင့် ဆိုတာကို လက်ခံနိုင်ဖို့လိုပါတယ်။

Have a to-do-list
ဒီကာလမှ အလုပ်နဲ့ပတ်သက်ပြီး အချိန်ကိုစီမံခန့်ခွဲခွင့်က ကိုယ့်လက်ထဲမှာ ရှိနေပါတယ်။ အလုပ်မဖြစ်လို့ စိတ်ညစ်တယ်၊ စိတ်ညစ်တယ်ဆိုပြီး ဘာမှမလုပ်ဘဲထိုင်‌နေရင် ပိုစိတ်ညစ်ရတတ်ပါတယ်။ အဲဒီတော့ တစ်‌နေ့စာတစ်‌နေ့ ဘာ‌လေးပြီးအာင်လုပ်မယ်ဆိုတဲ့ List လေး ရှိထားတဲ့အခါ စိတ်လေဖို့၊ အချိန်ဖြုန်းဖို့ ရာခိုင်နှုန်းက နည်းသွားပါတယ်။ ပြီးတော့ Goal Setting လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ နောက်၂ နှစ်နေရင် မြင်ချင်တဲ့ ကိုယ့်ရဲ့ ပုံစံကို စိတ်ကူးနဲ့စဉ်းစားပြီး၊ တကယ်ဖြစ်လာဖို့ လုပ်ရမယ့် Task တွေကို စပြီး အကောင်အထည်ဖော်မယ်ဆိုရင် ကိုယ်တိုင်လည်း စိတ်ဓာတ်တက်ကြွလာမှာ ဖြစ်ပါတယ်။

Appreciate yourself
ရောဂါပိုးကြောင့် သေတဲ့လူတွေ သိန်းသန်းမက ရှိနေတဲ့အထဲမှာ ကိုယ်က ကျန်းကျန်းမာမာနဲ့ နေထိုင်စားသောက်နိုင်တာဟာ တကယ်တော့ ဆုလာဘ်ကြီးတစ်ခုပါပဲ။ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။ စိတ်ညစ်၊ စိတ်ဓာတ်ကျလာရင် ခန္ဓာကိုယ်မှာ ခုခံအားနည်းလာတတ်သလို၊ ဟော်မုန်းအပြောင်းအလဲလည်း ဖြစ်နိုင်ပါတယ်။ ဒီကာလက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးကိုပါ အထူးဆင်ခြင်ပြီး သေချာဂရုစိုက်မှသာ ဒီကပ်ဘေးကနေ ကျော်လွှားနိုင်မှာပါ။ အခုချိန်ထိ ရောဂါမဝင်အောင်၊ ပြင်းပြင်းထန်ထန် မနာမဖျားအောင် နေထိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါ။ ကိုယ့်ကိုယ်ကို ပိုပြီးချစ်ပါ။ အကောင်းမြင်စိတ်ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေမှ လုပ်နိုင်တဲ့ အရာတစ်ခုပါ။

Join the counseling sessions
တစ်ချို့က Free လုပ်ပေးတာလည်း ရှိသလို၊ အခကြေးငွေယူပြီး လုပ်ပေးတာလည်း ရှိပါတယ်။ သူတို့က ကိုယ်ပြောတာကို နားထောင်ပေးတယ်၊ စာနာပေးတယ်၊ နှစ်သိမ့်ပေးတယ်၊ နားလည်ပေးတယ် ပေါ့နော်။ အကြံပေးတာတွေ၊ Solution ပေးတာတွေတော့ လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ဘာကို သဘောပေါက်လာနိုင်လဲဆိုရင် "အခုလို ခံစားနေရတာက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတဲ့ စိတ်လေးကို ဖြစ်လာစေတဲ့အပြင် တစ်စုံတစ်ယောက်ကို ပြောပြလိုက်ရတဲ့အတွက် စိတ်ထဲမှာ တစ်နည်းတစ်ဖုံ ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Mental Health ကို သေချာဂရုစိုက်ဖို့ လိုနေပြီဆိုရင်တော့ Professional တွေနဲ့ Counselling လုပ်ပြီး ဆွေးနွေးကြည့်ဖို့ အကြံပေးလိုပါတယ်။

ဖော်ပြခဲ့တဲ့ အချက်လေးတွေကို လုပ်ကြည့်ရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ Physical Health, Mental Health တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016